New Myanmar Foundation မှ ၁၁၁၁ အောင်သပြေ လှုပ်ရှားမှု အခမ်းအနားကျင်းပခြင်း

နေ့စွဲ – ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်။

နိုဝင်ဘာလ (၁၁) ရက်၊ ၂၀၂၃ ခုနှစ်တွင် (၁၁၁၁) အောင်သပြေလှုပ်ရှားမှု အခမ်းအနားအား New Myanmar foundation မှ ဦးစီး၍ ထိုင်း – မြန်မာ နယ်စပ် တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ New Myanmar foundation ၏ Executive Director ‌ဆရာဒေါက်တာစန်းအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ပြည်သူ့ပန်းတိုင်မှ ဆရာနောင်ရိုး၊ မေမေ့ရင်ခွင် Foundationမှ ဆရာဦးသန်းမြင့်အောင် နှင့် Breaking Brainwork Media မှ ဆရာထက်မြက် တို့မှလည်း အသီးသီးအမှာစကားများ ပြောကြားပေးခဲ့ကြပါသည်။

ထို့နောက် မြန်မာပြည်တွင်းရှိ ပြည်သူ့ရဲဘော်များဆင်နွှဲလျက်ရှိသော စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရရှိရေးတိုက်ပွဲများတွင် အောင်ပွဲများ ဆွတ်ခူးနိုင်စေရန်နှင့် အကြမ်းဖက် စစ်တပ်လက်အောက်မှ တပ်ဖွဲ့ဝင် များအနေဖြင့်လည်း ဖက်ဆစ် စစ်တပ်ကို အမြန်ဆုံးစွန့်ခွာ၍ ပြည်သူ့ရင်ခွင် ခိုလှုံကြရန်ရည်ရွယ်၍ တစ်ဦးနှင့်တစ်ဦး သပြေပန်းများ ဖလှယ်ခဲ့ကြပြီး (၁၁၁၁) အောင်သပြေလှုပ်ရှားမှုအခမ်းအနားအား အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!