အခမဲ့စိုက်ပျိုးရေးသင်တန်း အပတ်စဉ် (19)သင်တန်းပိတ်ပွဲ အခမ်းအနား

Blossom Future မှ ဦးစီးကျင်းပပြုလုပ်သော (၂၂) ရက်ကြာ အခမဲ့စိုက်ပျိုးရေးသင်တန်း ” အပတ်စဉ်-(၁၉) ပိတ်ပွဲအခမ်းအနားကို ၂၀၂၆ခုနှစ်၊ မေလ (၃၀) ရက်နေ့၊ ညနေ (၃) နာရီတွင် မဲဆောက်မြို့ ဟုံဖိုင် ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ယခုသင်တန်းအပတ်စဉ်တွင် သင်တန်းသား၊ သင်တန်းသူ အမျိုးသမီး သင်တန်းသူ (၃) ဦး နှင့် အမျိုးသား သင်တန်းသား (၁၁) ဦး စုစုပေါင်း (၁၄) ဦးတို့ သင်တန်းပြီးဆင်းခဲ့ကြသည်။ 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 မှ 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 မှ သင်တန်းသား/သူများ သင်တန်းဆင်းပြီးနောက် စိုက်ပျိုးရေးဖြင့် အလုပ်အကိုင် လုပ်နိုင်ကြရန် သင်တန်းဖွင့်သင်ကြားခြင်းမျိုးလည်း ရည်ရွယ်ကြောင်း၊ မိမိကိုယ်တိုင် ရပ်တည်နိုင်သော အလုပ်ကိုင် ရရှိအောင် စွမ်းဆောင်ရည်မြှင့်တင်ပေးသော သင်တန်းမျိုးလည်း ဖြစ်ကြောင်း၊ စိုက်ပျိုးရေး နှင့် စပ်ဆိုင်သော လုပ်ငန်းခွင်များတွင်လည်း ဆက်စပ်၍ ကိုယ်တိုင် စိုက်ပျိုးရပ်တည်နိုင်အောင်လည်း ကြိုးစားသင့်ကြောင်း၊ အလုပ်ကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက်လည်း 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 အနေဖြင့် ဖော်ဆောင်ပေးနိုင်ရန် ကြိုးစား၍ ဆောင်ရွက်ပေးကြမည်ဖြစ်ကြောင်း၊ သင်တန်းဆင်း ပြီးနောက် သင်တန်းသားအချင်းချင်း မောင်နှမကဲ့သို့တစ်ဦးနှင့် တစ်ဦးကူညီနိုင်သည်များကို ကူညီစေ ခြင်ကြောင်း၊ သင်တန်းသားဟောင်းအနေဖြင့် ယခင်က မြေလိုက်ချပေးသကဲသို့ နောက်မကြာမှီတွင် လည်း မြေငှားချထားပေးမည့်အစီအစဉ်များရှိသေး၍ ကိုယ်ပိုင်စိုက်ပျိုးလိုသူများ လျှောက်ထားနိုင် ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

သင်တန်းတာဝန်ခံမှ သင်တန်း၏ ရည်ရွယ်လိုရင်းဖြစ်သော စိုက်ပျိုးခြင်း နည်းစနစ်များကို ကိုယ်တိုင် စိုက်ပျိုးသိရှိပြီး မိမိတို့ စိတ်ဝင်စားသော စိုက်ပျိုးသီးနှံများ စိုက်ပျိုး၍ လုပ်ဆောင်နိုင်ကြပါစေကြောင်း နှင့် သင်တန်းသား/သူများအားလုံး သင်တန်းကာလအတွင်း စာတွေ့၊လက်တွေ့ သင်ကြားမှုများကို စိတ်ပါဝင်စားစွာနဲ့ လိုက်လံနားထောင် သင်ကြားပေးခြင်းကိုလည်း ကျေးဇူးတင်ကြောင်းပြောခဲ့ပါသည်။ နောင်တွင်လည်း လက်တွေ့စိုက်ပျိုးရာတွင် သိရှိလိုသည်များ၊ အခတ်အခဲများ၊ လိုအပ်သည့် အကူအညီများရှိပါက အတက်နိုင်ဆုံးကူညီမည်ဖြစ်၍ အချိန်မရွေးဆက်သွယ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

Farm Manager မှ သင်တန်းသားများအားလုံး သင်တန်းတက်ရောက်နေစဉ် သင်တန်းဆရာနှင့် ဆရာမတို့ သင်ကြားသည်များကို စိတ်ပါဝင်စားစွာ လိုက်ပါဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင် ကြောင်း၊ သင်တန်းပြီးဆုံးပြီးနောက် သင်တန်းမှ သင်ကြားထားသည့် ပညာရပ်များကို အသုံးပြု၍ လက်တွေ့အကောင်အထည်ဖော်နိုင်ပါစေကြောင်း၊ မကြာမှီ မြေလိုက်ချပေးမည့်အစီအစဉ်လည်း စတော့မည်ဖြစ်၍ အမှန်တကယ် စိုက်ပျိုးလိုသောသင်တန်းသားဟောင်းများ အနေဖြင့် လျှောက်ထား နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်းဆရာ မှ သင်တန်းသား/သူများ ၎င်းနှင့် အတူ အပင်ပန်းခံ၍ စိတ်ပါဝင်စားစွာ သင်ကြားလုပ်ဆောင်ခြင်းကြောင့် များစွာဝမ်းသာကြောင်း၊ သင်တန်းတက်ရောက်ပြီးနောက်တွင် မိမိတို့ သင်ကြားခဲ့သော အသိပညာ/အတက်ပညာကိုဝင်ငွေရရှိစေရန် ကြိုးစားလုပ်ကိုင်ကြရန်နှင့် နောက်နောင် လည်း စိုက်ပျိုးရေးနှင့် ပတ်သက်၍ လေ့လာလိုပါကလည်း ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း စသဖြင့် ပြောကြားခဲ့ပါသည်။

အလုပ်အကိုင်ရှာဖွေပေးရေးတာဝန်ခံမှလည်း အလုပ်အကိုင်ရှာဖွေပေးသည့် ဝန်ဆောင်မှုအကြောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သက်၍ သိရှိထားသင့်သည့် အကြောင်းအရာများကို ရှင်းပြခဲ့ ပါသည်။

ထို့နောက် သင်တန်းသူ၊သင်တန်းသား တစ်ဦးချင်းစီမှ သင်တန်း၏ အားနည်းချက်၊ အားသာချက်များ ဆွေးနွေး တင်ပြကြပါသည်။ သင်တန်းသူ၊သင်တန်းသားများအား သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့ ပြီးနောက် အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ သင်တန်းဆင်းပွဲကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

အခမဲ့အခြေခံစိုက်ပျိုးရေးသင်တန်း အပတ်စဉ် – (၁၈) သင်တန်းတွင် စိုက်ပျိုးရေးနည်းပညာ လက်တွေ့ စိုက်ပျိုးမှုနှင့် စိုက်ပျိုးရေးသင်ခန်းစာပို့ချမှုများသာမက မိမိတို့ ကိုယ်တိုင်စိုက်ပျိုးမှုမှ ရရှိလာသော အသီးအနှံများကို ထိုင်းနိုင်ငံ မဲဆောက်အတွင်းရှိ အခက်အခဲရှိသော မိသားစုများ နှင့် 𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 အားဖြန့်ဝေနိုင်ခဲ့ကြပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!