𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐓𝐞𝐥𝐞𝐡𝐞𝐚𝐥𝐭𝐡 အစီအစဉ်မှ 𝐀𝐮𝐠𝐮𝐬𝐭 𝟐𝟎𝟐𝟑 လအတွင်း ကူညီမှုများ

New Myanmar Foundation ၏ နယူးမြန်မာ တယ်လီကျန်းမာအစီအစဉ်ကို ဇွန်လ (၁) မှစတင်ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်လှစ်ခဲ့ရသော ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ တိမ်းရှောင်ခိုလှုံလာကြသည့် သိန်းနှင့်ချီသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ၊ စစ်ဘေးရှောင်ပြည်သူများနှင့် ရွှေ့ပြောင်းလုပ်သားများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးရန် ဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် ကျန်းမာရေးချို့တဲ့မှုများ၊ အရေးပေါ်အခြေအနေများနှင့် ကြုံတွေ့လာသည့်အခါတွင် လိုအပ်သည့် ကျန်းမာရေးစောင့် ရှောက်မှုများ ရရှိနိင်ရန်အတွက် အခက်အခဲ၊ အဟန့်အတားများစွာ ကြုံတွေ့ရပါသည်။ ဘာသာစကားအခက်အခဲ၊ သွားလာရေးအခက် အခဲ၊ ငွေကြေးချို့တဲ့မှု၊ သတင်းအချက်အလက်ချို့တဲ့မှုနှင့် အဖမ်းအဆီးခံရနိုင်သည့် အခြေအနေများ အပါအဝင် များစွာသော အတား အဆီးများ ရှိနေပါသည်။ ၎င်းအခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် Tele Health (တယ်လီဖုန်းဖြင့် Telegram Application သုံးကာ လူနာအား ကြည့်ရှုစစ်ဆေးကာ […]

လူ့အခွင့်ရေးတက်ကြွလှုပ်ရှားသူ သို့မဟုတ် လူ့အခွင့်အရေးအတွက် ပါဝင်လုပ်ဆောင်ရန်ဖိတ်ခေါ်ခြင်း

လူ့အခွင့်အရေးအတွက် မည်သူမဆိုပါဝင်လုပ်ဆောင်နိုင်ပါတယ်။ New Myanmar Foundation နှင့် မိတ်ဘက်အဖွဲ့များပူးပေါင်း၍ မြန်မာပြည်တွင်း၌ လူ့အခွင့်အရေးလှုပ်ရှားမှုများ ပိုမိုအားကောင်းအောင် လုပ်ဆောင်နိုင်စေမည့် လူ့အခွင့်အရေးအစီအစဉ် (Human Rights Program) ကို (၂၀၂၃) ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ခဲ့ပါ သည်။ လူ့အခွင့်အရေး (အခြေခံနှင့်အဆင့်မြင့်) အသိအမြင်ဖွင့်သင်တန်းများကို ဒီဂျစ်တယ်ဆက်သွယ်မှုလုံခြုံရေးပညာပေးသင်တန်းနှင့်တွဲ ဖက်၍ လစဉ်ဖွင့်လှစ်လျက်ရှိပြီး (၂၀၂၃) ခုနှစ်အတွင်း ဆက်လက်ဖွင့်လှစ်ရန် ကျန်ရှိသည့်သင်တန်းများသို့ အချက်အလက်ပြည့်စုံစွာ လျှောက်ထားလာသူများအား အပတ်စဉ်အလိုက် ဆက်သွယ်အတည်ပြု တက်ရောက်နိုင်စေရန် စီစဉ်ထားရှိပါသည်။ ဆက်လက်၍ အောက်တိုဘာလတွင် သင်တန်းလျှောက်လွှာခေါ်ယူခြင်းကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါသည်။ လူ့အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားနေသည့် မိတ်ဘက်အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဖွဲ့ဝင် Human Rights Defender (HRD) များအတွက် အရေးပေါ် အန္တရာယ်ရှိလာသည့် အခြေအနေတွင် […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဆောင်ရွက်လျက်ရှိသော 𝐓𝐞𝐥𝐞𝐡𝐞𝐚𝐥𝐭𝐡 𝐏𝐫𝐨𝐠𝐫𝐚𝐦 တွင် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရသူများကိုပါ ထည့်သွင်းစောင့်ရှောက်ကုသပေးမည့်အစီအစဥ်

ရက်စွဲ။ ။(၀၆၊ စက်တင်ဘာလ၊ ၂၀၂၃ ခုနှစ်) မြန်မာပြည်သူအပေါင်းခင်ဗျား အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာနိုင်ကျပါစေ ယခုအခါ မြန်မာနိုင်ငံ၏ ဆိုးရွားလှသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ပြည်တွင်းစစ်များကြောင့် ပြည်တွင်း/ ပြည်ပတွင်စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရသူများ အင်မတန်များပြားလာပါသည်။ ထိုသို့ စိတ်ပိုင်းဆိုင်ရာဖေးမကူညီမှုရရှိရန် လိုအပ်နေသည့် မြန်မာပြည် သူ/သားများအတွက်ရည်ရွယ်၍ ဤအစီအစဥ်အား ထပ်မံတိုးချဲ့ထည့်သွင်းလိုက်ခြင်း ဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် မိမိတို့၏ စိတ်ထိခိုက်ဖွယ်ရာ အကြောင်းအခြင်းရာများ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအား မိမိတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များနှင့် အခြားလုံခြုံရေးအချက်များအားလုံး မပေါက်ကြားစေရန် တာဝန်ယူလျက် (Confidentiality & Privacy Security) တိုင်ပင်ဆွေးနွေးနိုင်စေရန် လက်ရှိ Telehealth Program ၏ ဆရာဝန် Dr.Moon မှ နေ့စဥ် နံနက် ၆း၀၀ မှ ည […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏အခြေခံစားနပ်ရိက္ခာမျှဝေခြင်း အစီအစဉ်အကြောင်း သတင်းစကားပါးခြင်း

ဆက်သွယ်မေးမြန်းရန်                                                                                                     Hay Mar                                                                                                                                              Basic Food Program Manager                                                                                                            Phone & Signal +66 659252173                                                                        foodprogram.nmf@gmail.com

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ စီစဉ်သည့် အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၃၀) သင်တန်းဆင်းပွဲ

New Myanmar Foundation ၏ ၁၈-၈-၂၀၂၃ မှ ၂၇-၈-၂၀၂၃ ရက်နေ့အထိ (၁၀) ရက်ကြာ ကျင်းပဖွင့်လှစ်သည့် အခမဲ့ အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၃၀) သင်တန်းဆင်းပွဲကို (၂၇-၈-၂၀၂၃) ရက်နေ့ နေ့လည်(၁)နာရီခွဲတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်း အပတ်စဉ်(၃၀)ကို အောင်မြင်ပြီး‌မြောက်သည်အထိ တက်ရောက်ခဲ့ကြသော သင်တန်းသူ (၈)ဦး ရှိပါသည်။ သင်တန်းဆင်းပွဲတွင်ဦးစွာ New Myanmar Foundation ၏ Monitoring and Evaluation Manager ဖြစ်သူ ကိုဝိုင်းချစ်အောင်မှ သင်တန်းသားများသင်တန်းပြီးမြောက်သွားသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ မိမိတို့ရောက်ရှိနေသည့်နေရာတွင် ကြိုးစားသည့် စိတ်၊ မလျော့သောစိတ်၊ ကိုယ့်တိုင်းပြည်ကိုလည်း မမေ့သောစိတ်ဓာတ်များနှင့် ကူညီထောက်ပံ့ကြရင်း ခရီးဆက်ကြဖို့ တိုက်တွန်းပါကြောင်းပြောကြားခဲ့ပါသည်။ New […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှစီစဉ်သည့် ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေးသင်တန်းအတွက် သင်တန်းသားများ ထပ်တိုးခေါ်ယူခြင်း

New Myanmar Foundation မှ ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေး သင်တန်းကို လစဉ်စီစဉ်ကျင်းပလျက်ရှိရာ လျှောက်ထားသူများပြား၍ ထိရောက်သော သင်ကြားပို့ချမှုများ ဆောင်ရွက်နိုင်ရန် သင်တန်းတစ်ကြိမ်လျှင် (၂၅) ဦးခန့်သာ လက်ခံနိုင်ခြင်းကြောင့် သင် တန်းတက်ရောက်ရန်လိုအပ်ချက်များ ကိုက်ညီသော်လည်း တက်ရောက်ခွင့် မရသူများရှိနေသဖြင့် ယခု စက်တင်ဘာလတွင် ကျင်းပမည့် အပတ်စဉ် (၅) မှစတင်ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ သင်တန်းများအတွက် ဤလျှောက်လွှာဖောင်ကို ဩဂုတ်လ (၂၈) ရက်နေ့မှ စက်တင်ဘာလ (၁) ရက်နေ့အထိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး လျှောက်ထားလာသူများထဲမှ သတ်မှတ်ချက်များနှင့် ကိုက်ညီသူဦးရေ (၃၀၀) ခန့်အား ကြိုတင်စိစစ်ရွေးချယ်၍ အပတ်စဉ်အလိုက် ဆက်သွယ်သွားမည် ဖြစ်ပါသည်။ သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသူများကိုသာ Email ၊ Signal တို့ဖြင့် ဆက်သွယ်သွားမည် ဖြစ်ပါသည်။ […]

သွေးစွန်းငွေဖြတ်တောက်ရေး ကမ်ပိန်းအား 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ရုံးနှင့် 𝐒𝐚𝐟𝐞𝐡𝐨𝐮𝐬𝐞 ဧရိယာတွင် ကျင်းပပြုလုပ်ခြင်း

ယနေ့ (၂၃.၈.၂၀၂၃) တွင် New Myanmar Foundation၊ Historical Carriers Group နှင့် WLRC တို့မှ ပူးပေါင်း၍ “သွေးစွန်းငွေဖြတ်တောက်ရေးကမ်ပိန်း” အား New Myanmar Foundation ၏ Safe house ဧရိယာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ Campaign တွင် ပြုလုပ်ရသည့်ရည်ရွယ်ချက်နှင့် သတင်းစကားမျှ‌ဝေခြင်း၊ လက်မှတ်ရေးထိုးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်‌ဝေခြင်း အစရှိသည့်အစီအစဥ်များကို ထည့်သွင်းပြုလုပ်ခဲ့ကြပါသည်။ (၂၀၂၁) ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှစ၍ အကြမ်းဖက်စစ်ကောင်စီသည် မြန်မာနိုင်ငံသူ/ သားများအား နည်းမျိုးစုံဖြင့် ဖိနှိပ်မှုများ ကိုပြုလုပ်ကာ လူ့အခွင့်အရေးချိုးဖောက်မှုများအား အစွမ်းကုန် ကျူးလွန်နေခဲ့ကြပါသည်။ မြန်မာစစ်တပ်ဆိုသော အဆိပ်ပင်အား ရေ လောင်းပေးနေသော ငွေကြေးများတွင် မြန်မာပြည်သူ/ သား တိုင်းရင်းသားများ၏ တန်ဖိုးရှိသော သွေးများစွန်းထင်းခဲ့ရပြီးဖြစ်သည်။ အကြမ်းဖက်စစ်တပ်၏ ထောက်တိုင်စီးပွားရေးလုပ်ငန်းများအား […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ စီစဉ်သည့် အခမဲ့အခြေခံမော် တာအပ်ချုပ်သင်တန်း တက်ရောက်နိုင်ရန် သင်တန်းသားခေါ်ယူခြင်း

New Myanmar Foundation အနေဖြင့် မဲဆောက်ရောက် မြန်မာနိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် ရည်ရွယ်လျက် “အခမဲ့အခြေခံမော်တာအပ်ချုပ်သင်တန်း” အမှတ်စဉ် (၃၁) ကို စက်တင်ဘာလ ၊ (၁) ရက်နေ့တွင် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ “အခမဲ့အခြေခံမော်တာအပ်ချုပ်သင်တန်း”ကို လစဉ် (၁ ရက်နေ့) မှ (၁၀ ရက်နေ့) အထိ တစ်ကြိမ်၊ (၁၅ ရက်နေ့) မှ (၂၄ ရက်နေ့) အထိ တစ်ကြိမ်၊ စုစုပေါင်းနှစ်ကြိမ် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ သင်တန်းအပတ်စဉ် တစ်ကြိမ်လျှင် ထိရောက်သည့်သင်ကြားမှုများ ဆောင် ရွက်ပေးနိုင်ရန် သင်တန်းသား (၁၀) ဦးလက်ခံသင်ကြားပေးသွားမည် ဖြစ်ပါသည်။ လျှောက်ထားသူ သင်တန်းသားများအနေဖြင့် မိမိလျှောက်ထားသည့် အပတ်စဉ်တစ်ခုတွင် တက်ရောက်ခွင့် မရရှိခဲ့ပါကလည်း နောက်အပတ်စဉ်များတွင် ဆက်လက်တက်ရောက်နိုင်ရန် စီစဉ်ထားပါသည်။ […]

𝐂𝐇𝐈𝐋𝐃 𝐏𝐑𝐎𝐓𝐄𝐂𝐓𝐈𝐎𝐍 𝐏𝐎𝐋𝐈𝐂𝐘

“New Myanmar Foundation” seeks to provide a safe and secure environment for the children who participate in our programs and activities directly or indirectly. By implementing this policy, our goals are to protect the children from any harm and provide a clear path of response for staff and volunteers in the event of suspected abuse […]

𝐒𝐄𝐗𝐔𝐀𝐋 𝐇𝐀𝐑𝐀𝐒𝐒𝐌𝐄𝐍𝐓 𝐏𝐎𝐋𝐈𝐂𝐘

“New Myanmar Foundation” is an equal employment opportunity company and is committed to creating a healthy working environment that enables employees to work without fear of prejudice, gender bias, and sexual harassment. The Company also believes that all employees of the Company have the right to be treated with dignity. Sexual harassment at the workplace […]

error: Content is protected !!