(New Myanmar Foundation) ၏ နယူးမြန်မာ တယ်လီ ကျန်းမာရေး အစီအစဉ်ကို ဇွန်လ (၁) ရက်နေ့ မှ စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်လှစ်ခဲ့ရသော ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံ,မဲဆောက်မြို့သို့–တိမ်းရှောင်ခိုလှုံလာကြသည့် သိန်းနှင့်ချီသော– လူ့အခွင့်အရေးနှင့်–ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ၊ စစ်ဘေးရှောင် ပြည်သူများနှင့် ရွှေ့ပြောင်းလုပ်သားများ၏ ကျန်းမာရေးကို ကာကွယ် စောင့်ရှောက်ပေးရန် ဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် ကျန်းမာရေးချို့တဲ့မှုများ၊ အရေးပေါ်အခြေအနေများနှင့် ကြုံတွေ့လာသည့် အခါတွင်လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိနိင်ရန်အတွက် အခက်အခဲ အဟန့်အတားများစွာ ကြုံတွေ့ရပါသည်။ ဘာသာစကားအခက် အခဲ၊ သွားလာရေးအခက်အခဲ၊ ငွေကြေးချို့တဲ့မှု၊ သတင်းအချက် အလက်ချို့တဲ့မှုနှင့် အဖမ်းအဆီး ခံရနိုင်သည့် အခြေအနေများ အပါအဝင်များစွာသော အတားအဆီးများ ရှိနေပါသည်။
၎င်း အခက်အခဲများကို ကူညီ ဖြေရှင်းပေးနိုင်ရန်အတွက် (တယ်လီဖုန်းဖြင့် Telegram Application သုံးကာ) ပြည်တွင်း၊ ပြည်ပမှ အထူးကု (၁၀) ဦးပါသော ဆရာဝန် (၂၃) ဦး အဖွဲ့မှ မေတ္တာဖြင့် ကူညီ ပေးနေပြီး မနက် (၆) နာရီမှ ည (၁၂) နာရီ အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားပါသည်။ ကျန်းမာရေးအခက်အခဲရှိသော လူနာများအနေဖြင့် အချိန် မရွေး အခမဲ့ ပြသနိုင်ပြီး လိုအပ်ပါက သွေးစစ်ခြင်း၊ ဓါတ်မှန် ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်းများကိုလည်း အဆင် ပြေပြေ ဆောင်ရွက်နိုင်ရန် ဆက်စပ်ပေးနေပါသည်။
March လ အတွင်း ကူညီပေးခဲ့သူပေါင်း (77) ဦးရှိခဲ့ရာ ၎င်းတို့ထဲတွင် အမျိုးသား (၃၂)ဦး, အမျိုးသမီး (၄၇) ဦး ပါဝင်ပါသည်။ ဖုန်းဖြင့် ကုသဆွေးနွေးပေးလိုက်သူ (၃၇)ဦး၊ မယ်တော်ဆေးခန်းသို့ လက်လွှဲပေးလိုက်သူ (၁၇)ဦး နှင့် အိမ်တိုင်ယာရောက် (၂၅) ဦးတို့အား သွားရောက်ကုသပေးခဲ့ပါသည်။
မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများအနေဖြင့် အခကြေးငွေ ကုန်ကျခြင်းမရှိဘဲ မြန်မာ ဆရာဝန်များ နှင့် တိုင်ပင်ဆွေးနွေးလိုပါက မနက် (၆) နာရီမှ ည (၁၂) နာရီ အတွင်း ပိတ်ရက်မရှိ ဖုန်းနံပါတ် (+66910614070) သို့ ဖုန်းဆက်၍ ဖြစ်စေ Telegram မှ တစ်ဆင့်ဖြစ်စေ မိမိထံ ဆက်သွယ်နိုင်ပါသည်။
Dr Moon
Program Manager,Tele Health Program
Phone no: +66910614070
Telegram: +66910614070
Email: telehealth9922@gmail.com