New Myanmar Foundation မှ စီစဉ်သည့် အခမဲ့ အခြေခံမော်တာအပ်ချုပ်သင်တန်း တက်ရောက်နိုင်ရန် သင်တန်းသားခေါ်ယူခြင်း

မဲဆောက်မြို့သို့ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား ညီအစ်ကိုမောင်နှမများခင်ဗျား…..

New Myanmar Foundation အနေဖြင့် မဲဆောက်ရောက် မြန်မာနိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် ရည်ရွယ်လျက် “အခမဲ့အခြေခံမော်တာအပ်ချုပ်သင်တန်း” အမှတ်စဉ် – ၃၃ ကို အောက်တိုဘာလ (၁၅) ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

“အခမဲ့အခြေခံမော်တာအပ်ချုပ်သင်တန်း”ကို လစဉ် (၁ -ရက်နေ့) မှ (၁၀-ရက်နေ့) အထိ တစ်ကြိမ်၊ (၁၅-ရက်နေ့) မှ (၂၄-ရက်နေ့) အထိ တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ သင်တန်းအပတ်စဉ် တစ်ကြိမ်လျှင် ထိရောက်သည့်သင်ကြားမှုများ ဆောင်ရွက်ပေးနိုင်ရန် သင်တန်းသား (၁၀) ဦးလက်ခံသင်ကြားပေးသွားမည်ဖြစ်ပါသည်။ လျှောက်ထားသူသင်တန်းသားများအနေဖြင့် မိမိလျှောက်ထားသည့် အပတ်စဉ်တစ်ခုတွင် တက်ရောက်ခွင့်မရရှိခဲ့ပါကလည်း နောက်အပတ်စဉ်များတွင် ဆက်လက်တက်ရောက်နိုင်ရန် စီစဉ်ထားပါသည်။ ‌သင်တန်းတက်ရောက်လိုသည့် သင်တန်းသားများအနေဖြင့် အောက်ဖော်ပြပါ စည်းကမ်းချက်များကို လိုက်နာနိုင်ပါက ယခု Google Form တွင် အချက်လက်များဖြည့်သွင်း၍ ‌လျှောက်ထားနိုင်ပါသည်။

စည်းကမ်းချက်များ

၁။ သင်တန်းကာလ (၁၀) ရက်အတွင်း သင်တန်းကျောင်းတွင် ကျောင်းအိပ်ကျောင်းစားနေထိုင်လိုသူများသည် သင်တန်းမှ သတ်မှတ်ထားသည့် စည်းကမ်းများကိုလိုက်နာရမည်။

၂။ မိမိတို့နေအိမ်မှ တက်ရောက်လိုသူများသည် သင်တန်းအချိန်အား လေးစားလိုက်နာရမည်။

၃။ အကြိုအပို့ နှင့် စားစရိတ်အတွက် လျှောက်ထားသူကိုယ်တိုင်သာ တာဝန်ယူရမည်ဖြစ်ပါသည်။

၄။ သင်တန်းချိန်မှာ နံနက် (၉း၀၀) နာရီ မှ ညနေ (၅း၀၀) နာရီ ထိဖြစ်ပါသည်။

၅။ သင်တန်းအချိန်ကာလအတွင်း ပြင်ပသို့ ထွက်ခွာခွင့် မပြုပါ။

၆။ သင်တန်းပြင်ပသို့ ထွက်ခွာလိုသည့် ကိစ္စ ၊ အကြောင်းအရာရှိပါက သင်တန်းမှူးထံ ခွင့်ပြုချက်တောင်းခံရမည်။

၇။ သင်တန်းသားအားလုံး သင်တန်းပြီးဆုံးအောင်ထိသင်ယူရမည်။

၈။ သင်တန်းတက်နေစဉ် New Myanmar Foundation မှ ပို့ချမည့် နေ့တပိုင်း လူ့အခွင့်ရေးအခြေခံသင်တန်း/ အလုပ်သမားအခွင့်ရေး နှင့် အမျိုးသမီးအခွင့်ရေး သင်တန်းများအားလည်း တက်ရောက်ရမည်။

၉။ လျှောက်ထားသူသည် ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။ (ကူးစက်ရောဂါရှိသူ မဖြစ်ရပါ)

၁၀။ သင်တန်းသားများတစ်ဦးနှင့်တစ်ဦး လူမျိုး/ကိုးကွယ်ရာဘာသာ/ အသားအရောင်/ ဆင်းရဲချမ်းသာ/ အဆင့်အတန်းမည်သည့်ခွဲခြားဆက်ဆံခြင်းမျိုးမရှိစေဘဲ ကျေးပျူငှာစွာဆက်ဆံရမည်။ ခိုက်ရန်ဖြစ်ပွားခြင်း လုံးဝမပြုလုပ်ရပါ။

၁၁။ သင်တန်းကာလအတွင်း ကလေးသူငယ်၊ အမျိုးသမီး နှင့် လိင်စိတ်ကွဲပြားသူများအပေါ် ကိုယ်၊နှုတ်၊အမူအရာ ဖြင့် ထိပါးနှောက်ယှက်စော်ကားခြင်းလုံးဝ (လုံးဝ) မပြုလုပ်ရပါ ။ကျူးလွန်ပါကသင်တန်းမှခြွင်းချက်မရှိထုတ်ပယ်ပါမည်။

၁၂။ သင်တန်းအောင်မြင်ပြီးဆုံးအောင်တက်ရောက်နိုင်ပြီး အထည်ချုပ်ပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုမည့်သူများကိုသာ ဦးစား‌ပေးရွေးချယ်သွားမည်ဖြစ်သည်။ အမျိုးသမီး ဦးစားပေးမည်။

၁၃။ သင်တန်းတက်ရောက်မည့်သူများသည် ရဲကဒ်ရှိရမည်ဖြစ်သည်။

အခမဲ့ အခြေခံမော်တာစက်နင်းသင်တန်း လျှောက်ထားရန် Link

https://forms.gle/53oQ5H2PcRzUNa116

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုသည်များရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဆက်သွယ်ရန်  ): 0652841489, 0947708838

လေးစားစွာဖြင့်                    

Khin Hla Htay

သင်တန်းကြီးကြပ်ရေးမှူး

#NMF#sewingmachine

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!