စိတ်ဓါတ်စွမ်းရည်မြှင့်တင်မှုပိုင်းဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ရန် သင်တန်းသားခေါ်ယူခြင်း (𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗳𝗼𝗿𝗺 𝗳𝗼𝗿 𝗿𝗲𝘀𝗶𝗹𝗶𝗲𝗻𝗰𝗲 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝘄𝗼𝗿𝗸𝘀𝗵𝗼𝗽)

မင်္ဂလာပါခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ)မှ ကျန်းမာချမ်းသာကြပါစေကြောင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။

Blossom Future (ပွင့်သစ်ဝေ)အနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ အတွက် စိတ်ဓာတ်စွမ်းအား မြှင့််တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ဆွေးနွေးပွဲများအား ၂၀၂၅ခုနှစ် ဧပြီလမှ စတင်၍ လစဉ်ကျင်းပပြုလုပ်လျှက်ရှိရာ ၂၀၂၆ ဇွန်လအတွက် သင်တန်း ထပ်မံဖွင့်လှစ် သွားမည်ဖြစ်၍ သင်တန်းအား အမှန်တကယ် စိတ်ပါဝင်စားသော မည်သူမဆို တက်ရောက်နိုင်ရန် ယခုလျှောက်လွှာအား ဖြည့်သွင်းစာရင်းပေးနိုင်ပြီ ဖြစ်ပါသည်။

ရည်ရွယ်ချက်

————-

သင်တန်း၏ အဓိက ရည်ရွယ်ချက်အားဖြင့် မဲဆောက်မြို့အတွင်း ထွက်ပြေးရောက်ရှိလာကြသည့် မြန်မာပြည်သူများအတွက် စိတ်ဓါတ်စွမ်းရည်မြှင့်တင်ရန်နှင့် စိတ်ဓါတ်ခွန်အား၏ အရေးပါမှုအား နားလည်သဘောပေါက်ပြီး ပြည်သူအတွင်း အသိပညာပျံနှံ့စေရန် ရည်ရွယ်ပါသည်။

သင်တန်းဆိုင်ရာ အခြေခံအချက်အလက်

သင်တန်းအချိန်နှင့်နေ့ရက်

နေ့ရက် – ဇွန်လ ၆ ရက်၊ ၂၀၂၆ ခုနှစ်၊ (စနေနေ့)။

အချိန် – နံနက် ၉ နာရီခွဲမှ၊ ၁၂နာရီခွဲအထိ

သင်တန်းတည်နေရာ ။ ။ မယ်ပ၊ မဲဆောက်မြို့၊ တက်ခ်ခရိုင်။

သင်တန်းပေးမည့်ပုံစံ ။ ။ လူကိုယ်တိုင်။

သင်တန်းသားဦးရေ ။ ။ ၁၀ ဦး။

သင်တန်း လျှောက်ထားရန် Link – https://forms.gle/abRinwojEsnsMkWv9

ဆွေးနွေးပွဲတက်ရောက်ရန် လျှောက်ထားခြင်းနှင့်ပက်သက်၍ မေးမြန်းချက်များရှိပါက တာဝန်ခံ၏ အောက်ဖော်ပြပါ ဖုန်းနံပါတ်၊ Signal နှင့် Email များမှ တဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်

တာဝန်ခံ

Blossom Future (ပွင့်သစ်ဝေ)

Phone: +66 943 846 984

Signal No: +66 943 846 984

Email: mhpss@blossomfuture.org

လျှောက်ထားသူတစ်ဦးခြင်းစီအား အထူးကျေးဇူးတင်လျှက်

Blossom Future (ပွင့်သစ်ဝေ)

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!