ကမ္ဘာတစ်ဝှမ်းရှိကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု၊ အလွဲသုံးစားမှုနှင့် အကြမ်းဖက်မှုတို့မှတားဆီး၊ ကာကွယ်ခြင်း၊ ပြန်လည်ထူထောင်ရေးနေ့နှင့် ကမ္ဘာ့ကလေးသူငယ်များနေ့ အကြိုအခမ်းအနားကျင်းပခြင်း

နေ့စွဲ – ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်။

နိုဝင်ဘာလ (၁၈) ရက်၊ ၂၀၂၃ ခုနှစ်တွင်ကျရောက်ခဲ့သော ကမ္ဘာတစ်ဝှမ်းရှိ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု၊ အလွဲသုံးစားမှုနှင့်အကြမ်းဖက်မှုတို့မှ တားဆီးကာကွယ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးနေ့ အခမ်းအနားနှင့်အတူ လာမည့်နိုဝင်ဘာလ ( ၂၀ )ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ကလေးသူငယ်များနေ့ အကြိုအခမ်းအနားအား New Myanmar foundation မှဦးစီး၍ ထိုင်း – မြန်မာနယ်စပ်တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ New Myanmar foundation ၏ Executive Director ‌ဒေါက်တာစန်းအောင်မှ ကလေးသူငယ်များနှင့်ပတ်သတ်၍ သိမှတ်ဖွယ်ရာအဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် အထူးဖိတ်ကြားထားသူများမှလည်း ကလေးသူငယ်များဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာအသိ ပညာများ အသီးသီးပြောကြားပေးခဲ့ကြပါသည်။

ထို့နောက် ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရခြင်း၊ အကြမ်းဖက်ခံရခြင်း၊ ချိုးဖောက်ခံရခြင်းများအား ကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးတို့နှင့်သက်ဆိုင်သည့် အကြောင်းအရာများပါဝင်သော လက်ကမ်းစာစောင်များကိုလည်း ‌ပေး‌ဝေခဲ့ကာအခမ်းအ နားသို့ တက်ရောက်လာသူများအား မုန့်များဖြင့်တည်ခင်းဧည့်ခံကျွေးမွေးခြင်း၊ ကလေးငယ်များနှင့် ပျော်ရွှင်စွာဆော့ကစားပြီး လက် ဆောင်ပစ္စည်းများပေးဝေခဲ့ပြီးနောက် အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!