Vacancy Announcement: 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐋𝐢𝐚𝐢𝐬𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞𝐫

Blossom Future (ပွင့်သစ်ဝေ) is dedicated to providing humanitarian assistance, legal aid, healthcare support, and various social welfare services to the Myanmar community in Thailand. To enhance the effectiveness of our operations and ensure seamless coordination between Myanmar nationals, local authorities, Thai government agencies, and public service providers, we are seeking a dedicated and qualified professional […]
𝐒𝐭𝐫𝐨𝐧𝐠𝐞𝐫 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫: 𝐀 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲-𝐁𝐚𝐬𝐞𝐝 𝐏𝐞𝐚𝐜𝐞 𝐚𝐧𝐝 𝐉𝐮𝐬𝐭𝐢𝐜𝐞 𝐈𝐧𝐢𝐭𝐢𝐚𝐭𝐢𝐯𝐞 𝐟𝐨𝐫 𝐑𝐞𝐟𝐮𝐠𝐞𝐞𝐬 𝐢𝐧 𝐌𝐚𝐞 𝐒𝐨𝐭 𝐏𝐫𝐨𝐣𝐞𝐜𝐭 တွင် တာဝန်ထမ်းဆောင်ရန် 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐫 ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူခြင်း

𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 သည် ၂၀၂၁ ခုနှစ်မှ ယနေ့အထိ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာနိုင်ငံသားများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များဖြစ်သော နေရာထိုင်ခင်း၊ စားနပ်ရိက္ခာထောက်ပံ့ခြင်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ၊ အလုပ်အကိုင်ရှာဖွေပေးခြင်းနှင့် ကာကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းများအား ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိပါသည်။ 𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 ၏ စီမံကိန်းများအား အချိန်မှီ၊ သတ်မှတ်ထားသော လုပ်ငန်းရည်မှန်းချက်များ (Scope) နှင့် ဘတ်ဂျက်အတိုင်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် စီမံကိန်းများအား စီစဉ်ခြင်း၊ ညှိနှိုင်း ဆောင်ရွက်ခြင်းနှင့် ကြီးကြပ်အကောင်အထည်ဖော်ခြင်းများအား ဦးဆောင်ဆောင်ရွက်နိုင်မည့် 𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗠𝗮𝗻𝗮𝗴𝗲𝗿 ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူလျက်ရှိပါသည်။ ရာထူး 𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗠𝗮𝗻𝗮𝗴𝗲𝗿 လျှောက်လွှာလက်ခံမည့်ကာလ ၃၀.၀၅.၂၀၂၆ မှ ၀၇.၀၆.၂၀၂၆ အထိ စီမံကိန်း ကာလ […]
ထိုင်းစကားပြောသင်တန်းများတွင် သင်ကြားပေးရမည့် ဆရာ/ဆရာမများအတွက် လျှောက်လွှာ ခေါ်ယူခြင်း

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့နှင့် ထိုင်းနိုင်ငံရောက် မြန်မာပြည်သူ/သားများ၏ ကျန်းမာရေး၊ လုံခြုံရေး၊ အလုပ်အကိုင်ရှာဖွေရေး နှင့် နေ့စဉ်သွားလာလှုပ်ရှားမှုများတွင် လွယ်ကူအထောက်အကူပြုစေရန် ရည်ရွယ်လျက် 𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) မှ အခမဲ့ In-Person / အွန်လိုင်း ထိုင်းစကား ပြောသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ အဆိုပါ ထိုင်းဘာသာစကား သင်တန်းများတွင် သင်ကြားပေးနိုင်ရန် ထိုင်းဘာသာစကား သင်ကြားရေးအတွေ့အကြုံရှိ ဆရာ/ဆရာမများ လိုအပ်လျက် ရှိပါသည်။ ရာထူး 𝐓𝐡𝐚𝐢 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐓𝐫𝐚𝐢𝐧𝐞𝐫 လျှောက်လွှာလက်ခံမည့်ကာလ ၂၉.၀၅.၂၀၂၆ မှ ၇.၀၆.၂၀၂၆ အထိ စီမံကိန်းကာလ ၀၁.၀၆.၂၀၂၆ မှ ၃၀.၀၄.၂၀၂၇ အထိ နေရာ မဲဆောက် အစမ်းခန့်ကာလ ၃လ အစမ်းခန့်လစာ ၁၄,၀၀၀ ဘတ် ပုံမှန်လစာ ၁၆,၀၀၀ ဘတ် […]
𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐚𝐧𝐝 𝐂𝐮𝐥𝐭𝐮𝐫𝐚𝐥 𝐄𝐱𝐜𝐡𝐚𝐧𝐠𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫 ( သင်တန်း နှင့် ယဉ်ကျေးမှု ဖလှယ်ရေးအရာရှိ) ရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်း

ထိုင်းနိုင်ငံရောက် မြန်မာပြည်သူ/သားများအတွက် Blossom Future (ပွင့်သစ်ဝေ) မှ လုပ်ဆောင် လျက်ရှိသော လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများ၊ လူမှုဘဝဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူမှုအသိုက်အဝန်း အတွင်း အပြန်အလှန်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်စေရန် 𝗖𝗶𝘃𝗶𝗰 𝗢𝗿𝗶𝗲𝗻𝘁𝗮𝘁𝗶𝗼𝗻 နှင့် 𝗥𝗶𝗴𝗵𝘁𝘀 𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 များအား ဦးဆောင်သင်ကြားပေးခြင်း၊ 𝗛𝗼𝘀𝘁 𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗠𝗲𝗺𝗯𝗲𝗿𝘀 များနှင့် ပူးပေါင်းကာ 𝗖𝘂𝗹𝘁𝘂𝗿𝗮𝗹 𝗘𝘅𝗰𝗵𝗮𝗻𝗴𝗲 𝗘𝘃𝗲𝗻𝘁 များ စီစဉ်ဆောင်ရွက်ခြင်းတို့အား တာဝန်ယူလုပ်ဆောင်ပေးနိုင်မည့် 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗮𝗻𝗱 𝗖𝘂𝗹𝘁𝘂𝗿𝗮𝗹 𝗘𝘅𝗰𝗵𝗮𝗻𝗴𝗲 𝗢𝗳𝗳𝗶𝗰𝗲𝗿 ရာထူးအတွက် လျှောက်လွှာ များ ခေါ်ယူလျက်ရှိပါသည်။ ရာထူး 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗮𝗻𝗱 𝗖𝘂𝗹𝘁𝘂𝗿𝗮𝗹 𝗘𝘅𝗰𝗵𝗮𝗻𝗴𝗲 𝗢𝗳𝗳𝗶𝗰𝗲𝗿 လျှောက်လွှာလက်ခံမည့်ကာလ ၂၉.၀၅.၂၀၂၆ မှ ၇.၀၆.၂၀၂၆ အထိ စီမံကိန်းကာလ […]
အလုပ်အကိုင်ရှာဖွေပေးရေးအရာရှိဝန်ထမ်းခေါ်ယူခြင်း

ရာထူး – အလုပ်အကိုင်ရှာဖွေပေးရေး အရာရှိ (𝗝𝗼𝗯 𝗙𝗮𝗰𝗶𝗹𝗶𝘁𝗮𝘁𝗶𝗼𝗻 𝗢𝗳𝗳𝗶𝗰𝗲𝗿) အဖွဲ့အစည်း – ပွင့်သစ်ဝေ (𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞) တည်နေရာ – မဲဆောက်မြို့၊ ထိုင်းနိုင်ငံ Project ကာလ – ၄ လ (၀၁. ၀၆.၂၀၂၆ မှ ၃၀.၀၉.၂၀၂၆ အထိ) လစာ – လူတစ်ဉီးအား အလုပ်သွင်းပေးပါလျှင် ၆၀၀ ဘတ်နှုန်းဖြင့် တစ်လလျှင် လူ (၂၀)ဦး အလုပ်သွင်းပေးရပါမည်။ လျှောက်လွှာလက်ခံမည့် ကာလ – ၂၉.၅.၂၀၂၆ မှ ၇.၆.၂၀၂၆ အထိ အစီရင်ခံရမည့်သူ – 𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗠𝗮𝗻𝗮𝗴𝗲𝗿 𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) သည် ၂၀၂၄ ခုနှစ် ဧပြီလမှစတင်၍ ဆောင်ရွက်လျက်ရှိနေသော […]
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး လုပ်ငန်းစဉ်များအတွက် နှစ်သိမ့်ဆွေးနွေးသူ (𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐨𝐫) ရာထူးလျှောက်လွှာများ ခေါ်ယူခြင်း

ရာထူး MHPSS Counsellor လျှောက်လွှာလက်ခံမည့်ကာလ ၂၈.၀၅.၂၀၂၆ မှ ၇.၀၆.၂၀၂၆ အထိ စီမံကိန်းကာလ ၀၁.၀၆.၂၀၂၆ မှ ၃၀.၀၄.၂၀၂၇ အထိ နေရာ မဲဆောက် အစမ်းခန့်ကာလ ၃လ အစမ်းခန့်လစာ ၁၃,၀၀၀ ဘတ် ပုံမှန်လစာ ၁၅,၀၀၀ ဘတ် အစီရင်ခံရမည့်သူ Project Manager ခန့်အပ်မည့်ပုံစံ Full Time ( In Person) ခန့်အပ်မည့်ဦးရေ ၁ ဦး Blossom Future (ပွင့်သစ်ဝေ) သည် စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ ထောက်ပံ့မှုအစီအစဉ် (MHPSS Program) တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် တာဝန်ယူမှုရှိပြီး အရည်အချင်းပြည့်မီသော အကြံပေးသူတစ်ဦးကို ရှာဖွေနေပါသည်။ ဤအလုပ်အကိုင်သည် တစ်ဦးချင်းစီနှင့် လူ့အသိုင်းအဝိုင်းတို့၏ စိတ်ကျန်းမာရေး […]
လူ့အခွင့်အရေး အဆင့်မြင့်သင်တန်း အပတ်စဉ် (၂/၂၆) အတွက် သင်တန်းသားများခေါ်ယူခြင်း

နေ့စွဲ။ ။ မေလ (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ပွင့်သစ်ဝေ၊ လူ့အခွင့်အရေးအစီအစဉ်မှ ၂၀၂၆ ခုနှစ် ဇွန်လ (၈) ရက်နေ့မှ (၁၂) ရက်နေ့အထိ လူ့အခွင့်အရေးအဆင့်မြင့်သင်တန်း အပတ်စဉ် (၂/၂၀၂၆) အား Zoom Platform ကို အသုံးပြု၍ အွန်လိုင်းမှဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပါသည်။ လူ့အခွင့်အရေးဆိုင်ရာ အဆင့်မြင့်သင်တန်းဖြစ်သည့်အတွက် Blossom Future-ပ္ငင့်သစ်ဝေ (သို့မဟုတ်) အခြားသော လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုခုမှ ပေးအပ်သော လူ့အခွင့်အရေးအခြေခံသင်တန်း ပြီးမြောက်ထားသူများကိုသာ သင်တန်းသို့ လက်ခံခေါ်ယူသွားမည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ ယခုသင်တန်းအပတ်စဉ်သည် သင်တန်းရက်ရှည် (၅) ရက် [မြန်မာစံတော်ချိန် နံနက် ၉ နာရီ – ၁၂ နာရီ] ဖြစ်သည့်အတွက် သင်တန်းအချိန်ဇယားအတိုင်း တက်ရောက်နိုင်မည့်သူများသာ လျှောက်ထားပေးပါရန် လေးစားစွာ […]
𝐀𝐝𝐦𝐢𝐧 𝐚𝐧𝐝 𝐇𝐑 𝐎𝐟𝐟𝐢𝐜𝐞𝐫 ရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်း

ထိုင်းနိုင်ငံရောက် မြန်မာပြည်သူ/သားများအတွက် 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ) မှ လုပ်ဆောင် လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးလုပ်ငန်းများ၊ ဥပဒေရေးရာ အထောက်အကူပြုလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများနှင့် အခြားသော လူမှုအကျိုးပြုလုပ်ငန်းများအား ပိုမို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျွန်ုပ်တို့အဖွဲ့အစည်း၏ နေ့စဉ်ရုံးလုပ်ငန်း လည်ပတ်မှုများ၊ လူ့စွမ်းအား အရင်းအမြစ် (𝗛𝘂𝗺𝗮𝗻 𝗥𝗲𝘀𝗼𝘂𝗿𝗰𝗲, 𝗛𝗥) ဆိုင်ရာ လုပ်ငန်းစဉ်များကို စနစ်တကျ ကိုင်တွယ်ကြီးကြပ်နိုင်ရန်နှင့် အမှုဆောင် ဒါရိုက်တာ (𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿, 𝗘𝗗) ၏ လုပ်ငန်းတာဝန်များကို ဘက်စုံမှ ပံ့ပိုးကူညီပေးနိုင်ရန်အတွက် လုပ်ငန်းအတွေ့ အကြုံရှိပြီး တက်ကြွထက်မြက်သော “စီမံခန့်ခွဲရေးနှင့် လူ့စွမ်းအားအရင်းအမြစ်အရာရှိ” (𝗔𝗱𝗺𝗶𝗻 𝗮𝗻𝗱 𝗛𝗥 𝗢𝗳𝗳𝗶𝗰𝗲𝗿) ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူကာ ရှာဖွေလျက်ရှိပါသည်။ ရာထူး […]
𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) မှ ဧပြီ-မေ (၂) လစာ အတွက် ရိက္ခာဝေမည့်အကြောင်း သတင်းစကားပါးခြင်း

● ဇန်နဝါရီ ၊ ဖေဖော်ဝါရီ ၊ မတ်လ သတ်မှတ်ရက်များအတွင်း ရိက္ခာလျှောက်ထားခဲ့သူ လူဟောင်း ၊ လူသစ် များအတွက် ဧပြီ – မေ (၂) လစာကို ရိက္ခာပစ္စည်းများ မျှဝေပေးသွားမည် ဖြစ်ပါသည်။ ● (28-May-2026) ကြာသပတေး နှင့် (29-May-2026) သောကြာ (၂) ရက်တွင် ရိက္ခာဝေမျှပေးမည့် အစီအစဉ် အား ပြုလုပ်ပေး သွားမည် ဖြစ်ပါသည်။ Blossom Future (ပွင့်သစ်ဝေ) ၏ အိမ်လိုက်ဝေ ပေးသည့် အစီအစဉ်အား အောက်ဖော်ပြပါ သတ်မှတ်ထားသော (၇) နေရာများအတွက်သာ ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ ထိုနေရာများမှ အပ အခြားနေရာများသို့ ပို့ဆောင်ပေးမည့် အစီအစဉ် မရှိတော့ပါကြောင်းကို လေးနက်စွာ အသိပေးအပ်ပါသည်။ 1. […]
𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) ၏ အရေးပေါ်စားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်တွင် (မေလ) အတွက် သတ်မှတ်လူဦးရေပြည့်ကြောင်းကြေငြာခြင်း

● Blossom Future (ပွင့်သစ်ဝေ) မှ အရေးပေါ်စားနပ်ရိက္ခာထောက်ပံ့ခြင်းအစီအစဉ်၏ (၂၀) ကြိမ်မြောက်ဖြစ် သည့် မေလ (၁) လစာအတွက် ဖောင်လျှောက်လွှာလက်ခံ ခြင်းကို (၅-၅-၂၀၂၆) မှ စတင်၍ လုပ်ဆောင်ပေးခဲ့ပါ သည်။ ● ယခုအခါ မေလ အတွက် သတ်မှတ်ဦးရေ ပြည့်သွားပါသဖြင့် အရေးပေါ်စားနပ်ရိက္ခာလျှောက် ထားမှု လက်ခံခြင်းများကို ယာယီရပ်နားထားမည်ဖြစ်ပြီး လာမည့် ဇွန်လတွင် လျှောက်ထားရမည့် ရက်အား Blossom Future (ပွင့်သစ်ဝေ) Facebook Page တွင် ပြန်လည်ကြေငြာသွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ ● ပုံမှန်ရုံးပိတ်ရက်များနှင့် ထိုင်းအစိုးရ ရုံးပိတ်ရက်များတွင် Blossom Future (ပွင့်သစ်ဝေ) ၏ ရုံးများပိတ်ထား မည်ဖြစ်ပါသည်။ ● ထို့အပြင် ချွင်းချက်အနေဖြင့် […]