- New Myanmar Foundation ၏အခြေခံစားနပ်ရိက္ခာမျှဝေခြင်းအစီအစဉ်ကို (၂၀၂၂)ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ မဲဆောက် ရောက်ဒီမိုကရေစီအရေး ကြိုးပမ်းသူများအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါလူဦးရေ (၅၉၃၃) ဦးအား တစ်ဦးလျှင် (၃) လစာနှုန်းဖြင့် အခြေခံစားနပ်ရိက္ခာဝေမျှပေးခဲ့ပြီး နောက်ဆုံးမျှဝေခဲ့သည့် (၂၀၂၃) ခုနှစ် ၊ ဖေဖော်ဝါရီလမှ စက်တင်ဘာလအထိ (၂၁၉၀) ဦးအား ငွေသားအဖြစ် ပြောင်းလဲ၍ (၁)လစာ ဘတ် (၅၀၀)/(၂၅၀) တို့ဖြင့်မျှဝေပေးခဲ့ရာ စုစုပေါင်း (၈၁၂၃) ဦးအား မျှဝေ ပေးခဲ့ပြီးဖြစ်ပါသည်။
- ယခုအောက်တိုဘာလတွင် ရိက္ခာအစား ငွေသားဘတ် (၂၅၀) မျှဝေမည့်အစီအစဉ်အား ပြုလုပ်သွားမည်ဖြစ်ပြီး ရက်အတိအကျ အားမဝေမီ (၂) ရက်ကြိုတင်၍ New Myanmar Foundation Facebook Page တွင်၎င်း၊ စိစစ်ရွေးချယ်ခံရသူများတစ်ဦးချင်း ထံ၎င်း အကြောင်းကြားဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။ အလှူရှင်များ၏အခက်အခဲများကြောင့် မဲဆောက်ရောက် ဒီမိုကရေစီအင်အားစုများအား အပြည့်အဝမကူညီနိုင်သည့်အပေါ် များစွာစိတ်မကောင်းလည်း ဖြစ်ရပါသည်။
- ရိက္ခာအတွက် အခက်အခဲဖြစ်ပါက အောက်တွင်ဖော်ပြထားသည့် Phone၊ Signal၊ Email တို့မှ ရုံးချိန် နံနက် ၉း၀၀နာရီမှ ညနေ ၅း၀၀နာရီ၊ တနင်္လာမှ သောကြာအတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ရုံးပိတ်ရက်သည် ထိုင်းအစိုးရရုံးပိတ်ရက် ဖြစ်သည့်အ တွက် ဖုန်းမကိုင်နိုင်ပါက Signalတွင် စာပို့မေးမြန်းထားနိုင်ပါသည်။
ဆက်သွယ်မေးမြန်းရန်
Hay Mar
Basic Food Program Manager
Phone & Signal +66 659252173
foodprogram.nmf@gmail.com