New Myanmar Foundation ၏ အခမဲ့ အွန်လိုင်းအင်္ဂလိပ်ဘာသာ စကားပြောသင်တန်းများ

၂၀၂၃ ခုနစ်တွင် ဖွင့်လှစ်ပေးလျက်ရှိသော နယူးမြန်မာဖောင်ဒေးရှင်း၏ အင်္ဂလိပ်ဘာသာစကားသင်တန်း အစီအစဥ်များအကြောင်း သတင်းစကားပါးလိုပါသည်။

နယူးမြန်မာဖောင်ဒေးရှင်းသည် ပြည်တွင်း၊ မဲဆောက်နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ အင်္ဂလိပ်စကားပြောအရည်အသွေးများ တိုးတက်လာစေရန်ရည်ရွယ်လျက် အခမဲ့ အွန်လိုင်းအင်္ဂလိပ်စကားပြော သင်တန်းများကို မတ်လ၊ ၂၀၂၂ မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခုအခါ သင်တန်းအပတ်စဥ် (၃) သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အင်္ဂလိပ်စကားပြောသင်တန်း အပတ်စဥ် (၁) ကို ၂၀၂၂ခုနစ်၊ မတ်လ (၂၈)ရက်မှ ဇွန်လ (၃၀) ရက်နေ့အထိလည်းကောင်း၊ သင်တန်းအပတ်စဥ် (၂) ကို ဇူလိုင်လ (၁၈) ရက်နေ့မှ အောက်တိုဘာ (၁၇) ရက်၊ ၂၀၂၂ အထိလည်းကောင်း၊ သင်တန်းအပတ်စဉ် (၃)ကို နိုဝင်ဘာ (၇) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့အထိလည်းကောင်း အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ဖြစ်ပါသည်။

နယူးမြန်မာဖောင်ဒေးရှင်း၏ အွန်လိုင်းအင်္ဂလိပ်ဘာသာစကား သင်တန်းအပတ်စဉ် (၁) မှ (၃) အထိ သင်တန်းပြီးဆုံးအောင်မြင်သူ (၂၄၂) ဦး ရှိပြီဖြစ်ပါသည်။

ယခုလက်ရှိတွင်လည်း သင်တန်းအပတ်စဥ် (၄) ကို မတ်လ (၂) ရက်၊ ၂၀၂၃ ရက်နေ့မှ စတင်ကာ ဖွင့်လှစ်ထားပြီး စေတနာ့ဝန်ထမ်း ဆရာ (၂)ဦး တို့ဖြင့် အခြေခံအဆင့် အင်္ဂလိပ်ဘာသာစကားပြော သင်တန်းသား/သူ (၁၀၅) ဦးကို သင်ကြားပေးလျက်ရှိနေပါသည်။

အင်္ဂလိပ်ဘာသာစကားသင်တန်းများ စဥ်ဆက်မပြတ် တိုးတက်လာစေရန်ရည်ရွယ်၍ သင်တန်းနှင့်ပတ်သတ်၍ သော်လည်း ကောင်း၊ သင်တန်းဆရာများ၏ သင်ကြားရေးနှင့်ပတ်သတ်၍ သင်တန်းသား/သူများထံမှ သဘောထားအမြင်များ၊ ဝေဖန်အကြံပြုချက်များကို Evaluation Form များမှတဆင့် တောင်းခံလျက်ရှိပြီး ရရှိလာသောအချက်အလက်များကိုလည်း သင်တန်းနှင့် သင်တန်းသားများ၏အကျိုးအတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုသွားမည်ဖြစ်သည်။

အင်္ဂလိပ်ဘာသာစကားသင်တန်းများနှင့် ပတ်သတ်၍ သိရှိလိုသည်များရှိပါက ဖုန်းနံပါတ် – +669 27 833 262 သို့ တိုက်ရိုက် ဖုန်းနှင့်ဆက်သွယ်၍ဖြစ်စေ၊ Signal, Telegram များမှတဆင့်ဖြစ်စေ ဆက်သွယ်နိုင်ပြီး email: language.nmf@gmail.com သို့လည်း ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

လေးစားစွာဖြင့်

ဘာသာစကားသင်တန်းတာဝန်ခံ

နယူးမြန်မာဖောင်ဒေးရှင်း

Ph: +669 27 833 262

Signal: +669 27 833 262

Telegram: +669 27 833 262

Email: language.nmf@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!