𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ စီစဉ်သည့် အခမဲ့ အခြေခံမော်တာအပ်ချုပ်သင်တန်း တက်ရောက်နိုင်ရန် သင်တန်းသားခေါ်ယူခြင်း

မဲဆောက်မြို့သို့ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား ညီအစ်ကိုမောင်နှမများခင်ဗျား….. New Myanmar Foundation အနေဖြင့် မဲဆောက်ရောက် မြန်မာနိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် ရည်ရွယ်လျက် “အခမဲ့အခြေခံမော်တာအပ်ချုပ်သင်တန်း” အမှတ်စဉ် – ၃၃ ကို အောက်တိုဘာလ (၁၅) ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ “အခမဲ့အခြေခံမော်တာအပ်ချုပ်သင်တန်း”ကို လစဉ် (၁ -ရက်နေ့) မှ (၁၀-ရက်နေ့) အထိ တစ်ကြိမ်၊ (၁၅-ရက်နေ့) မှ (၂၄-ရက်နေ့) အထိ တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ သင်တန်းအပတ်စဉ် တစ်ကြိမ်လျှင် ထိရောက်သည့်သင်ကြားမှုများ ဆောင်ရွက်ပေးနိုင်ရန် သင်တန်းသား (၁၀) ဦးလက်ခံသင်ကြားပေးသွားမည်ဖြစ်ပါသည်။ လျှောက်ထားသူသင်တန်းသားများအနေဖြင့် မိမိလျှောက်ထားသည့် အပတ်စဉ်တစ်ခုတွင် တက်ရောက်ခွင့်မရရှိခဲ့ပါကလည်း နောက်အပတ်စဉ်များတွင် ဆက်လက်တက်ရောက်နိုင်ရန် စီစဉ်ထားပါသည်။ ‌သင်တန်းတက်ရောက်လိုသည့် သင်တန်းသားများအနေဖြင့် အောက်ဖော်ပြပါ စည်းကမ်းချက်များကို လိုက်နာနိုင်ပါက […]

အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၃၂) သင်တန်း ဖွင့်ပွဲ

New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁၀) ရက်ကြာ ဖွင့်လှစ်မည့် အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း အပတ်စဉ်-(၃၂) သင်တန်းဖွင့်ပွဲ ကို (၂၆-၉-၂၀၂၃) ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ဦးစွာ ပထမ သင်တန်း တာဝန်ခံ NLD – ဧရာဝတီတိုင်း တွဲဖက် အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ သင်တန်းသို့ရောက်ရှိလာသူ တစ်ဦးချင်းစီသည် မိမိနိုင်ငံအရေးတွင် တက်နိုင်သမျှ ပါဝင်ကူညီခဲ့ကြသူများ ဖြစ်ကြသည့်အတွက် လေးစားစွာကြိုဆိုပါကြောင်း၊ စက်ချုပ်ပညာသည် မည်သည့်ဒေသတွင်မဆို လိုအပ်ပြီး အသုံးပြုနိုင်သော ပညာရပ်တစ်ခုဖြစ်သောကြောင့် စနစ်တကျသင်ယူကြစေလိုကြောင်း၊ ညီအစ်ကိုမောင်နှမစိတ်ဓာတ်ဖြင့် အချင်းချင်း စောင့်ရှောက်ကြပြီး ရှေ့ဆက်ခရီးအတွက် တိုင်ပင်ခြင်း၊ဆွေးနွေးခြင်း၊ပြင်ဆင်ခြင်းများဖြင့် ရှေ့ဆက်လှမ်းနိုင်ကြရန် အားယူကြရမည်ဖြစ်ကြောင်း၊ မိမိတို့ဘက်မှလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးမည်ဖြစ်ကြောင်း အားပေးခဲ့ပါသည်။ ဆက်လက်၍ သင်တန်း တာဝန်ခံ […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၃၁) သင်တန်း ဆင်းပွဲ

New Myanmar Foundation ၏ ၅-၉-၂၀၂၃ မှ ၁၄-၉-၂၀၂၃ ရက်နေ့အထိ (၁၀) ရက်ကြာ ကျင်းပဖွင့်လှစ်သည့် အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း အပတ်စဉ်-(၃၁) သင်တန်းဆင်းပွဲ ကို (၁၄-၉-၂၀၂၃) ရက်နေ့ နေ့လည် (၂) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Sewing Machine Training Center တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ သင်တန်း အပတ်စဉ်-(၃၁)ကို အောင်မြင်ပြီး‌မြောက်သည်အထိ တက်ရောက်ခဲ့ကြသော သင်တန်းသူ (၉)ဦး ရှိပါသည်။ သင်တန်းဆင်းပွဲတွင် ဦးစွာ သင်တန်းတာဝန်ခံ NLD ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ သင်တန်းသား၊သူများအားလုံး အလုပ်ခွင်သို့ ဝင်နိုင်သောအဆင့်သို့ ရောက်ရှိပြီးဖြစ်တာကြောင့် ဘဝတစ်ဆစ်ချိုးတွင် ရှေ့သို့ဆက်လျှောက်လှမ်းနိုင်ပြီဖြစ်ကြောင်း၊ မလျော့သောဇွဲ၊လုံ့လများဖြင့် အားစိုက်ကြိုးစားစေလိုပါကြောင်း၊ မိသားစုအတွက်လည်း တာဝန်ယူနိုင်သလောက်ထောက်ပံ့ကြရန် အားပေးပြောကြားခဲ့ပါသည်။ […]

ထိုင်း-မြန်မာနယ်စပ်ရှိ ထွက်ပြေးတိမ်းရှောင်နေရသော တက်ကြွလှုပ်ရှားသူများနှင့် စစ်ဘေးရှောင်ပြည်သူလူထုထံသို့ သွားရောက်၍ အဝတ်အစားနှင့် ဆေးကုသမှု ပေးခြင်း

၁၄.၉.၂၀၂၃ နေ့ရက်တွင် New Myanmar Foundation မှ ထိုင်း-မြန်မာနယ်စပ်ရှိ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဝန်းကျင်သန့်ပြန့်မှုအားနည်းသော နေရာတချို့၌ နေထိုင်နေရသော ထွက်ပြေးတိမ်းရှောင်နေရသည့် တက်ကြွလှုပ်ရှားသူများနှင့် စစ်ဘေးရှောင်ပြည်သူ လူထုထံသို့ သွားရောက်၍ အဝတ်အစားနှင့် ဆေးကုသမှုများကို ပေးခဲ့ပါသည်။ မိုးတွင်းကာလတွင် ဖြစ်ပွားလျက်ရှိသော ဖျားနာမှုများနှင့် အခြားကျန်းမာရေးစောင့်ရှောက်မှုများအတွက် New Myanmar Foundat-ion ၏ တာဝန်ခံဆရာဝန် Dr. Moon မှ ကွင်းဆင်းကုသမှုပေးခဲ့ခြင်းဖြစ်ပြီး မိုးကာလတွင် လိုအပ်လျက်ရှိသော အဝတ်အစားများကိုလည်း ပေးအပ်ခဲ့ပါသည်။

(၁၉၈၈) ခုနှစ် စစ်အာဏာသိမ်းမှု (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ ပြည်သူသို့ပန်ကြားချက်

နေ့စွဲ – စက်တင်ဘာလ (၁၈) ရက်၊ ၂၀၂၃ ခုနှစ် ယနေ့သည် အကြမ်းမဖက်ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သော (၁၉၈၈) ခုနှစ်၊ (၈၈၈၈) ပြည်သူ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကြီးကို စစ်တပ်မှအ ကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်ကာ အာဏာသိမ်းယူခဲ့သော သမိုင်းမှတ်တမ်းဝင် နေ့ဆိုးနေ့ယုတ်တရက် ဖြစ်ပါသည်။ လူပေါင်းထောင်သောင်းချီ၍ အသတ်ခံခဲ့ရသောနေ့ ဖြစ်ပါသည်။ (၁၉၄၈) ခုနှစ် လွတ်လပ်ရေးရခဲ့သည့်အချိန်မှစ၍ နိုင်ငံရေးခေါင်းဆောင်များ၏ အားနည်းချက်များကြောင့် တိုင်းရင်းသားများသည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များအတွက် လက်နက်စွဲကိုင် တိုက်ခိုက်ကာ ပြည်တွင်းစစ်ကြီး တောက်လောင်ခဲ့ပါသည်။ ၎င်းပြည်တွင်းစစ်ကို နိုင်ငံရေးအရမဖြေရှင်းဘဲ စစ်တပ်အားကိုးကာ ဖြေရှင်းခဲ့သဖြင့် နောက်ဆုံးတွင်စစ်တပ်မှ (၁၉၆၂)ခုနှစ်တွင် အာဏာ သိမ်းကာ စစ်အုပ်ချုပ်ရေး ထူထောင်ခဲ့ပါသည်။ ၎င်းအချိန်မှစ၍ မြန်မာပြည်သူများသည် စစ်ကျွန်ဘဝသို့ ရောက်ရှိခဲ့ပြီး စစ်တပ်၏ မတရားအကြမ်းဖက် သတ်ဖြတ်နှိပ်စက်မှုများကို ခံစားနေရသည်မှာ ယနေ့တိုင်ဖြစ်ပါသည်။ […]

၁၅.၉.၂၀၂၃ ခုနှစ်တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဒီမိုရေစီနေ့ နှစ်ပတ်လည်အခမ်းအနားနှင့် ကမ်ပိန်းပြုလုပ်ခြင်း

၁၅.၉.၂၀၂၃ ခုနှစ်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ နှစ်ပတ်လည်အခမ်းအနားနှင့် ကမ်ပိန်းအား New Myan- mar Foundation ၏ Safe house ဧရိယာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အခမ်းအနားတွင် ယခုပွဲအား ဦးစီးကျင်းပပေးခဲ့သော Historical Carriers Group ၏တာဝန်ခံမှ အဖွင့်နှုတ်ဆက်စကားနှင့် ဒီမိုကရေစီ ၏အနှစ်သာရများအား ပြောကြားခဲ့ပြီး၊ New Myanmar Foundation မှပေးပို့သော “အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အထိမ်းအ မှတ်သဝဏ်လွှာ”ကို New Myanmar Foundation တာဝန်ခံမှ ဖတ်ကြားပေးခဲ့ပါသည်။ ဒုတိယအစီအစဥ်အနေဖြင့် မြန်မာ့ဒီမိုကရေစီ ပြန်လည်ထွန်းကားဖြစ်ပေါ်ရေးအတွက် ပူးပေါင်းရန်နှိုးဆော်လွှာ “အနာဂတ်မျိုးဆက်များဆီသို့ အပ်နှင်းစို့” ခေါင်းစဥ်၊ “အကြမ်းဖက်စစ်ကောင်စီဆန့်ကျင်ရေး လူထုလှုပ်ရှားမှု” ခေါင်းစဥ်တို့ဖြင့် ဆန္ဒပြုလက်မှတ်ရေးထိုးခြင်း အစီအစဥ်ကိုလည်း ထည့်သွင်းပြုလုပ်ခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အနီးအနားမှ […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၃၁) သင်တန်းဖွင့်ပွဲ

New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁၀) ရက်ကြာဖွင့်လှစ်မည့် အခမဲ့ အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင် တန်း အပတ်စဉ် (၃၁) သင်တန်းဖွင့်ပွဲကို (၅-၉-၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာပထမ သင်တန်းတာဝန်ခံ (NLD) ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ သင်တန်းသို့ရောက်ရှိလာသူ တစ်ဦးချင်းစီသည် မိမိနိုင်ငံအရေးတွင် တတ်နိုင်သမျှပါဝင်ကူညီခဲ့ကြသူများ ဖြစ်ကြသည့်အတွက် လေးစားစွာ ကြိုဆိုပါကြောင်း၊ ယခုအပ်ချုပ်သင် တန်းတွင် အပ်ချုပ်နည်းပညာကို စနစ်တကျလေ့လာကြစေလိုကြောင်း၊ အချင်းချင်း ညီအစ်ကိုမောင်နှမစိတ်ဓာတ်ဖြင့် စောင့်ရှောက်ကြပြီး ဗဟုသုတမျှဝေကြရန်လည်း တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းတာဝန်ခံ မ‌ဝေဝေမှ အခမဲ့ အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်းသို့ ရောက်ရှိလာကြသော သင်တန်းသူ/ သားများအား ကြိုဆိုကြောင်း ၊ New Myanmar Foundation ၏ ကူညီဆောင်ရွက်နေမှုများနှင့် ရယူနိုင်သောအခွင့်အလမ်းများကို […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှစီစဉ်သည့် အခမဲ့အခြေခံမော်တာအပ်ချုပ်သင်တန်း တက်ရောက်နိုင်ရန် သင်တန်းသားခေါ်ယူခြင်း

New Myanmar Foundation အနေဖြင့် မဲဆောက်ရောက် မြန်မာနိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် ရည်ရွယ်လျက် “အခမဲ့အခြေခံမော်တာအပ်ချုပ်သင်တန်း” အမှတ်စဉ် (၃၂) ကို စက်တင်ဘာလ (၁၅) ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ “အခမဲ့အခြေခံမော်တာအပ်ချုပ်သင်တန်း”ကို လစဉ် (၁-ရက်နေ့) မှ (၁၀-ရက်နေ့) အထိတစ်ကြိမ်၊ (၁၅-ရက်နေ့) မှ (၂၄-ရက်နေ့) အထိ တစ်ကြိမ်၊ စုစုပေါင်းနှစ်ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ သင်တန်းအပတ်စဉ် တစ်ကြိမ်လျှင် ထိရောက်သည့် သင်ကြားမှုများ ဆောင် ရွက်ပေးနိုင်ရန် သင်တန်းသား (၁၀) ဦး လက်ခံသင်ကြားပေးသွားမည်ဖြစ်ပါသည်။ လျှောက်ထားသူ သင်တန်းသားများအနေဖြင့် မိမိလျှောက်ထားသည့် အပတ်စဉ်တစ်ခုတွင် တက်ရောက်ခွင့် မရရှိခဲ့ပါကလည်း နောက်အပတ်စဉ်များတွင် ဆက်လက်တက်ရောက်နိုင်ရန် စီစဉ်ထားပါသည်။ ‌သင်တန်းတက်ရောက်လိုသည့် သင်တန်းသားများအနေဖြင့် အောက်ဖော်ပြပါ စည်းကမ်းချက်များကို လိုက်နာနိုင်ပါက ယခု Google […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐒𝐩𝐫𝐢𝐧𝐠 𝐁𝐫𝐢𝐝𝐠𝐞 𝐎𝐧𝐥𝐢𝐧𝐞 𝐒𝐜𝐡𝐨𝐨𝐥 𝐀𝐝𝐯𝐞𝐫𝐭𝐢𝐬𝐞𝐦𝐞𝐧𝐭

နေ့စွဲ ၊ ၁၁ ရက် စက်တင်ဘာလ ၂၀၂၃ New Myanmar Foundation သည် ၂၀၂၂ မေလ (၁) ရက်နေ့စတင်ပြီး စစ်ဘေးသင့်မြန်မာနိုင်ငံသား ရင်သွေးများ၏ ပညာရေးလို အပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် Spring Bridge School (SBS) Online Program သို့ ကျောင်းသားများကို စတင်ဖိတ်ခေါ်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့မှ စတင်ကာ Grade -1 မှ Grade -11 ထိ ကျောင်းသူ၊ ကျောင်းသား (၁၂၀၀) ကျော်ကိုသင် ကြားခဲ့ပြီး ဒီဇင်ဘာလ (၂၀၂၂) ခုနှစ်တွင် အတန်းတင်စာမေးပွဲ စစ်ဆေးခဲ့ပါသည်။ ၂၀၂၃ ဇန်နဝါရီလ (၃၁) ရက်တွင် အတန်းအားလုံး၏ […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧’𝐬 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦

New Myanmar Foundation သည် (၂၀၂၂) ခုနှစ် ဇူလိုင်လမှ စတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအတွက် (Safe House) အစီအစဉ်ကို ပြန်လည်ဆောင်ရွက်လျက်ရှိပါသည်။ New Myanmar Foundation ၏ Safe House များတွင် အမျိုးသမီးသီးသန့်၊ အမျိုးသားသီးသန့်နှင့် မိသားစု Safe House များအစရှိသဖြင့်ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့်လည်း အဆင်ပြေလုံခြုံစွာနေထိုင်နိုင်မည်ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၅) ဦးစီ အတူနေထိုင်ရမည် ဖြစ်ပါသည်။ မိသားစုများအ နေနှင့်မူ မိသားစု (၅) ဦးဖြစ်ပါက အခန်းရရှိမည်ဖြစ်ပြီး မိသားစု (၅) ဦး မရှိပါက အခန်းလွတ်လျှင် ၎င်းအခန်းများတွင် ခေတ္တနေနိုင်ပြီးမိသားစု (၅) ဦး လာပါက […]

error: Content is protected !!