𝐀𝐝𝐦𝐢𝐧 𝐚𝐧𝐝 𝐇𝐑 𝐎𝐟𝐟𝐢𝐜𝐞𝐫 ရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်း

ထိုင်းနိုင်ငံရောက် မြန်မာပြည်သူ/သားများအတွက် 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ) မှ လုပ်ဆောင် လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးလုပ်ငန်းများ၊ ဥပဒေရေးရာ အထောက်အကူပြုလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများနှင့် အခြားသော လူမှုအကျိုးပြုလုပ်ငန်းများအား ပိုမို ထိရောက်စွာ အကောင်အထည်ဖော်‌ ဆောင်ရွက်လျက်ရှိသည့် ကျွန်ုပ်တို့အဖွဲ့အစည်း၏ နေ့စဉ်ရုံးလုပ်ငန်း လည်ပတ်မှုများ၊ လူ့စွမ်းအား အရင်းအမြစ် (𝗛𝘂𝗺𝗮𝗻 𝗥𝗲𝘀𝗼𝘂𝗿𝗰𝗲, 𝗛𝗥) ဆိုင်ရာ လုပ်ငန်းစဉ်များကို စနစ်တကျ ကိုင်တွယ်ကြီးကြပ်နိုင်ရန်နှင့် အမှုဆောင် ဒါရိုက်တာ (𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿, 𝗘𝗗) ၏ လုပ်ငန်းတာဝန်များကို ဘက်စုံမှ ပံ့ပိုးကူညီပေးနိုင်ရန်အတွက် လုပ်ငန်းအတွေ့ အကြုံရှိပြီး တက်ကြွထက်မြက်သော “စီမံခန့်ခွဲရေးနှင့် လူ့စွမ်းအားအရင်းအမြစ်အရာရှိ” (𝗔𝗱𝗺𝗶𝗻 𝗮𝗻𝗱 𝗛𝗥 𝗢𝗳𝗳𝗶𝗰𝗲𝗿) ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူကာ ရှာဖွေလျက်ရှိပါသည်။

ရာထူး 𝗔𝗱𝗺𝗶𝗻 𝗮𝗻𝗱 𝗛𝗥 𝗢𝗳𝗳𝗶𝗰𝗲𝗿

လျှောက်လွှာလက်ခံမည့်ကာလ ၂.၀၆.၂၀၂၆ မှ ၇.၀၆.၂၀၂၆ အထိ

စီမံကိန်းကာလ ၂၀၂၆၊ ဇွန်လ မှ ၂၀၂၇၊ မေလ အထိ (တနှစ်)

နေရာ မဲဆောက်

အစမ်းခန့်ကာလ ၃လ

အစမ်းခန့်လစာ ၁၈,၀၀၀ ဘတ်

ပုံမှန်လစာ ၂၀,၀၀၀ ဘတ်

အစီရင်ခံရမည့်သူ 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿

ခန့်အပ်မည့် ပုံစံ အချိန်ပြည့် (လူကိုယ်တိုင်)

ခန့်အပ်မည့်ဦးရေ ၁ ဦး

လုပ်ဆောင်ရမည့်တာဝန်များ

—————————-

Blossom Future ၏ လုပ်ငန်းများတွင်

● လစ်လပ်ဝန်ထမ်း ခေါ်ယူခြင်းဆိုင်ရာ လုပ်ငန်းစဉ် တစ်ခုလုံး (အလုပ်အကိုင် ကြေငြာစာ ပြင်ဆင်ခြင်းမှ ကြေငြာ ခြင်း၊ လျှောက်ထားသူများ၏ ကိုယ်ရေးရာဇဝင်များအား စိစစ်ခြင်း၊ လူတွေ့စစ်ဆေးခြင်းများနှင့် ဝန်ထမ်းအသစ် များအတွက် လုပ်ငန်းခွင်အကြို မိတ်ဆက်ခြင်း) ကို တာဝန်ယူ ဆောင်ရွက်ခြင်း

● ဝန်ထမ်းများ၏ ကိုယ်ရေးမှတ်တမ်းများ၊ ရုံးတက်ရက်များ၊ ခွင့်ရက်မှတ်တမ်းများနှင့် အခြားအချက်အလက်များကို စနစ်တကျ သိမ်းဆည်းရန်

● မဲဆောက်ရုံးရှိ ဝန်ထမ်းများ၏ ဗီဇာသက်တမ်းများ၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) များ အခြေ အနေနှင့် ထိုင်းအာဏာပိုင်များထံ တင်ပြရမည့် စာရွက်စာတမ်းများ (ဥပမာ- ရက် ၉၀ အစီရင်ခံခြင်း၊ TM30 ဖြည့်စွက်ခြင်း) ကို စောင့်ကြည့်စစ်ဆေးရန်

● လစဉ် ဝန်ထမ်းလစာစာရင်း (Payroll) များ တွက်ချက်ခြင်းနှင့် ခရီးသွားလာရေးဆိုင်ရာ စရိတ်စကများ၊ အဖွဲ့ အစည်း၏ ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ ပြင်ဆင်ဆောင်ရွက်ရန်

● ဝန်ထမ်းများ၏ HR မူဝါဒဆိုင်ရာ မေးမြန်းချက်များနှင့် လုပ်ငန်းခွင်စည်းကမ်းချက်များကို အဓိက ရှင်းလင်း ဖြေကြားပေးမည့်ပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ရန်

● ရုံးသုံးပစ္စည်းများ ဝယ်ယူခြင်း၊ စာရင်းဇယားထိန်းသိမ်းခြင်းနှင့် မဲဆောက်အတွင်းရှိ လုပ်ငန်းပိုင်း၊ ရုံးပိုင်းဆိုင်ရာ ပြင်ပဝန်ဆောင်မှုပေးသူများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း အပါအဝင် နေ့စဉ်ရုံးလုပ်ငန်းများကို ကြီးကြပ်ရန်

● လုံခြုံရေး၊ သန့်ရှင်းရေးနှင့် ရုံးသုံးပစ္စည်းကိရိယာများ ထိန်းသိမ်းခြင်းတို့ကို ကြီးကြပ်ပြီး သန့်ရှင်း၍ ဘေးကင်း လုံခြုံသော လုပ်ငန်းခွင်ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးရန်

● ဝင်စာ/ထွက်စာများ၊ ရုံးတွင်းအချက်အလက်များနှင့် အရေးကြီးစာရွက်စာတမ်းများကို Digital စနစ်ဖြင့်လည်း ကောင်း၊ ရုံးဖိုင်တွဲများဖြင့်လည်းကောင်း စနစ်တကျ သိမ်းဆည်းရန်

● နယ်စပ်ဒေသတွင်း အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဝန်ထမ်းများ၏ နယ်မြေဆင်းခရီးစဉ်များနှင့် ယာဉ်အသုံးပြုမှု အစီအစဉ်များကို ညှိနှိုင်းစီစဉ်ရန်

● အမှုဆောင်ဒါရိုက်တာ၏ တနေ့တာအစီအစဉ်များ၊ အရေးကြီးသောချိန်းဆိုမှုများနှင့် ဆက်သွယ်မှုများကို စနစ် တကျ စီမံခန့်ခွဲပေးရန်

● ရုံးတွင်း/ရုံးပြင် အရေးကြီးအစည်းအဝေးမှတ်တမ်းများ၊ ရုံးစာများနှင့် တင်ပြချက်များကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် တိကျစွာ ရေးသားကာ မှတ်တမ်းပြုစုရန်

● အမှုဆောင်ဒါရိုက်တာနှင့် ရုံးတွင်းဌာနများ၊ ပြင်ပနယ်စပ်အခြေစိုက်အဖွဲ့အစည်းများ (CBOs)၊ မိတ်ဖက်အဖွဲ့ အစည်းများနှင့် အဆင်ပြေချောမွေ့စွာ ဆက်သွယ်နိုင်ရန် ပေါင်းစပ်ညှိနှိုင်းပေးရန်

● ဝန်ထမ်းစာချုပ်၊ လုပ်ငန်းစာချုပ်နှင့် အဖွဲ့အစည်းနှင့် ဝန်ထမ်းစာချုပ် ချုပ်ဆိုခြင်း၊ လုပ်ငန်းစာချုပ် ချုပ်ဆိုခြင်းများ ပြင်ဆင်ရန်

● လုပ်ငန်းစွမ်းဆောင်ရည်စံနှုန်းများ ချမှတ်ခြင်း၊ လက်ရှိအလုပ် လုပ်ကိုင်လျက်ရှိသော ဝန်ထမ်းများ၏ လုပ်ငန်း သဘာဝနှင့် ကိုက်ညီမည့် အဓိကလုပ်ဆောင်ရည်ညွှန်းကိန်းများ (Key Performance Indicators, KPIs) နှင့် လုပ်ငန်းစီမံချက်များကို ရေးဆွဲ၊ အကောင်အထည်ဖော်ပြီး စောင့်ကြည့်ရန်

● ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ပိုင်း၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ ဘာသာစကား လိုအပ်ချက်နှင့် လုပ်ငန်း ခွင် စိန်ခေါ်မှုများကို ပုံမှန်ဆန်းစစ်ပြီး အဖွဲ့အစည်းမှ ပံ့ပိုးကူညီပေးရမည့် ကဏ္ဍများကို ရှာဖွေဖော်ထုတ်ရန်

● ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရန်အတွက် ရုံးစိုက်ရာနှင့် လုပ်ငန်းလုပ်ကိုင်ရာဒေသဖြစ်သည့် မဲဆောက် အခြေအနေနှင့် ကိုက်ညီမည့် လုပ်ငန်းခွင်သင်တန်းများ၊ စည်းကမ်းလိုက်နာမှုဆိုင်ရာ ဆွေးနွေးပွဲများနှင့် လုံခြုံရေး ဆိုင်ရာ မွမ်းမံသင်တန်းများကို သက်ဆိုင်ရာ ဝန်ထမ်းများနှင့် ညှိနှိုင်းကာ စီစဉ်ကျင်းပပေးရန်

● နှစ်လယ်နှင့် နှစ်ချုပ် ဝန်ထမ်းလုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်ခြင်း (Performance Appraisal) လုပ်ငန်းစဉ် များကို စနစ်တကျ ကြီးကြပ်ရမည်ဖြစ်ပြီး၊ ဝန်ထမ်းများနှင့် အမှုဆောင်ဒါရိုက်တာအကြား ကောင်းမွန်သော တုံ့ပြန် ဆွေးနွေးမှုများ ဖြစ်ပေါ်စေရန် ပေါင်းစပ်ညှိနှိုင်းရန်

● စီမံကိန်းကာလများအတွင်း ဝန်ထမ်းများ၏ လုပ်ငန်းလုပ်ဆောင်နိုင်စွမ်းကို စောင့်ကြည့်ရမည်ဖြစ်ပြီး၊ လုပ်ငန်း ကြန့်ကြာမှုများရှိပါက လုပ်ငန်းခွင်အစီအစဉ်များကို ပြန်လည်ချိန်ညှိနိုင်ရန် အမှုဆောင်ဒါရိုက်တာထံ တိုက်ရိုက် တင်ပြရန်

● ရုံးတွင်းစည်းကမ်းချက်များ ချမှတ်ခြင်းနှင့် အဖွဲ့အစည်းမူဝါဒများ ပြင်ဆင်ရာတွင် ပါဝင်ရန်

● ရုံးတွင်းဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များအား အလျဉ်းသင့်သလို ကူညီဆောင်ရွက်ပေးရန်

အတွေ့အကြုံလိုအပ်ချက်

————————

● စီးပွားရေးစီမံခန့်ခွဲမှု (BBA/MBA)၊ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု (HRM)၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု (P.A) ဖြင့် ဘွဲ့တစ်ခုခု ရရှိထားသူအား ဦးစားပေးမည်။

● HR သို့မဟုတ် ထိုင်းအလုပ်သမားဥပဒေဆိုင်ရာ သင်တန်းဆင်းလက်မှတ် ရှိသူများကို ဦးစားပေးမည်။

● စီမံခန့်ခွဲရေး၊ HR သို့မဟုတ် အမှုဆောင်ဒါရိုက်တာများ၏အတွင်းရေးမှူးအဖြစ် အနည်းဆုံး လုပ်ငန်းအတွေ့အကြုံ (၁)နှစ်နှင့် အထက် ရှိရမည်။

● ထိုင်း-မြန်မာနယ်စပ်ရှိ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGO)၊ အခြေခံလူထုအဖွဲ့အစည်း များ (CBOs) တွင် လုပ်ကိုင်ခဲ့ဖူးသူများကို ဦးစားပေးစဉ်းစားမည်။

● မြန်မာဘာသာစကားကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည့်အပြင်၊ အင်္ဂလိပ်ဘာသာစကား (အပြော၊ အရေး၊ အဖတ်) ကို လုပ်ငန်းခွင်သုံးအဆင့် ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။ ရုံးစာများကို ဘာသာပြန်ဆို နိုင်စွမ်း ရှိရမည်။ (ထိုင်းဘာသာစကား အခြေခံပြောဆို/ရုံးသုံး နားလည်ပါက ပိုမိုဦးစားပေးမည်။)

● Microsoft Office (Word, Excel, PowerPoint) ကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ရမည်။ အသေးစိတ် အချက်အလက် များကို ဂရုစိုက်ပြီး အချိန်ကို စနစ်တကျ စီမံခန့်ခွဲနိုင်ရမည်ဖြစ်ပြီး၊ လုပ်ငန်းကိစ္စရပ်များ အချက်အလက်များကို ပြင်ပသို့ မပေါက်ကြားစေရန် လုံခြုံစွာ ထိန်းသိမ်းနိုင်သူ ဖြစ်ရမည်။

● လူအများနှင့် ပြောဆိုဆက်ဆံရာတွင် မျက်နှာဖော်ပြောရဲဆိုရဲသူ၊ ဆက်ဆံရေးပြေပြစ်ကောင်းမွန်ပြီး ပူးပေါင်းဆောင် ရွက်နိုင်သူ ဖြစ်ရမည်။ အကျင့်စာရိတ္တကောင်းမွန်ပြီး တာဝန်ယူမှုရှိသူ ဖြစ်ရမည်။

● အဖွဲ့အစည်းများတွင် ဝန်ထမ်းများ၏ လုပ်ငန်းလုပ်ဆောင်ချက်များကို ဆန်းစစ်ခြင်း၊ သင်တန်းများ စီစဉ်ပေးခြင်းနှင့် ဝန်ထမ်းအကဲဖြတ်ခြင်း လုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်ခဲ့ဖူးသည့် အတွေ့အကြုံ ရှိရမည်။

● အကြမ်းဖက်မှု (Violence) ၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment) ၊ ကလေး သူငယ်များအား အမြတ်ထုတ်မှု/စော်ကားမှု (Child Abuse) တို့အား ကျူးလွန်ဖူးသူမဖြစ်ရပါ။

● လူ့အခွင့်အရေး ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ ကျား/မ တန်းတူ အခွင့်အရေးကိစ္စရပ်များ၊ အမျိုးသမီး နှင့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးကိစ္စရပ်များတွင် သိရှိ နားလည်ပြီး လေးစားလိုက်နာသူဖြစ်ရမည်။

● ကား / ဆိုင်ကယ် မောင်းနှင်နိုင်သူအား ဦးစားပေးပါမည်။

လျှောက်လွှာတင်ရမည့်ပုံစံ

————————-

● မြန်မာဘာသာ (သို့) English ဘာသာဖြင့် ရေးသားထားသည့် Cover letter နှင့် CV Form အား contact@blossomfuture.org Email သို့ ပေးပို့ပေးပါရန်။

● Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။

● CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့ အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။

အသေးစိတ်မေးမြန်းလိုပါက :

𝗔𝗱𝗺𝗶𝗻 Officer

𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿/Signal Number–

+𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲

𝗘𝗺𝗮𝗶𝗹 – contact@blossomfuture.org

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!