အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၃၃) သင်တန်း ဖွင့်ပွဲ

New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁၀) ရက်ကြာ ဖွင့်လှစ်မည့် အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း အပတ်စဉ်-(၃၃) သင်တန်းဖွင့်ပွဲ ကို (၁၆-၁၀-၂၀၂၃) ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ဦးစွာပထမ သင်တန်း တာဝန်ခံ NLD – ဧရာဝတီတိုင်း တွဲဖက် အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ သင်တန်းသို့ရောက်ရှိလာသူ တစ်ဦးချင်းစီသည် အလုပ်လုပ်မည်ဆိုသော စိတ်ဖြင့် ရောက်ရှိလာကြသောကြောင့် ဝမ်းသာလေးစားရပါကြောင်း၊ စက်ချုပ်ပညာသည် မည်သည့်ဒေသတွင်မဆို လိုအပ်ပြီး အသုံးပြုနိုင်သော ပညာရပ်တစ်ခုဖြစ်သောကြောင့် စနစ်တကျ သင်ယူကြရန် တိုက်တွန်းပါကြောင်း၊ ညီအစ်ကိုမောင်နှမစိတ်ဓာတ်ဖြင့် အချင်းချင်း စောင့်ရှောက်ကြပြီး ရှေ့ဆက်ခရီးအတွက် တိုင်ပင်ခြင်း၊ ဆွေးနွေးခြင်း၊ ခွန်အားပေးခြင်းများ ပြုလုပ်ရန် အားပေးကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်း တာဝန်ခံ မ‌ဝေဝေမှ အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်းသို့ ရောက်ရှိလာကြသော သင်တန်းသူ / သား များအား ကြိုဆိုကြောင်း ၊ New Myanmar Foundation ၏ ကူညီဆောင်ရွက်နေမှုများနှင့် ရယူနိုင်သောအခွင့်အလမ်းများကို ရှင်းပြပေးခဲ့ပြီး အချင်းချင်း ဗဟုသုတမျှဝေနိုင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် အခြားသောအထောက်အပံ့များ ရယူနိုင်ခွင့်များအတွက် Signal Groupများ ဖွဲ့ပေးသွားမည်ဖြစ်ကြောင်း၊ လိုအပ်မှုများနှင့် အကြံပြုလိုသည်များရှိပါက ဆက်သွယ်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသားများမှ တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြား၍ အခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

New Myanmar Foundation အနေဖြင့် ယခုဖွင့်လှစ်သည့် အခမဲ့အခြေခံ လျှပ်စစ် မော်တာစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာရပ်သာမက လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး အစရှိသည့် အသိပညာရပ်များကိုလည်း ဝေမျှပေးသွားမည် ဖြစ်ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!