𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 အစီအစဉ်

New Myanmar Foundation သည် ၂၀၂၂ ခုနှစ်၊ မတ်လမှစတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအတွက် Safe House အစီအစဉ်ကို ဆောင်ရွက်လျက်ရှိပါသည်။

New Myanmar Foundation ၏ Safe House များတွင် အမျိုးသမီးသီးသန့်၊ အမျိုးသားသီးသန့်နှင့် မိသားစု Safe House များဟုခွဲ ခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေလုံခြုံစွာ နေနိုင်မည်ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၅)ဦးစီအတူနေထိုင်ရမည် ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ မိသားစု (၅) ဦးဖြစ်ပါကအခန်းရရှိမည်ဖြစ်ပြီး မိသားစု (၅) ဦးမရှိပါက အခန်းလွတ်လျှင် ၎င်းအခန်းများတွင်ခေတ္တနေနိုင်ပြီး မိသားစု (၅) ဦးလာပါက ၎င်းတို့ကို ဦးစားပေးရမည် ဖြစ်ပါသည်။

Safe House တွင်နေထိုင်စဉ်ကာလအတွင်း မီးဖိုချောင်သုံးပစ္စည်းများ၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးများ၊ အိမ်တွင်းပရိဘောဂများပံ့ပိုးပေးထားပါသည်။ Wi-Fi Internet များလည်းတပ်ဆင်ပေးထားပြီး သွားလာရေးအတွက် စက်ဘီးများ၊ ဆိုင်ကယ်နှင့် လိုအပ်ပါက ကားကိုကြိုတင်တောင်းဆိုပြီး အသုံးပြုခွင့်ပေးထားပါသည်။ ထို့အပြင် Safe House တွင်နေထိုင်သော မိသားစုများအတွက် အခြေခံကျန်း မာရေးစောင့်ရှောက်မှုကို တာဝန်ယူဆောင်ရွက်ပေးပါသည်။ အသိပညာတိုးပွားစေရန် ရည်ရွယ်သော စာကြည့်တိုက်တစ်ခုကို အောက် တိုဘာလအတွင်း စတင်တည်ထောင်ထားပြီး ဖြစ်ပါသည်။ စားနပ်ရိက္ခာအတွက် စတင်ရောက်ရှိချိန်တွင် အရေးပေါ်ရိက္ခာ လျှောက်နိုင်ပြီး New Myanmar Foundation မှ ပုံမှန်အခြေခံစားနပ်ရိက္ခာအစီအစဉ်ကိုလည်း လျှောက်ထားနိုင်ပါသည်။ Safe House ကူညီပေးနိုင်သောကာလမှာ (၃) လဖြစ်ပါသည်။

Safe House ၌နေစဉ် ကာလအတွင်း New Myanmar Foundation မှ အောက်ဖော်ပြပါ ဝန်ဆောင်မှုများအားလည်း စီစဉ်ဆောင် ရွက်ပေးလျက်ရှိပါသည်။  

  • အင်္ဂလိပ်စာသင်တန်း၊ ထိုင်းစာသင်တန်း၊ Digital Security သင်တန်းနှင့် လူ့အခွင့်အရေးသင်တန်း၊ အခြေခံမော်တာစက်ချုပ်သင်တန်း၊ ကွန်ပျူတာ Excel သင်တန်း၊ စိတ်ခွန်အားမြှင့်တင်ရေးသင်တန်းများကို အခမဲ့တက်ရောက်နိုင်ပါသည်။
  • အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း Safe House တွင်နေထိုင်သူများ၏ သဘောဆန္ဒပေါ်မူတည်ပြီး ကူညီရှာဖွေပေးလျှက် ရှိပါသည်။
  • အရေးပေါ်ဆေးကုသမှု/ ပုံမှန်ဆေးကုသမှုလုပ်ငန်းများကိုလည်း တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည်။
  • ကျောင်းနေအရွယ်ကလေးများအား ကျောင်းအပ်နှံပေးခြင်း/ ကူညီ၍သင့်တော်သောကျောင်းများရှာပေးခြင်း (သို့) New Myanmar Foundation မှဖွင့်လှစ်ထားသော Online Education School တွင် တက်ရောက်ပညာသင်ကြားနိုင်ရန်အတွက် စီစဉ်ပေးခြင်းများကိုလည်း Safe House တွင်နေထိုင်သူများ၏ သဘောဆန္ဒပေါ်မူတည်ပြီး ကူညီလုပ်ဆောင်ပေးလျှက်ရှိပါ သည်။

Safe House တွင်နေထိုင်သူ တစ်ဉီးချင်း၏ လိုအပ်ချက်များကို အသေးစိတ်စုံစမ်းမေးမြန်းပြီး အတက်နိုင်ဆုံး ဖြည့်ဆည်းပေးမည်ဖြစ်ပါသဖြင့် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအနေဖြင့် သိရှိနိုင်ပါရန်လည်း သတင်းကောင်းပါးအပ်ပါသည်။ New Myanmar Found- ation ၏ Safe House တွင် နေထိုင်ခွင့်အတွက်လျှောက်ထားသူမှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဖြစ်ရမည်ဖြစ်ပြီး၊ အကျင့် စာရိတ္တကောင်းမွန်ပြီး လူအများနှင့် သင့်တင့်မျှတာစွာနေနိုင်သူ ဖြစ်ရပါမည်။

အထက်ပါအချက်နှင့်ကိုက်ညီပြီး ထောက်ခံပေးမည့် ပုဂ္ဂိုလ် (၂) ဦးရှိပါက New Myanmar Foundation ၏ Safe House လျှောက် ထားခြင်းဆိုင်ရာဖုန်း၏ Signal နံပါတ် (၀၉၄၇၈၄၁၉၆၇) သို့ တနင်္လာမှ သောကြာနေ့များတွင် မနက် (၉) နာရီမှ ညနေ (၅) နာရီခွဲအ တွင်းဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။

#NewMyanmarFoundation

#safehouse

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!