𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐇𝐮𝐦𝐚𝐧 𝐑𝐢𝐠𝐡𝐭𝐬 𝐏𝐫𝐨𝐠𝐫𝐚𝐦 အကြောင်း

မြန်မာပြည်တွင်း၌ လူ့အခွင့်အရေးလှုပ်ရှားမှုများ ပိုမိုအားကောင်းအောင် လုပ်ဆောင်နိုင်စေရေးအတွက် နယူးမြန်မာဖောင်ဒေးရှင်းနှင့် မိတ်ဘက်အဖွဲ့များပူးပေါင်းကာ ၅ နှစ်တာ လူ့အခွင့်အရေးအစီအစဉ် (Human Rights Program) ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ စတင် အကောင်အထည် ဖော်ဆောင်လျက်ရှိပါသည်။

ဤအစီအစဉ်မှ လူ့အခွင့်အရေး အသိအမြင်ဖွင့်သင်တန်း (အခြေခံနှင့် အဆင့်မြင့်) များကို ပုံမှန်ဖွင့်လှစ်လျက်ရှိပြီး ဇူလိုင်လအထိ အခြေခံသင်တန်း ၁၁ ကြိမ်၊ အဆင့်မြင့်သင်တန်း ၂ ကြိမ် ဖွင့်လှစ်ခဲ့ရာ သင်တန်းတက်ရောက်သူ စုစုပေါင်း ၃၄၀ ဦးရှိခဲ့သည်။ ၂၀၂၃ ခုနှစ်အတွင်း ဆက်လက်ဖွင့်လှစ်မည့် သင်တန်းများအတွက်လည်း လျှောက်လွှာများခေါ်ယူခဲ့ပြီး၊ အချက်အလက် ပြည့်စုံစွာ လျှောက်ထားလာသူများအား ပဏာမရွေးချယ်သည့် စာရင်းတွင် ပါဝင်ကြောင်း အကြောင်းပြန်ကြား ထားပြီးဖြစ်ပါသည်။

နိုင်ငံတဝှမ်းကြုံတွေ့နေရသော အရပ်သားပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို အွန်လိုင်းနှင့် မြေပြင်သတင်းများရယူခြင်း၊ သဘောထားထုတ်ပြန်ချက်နှင့် အစီရင်ခံစာများ ထုတ်ပြန်ခြင်းတို့ကိုလည်း မိတ်ဘက်အဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်း၍ လူ့အခွင့်အရေး မှတ်တမ်းဌာနက ဆောင်ရွက်လျက်ရှိပါသည်။

ထို့အပြင် လူ့အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားနေသည့် မိတ်ဘက်အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဖွဲ့ဝင် Human Rights Defender (HRD) များအတွက် အရေးပေါ် ကူညီထောက်ပံ့ခြင်းကိုလည်း ဤအစီအစဉ်မှ လုပ်ဆောင်လျက်ရှိပါသည်။

လူ့အခွင့်အရေးလှုပ်ရှားမှုများ လုပ်ဆောင်နေသူ သို့မဟုတ် လုပ်ဆောင်ရန် စိတ်ပါဝင်စား လေ့လာလိုသူများ အနေဖြင့် New Myanmar Foundation နှင့် Human Rights Program Facebook Page များတွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

စစ်မှန်သောငြိမ်းချမ်းရေးနှင့် တရားမျှတမှုရှိသည့် လူ့အဖွဲ့အစည်းဖြစ်လာစေရေး ရေရှည် မျှော်မှန်းချက်ဖြင့် မြန်မာပြည်သူများအား တထောင့်တနေရာမှ ကူညီပံ့ပိုးနိုင်ရန် ယခုအစီအစဉ်ကို ကြိုးစားအကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။

စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ဝေဖန်အကြံပြုချက်များကိုလည်း ဖိတ်ခေါ်အပ်ပါသည်။

ဆက်သွယ်ရန်-

Human Rights Program

Ph/Signal +66 80 898 6684

Email: humanrights.nmf@gmail.com

FB:

#HumanRightsTraining

#humanrights

#NewMyanmarFoundation

#NMF

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!