စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၂၄) အတွက် သင်တန်းသားခေါ်ယူခြင်း

ရက်စွဲ ။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက် ။ မင်္ဂလာပါ။ Blossom Future (ပွင့်သစ်ဝေ) မှ နှုတ်ခွန်းဆက်သအပ်ပါသည်။ Blossom Future (ပွင့်သစ်ဝေ) အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ ပြောင်းရွှေ့ နေထိုင်နေကြသော မြန်မာပြည်သူများအတွက် (၁)လကြာ နေ/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို ကျွမ်းကျင်သော သင်တန်းဆရာများမှ စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ရာ Thai-Japan Education Development Foundation (TJEDF) မှ ထောက်ပံ့ကူညီမှုဖြင့် အပတ်စဉ်(၂၄)သင်တန်းကို လာမည့်နိုဝင်ဘာလအတွင်း သင်တန်းပြုလုပ်သွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးအား အမှန်တကယ် စိတ်ပါဝင်စားပြီး အသက်မွေးဝမ်းကြောင်းအဖြစ် ပြန်လည်လုပ်ကိုင်လိုသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ သင်တန်းတွင် မှိုစိုက်ပျိုးနည်းသာမက ရာသီပေါ်သီးနှံများဖြစ်သည့် ကန်စွန်းရွက်၊ […]

ထိုင်းဘာသာစကားပြော အခမဲ့အွန်လိုင်းသင်တန်းများ အပတ်စဥ် (၂၄) အတွက် သင်တန်းသား ခေါ်ယူခြင်း။

ထိုင်းနိုင်ငံမဲဆောက်မြို့နှင့် ပတ်ဝန်းကျင်‌ဒေသများတွင် ရောက်ရှိနေသည့် မြန်မာပြည်သူ/ပြည်သားများ အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူဖြစ်စေရန်၊ လက်ရှိလုပ်ငန်းခွင် ဝင်ရောက်နေသူများအနေဖြင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် ပိုမိုထိရောက်လွယ်ကူစေရန်နှင့် မြန်မာပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် 𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) ဖောင်ဒေးရှင်း မှ အခြေခံ ထိုင်းဘာသာစကားပြောသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။ ယခုအခါ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစတင်၍ အခြေခံထိုင်းဘာသာစကားအွန်လိုင်းသင်တန်း အပတ်စဉ် (၂၄) ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။ သင်တန်းကာလအနေဖြင့် (၂) လအထိ ကြာမြင့်မည်ဖြစ်ပြီး ထိုင်းဘာသာစကားကို စိတ်ပါဝင်စား သင်ယူလိုသော ထိုင်းနိုင်ငံရောက် မြန်မာပြည်သူ/ပြည်သားများ လျှောက်ထားနိုင်ပါသည်။ သင်တန်းများကို အောက်ပါအချိန်ဇယားများအတိုင်း အွန်လိုင်း (Online) စနစ်ဖြင့် တန်းခွဲများခွဲ၍ သင်ကြားပေးသွားမည်ဖြစ်ရာ မိမိတို့ […]

Blossom Future (ပွင့်သစ်ဝေ) မှ စိုက်ပျိုးမြေအခမဲ့အသုံးပြုခွင့် ထောက်ပံ့ရေးအစီအစဉ်အတွက် လျှောက်လွှာများ ထပ်မံခေါ်ယူခြင်း

ရက်စွဲ ။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၂၉ ရက် ။ မင်္ဂလာပါ၊ Blossom Future (ပွင့်သစ်ဝေ) မှ နွေးထွေးစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။ Blossom Future (ပွင့်သစ်ဝေ) သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အတွင်း ပြောင်းရွှေ့နေထိုင်လျက်ရှိကြသော မြန်မာပြည်သူ/သားများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါလုပ်ငန်းများတွင် အသက်မွေးဝမ်းကြောင်း ပြန်လည်ထူထောင်နိုင်ရန်ရည်ရွယ်၍ တစ်လတာ စိုက်ပျိုးရေးသင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ အဆိုပါစိုက်ပျိုးရေးသင်တန်းတွင် အောင်မြင်စွာ ပြီးဆုံးထားသော သင်တန်းသား/သူများအပါအဝင်၊ စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်လိုသူများ၊ ကိုယ်ပိုင်စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး ရှေရှည်တိုးချဲရန် ရည်ရွယ်ထားသူများအား စိုက်ပျိုးမြေနေရာ အခမဲ့ကူညီ ထောက်ပံ့ပေးသွားပါမည်။ သို့ပါ၍ ထိုင်းနိုင်ငံ၊ မဲဆောက်၊ ဖရာဒါ့ဖာဒဲရပ်ကွက်အတွင်းရှိ Blossom Future (ပွင့်သစ်ဝေ) မှတဆင့် ငှားရမ်းထားသော […]

စိတ်ဖိစီးမှုဖြေရှင်းခြင်း အသိပညာဖွင့် ဆွေးနွေးပွဲတက်ရောက်ရန် သင်တန်းသားခေါ်ယူခြင်း (𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗳𝗼𝗿𝗺 𝗳𝗼𝗿 𝗦𝘁𝗿𝗲𝘀𝘀 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 𝘄𝗼𝗿𝗸𝘀𝗵𝗼𝗽)

မင်္ဂလာပါခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ) မှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ) အနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိလာသော မြန်မာပြည်သူများအတွက် စိတ်ဖိစီးမှုတွေ၊ ပူပန်မှုတွေ၊ နေ့စဉ်ဘဝရဲ့ ဖိအားတွေကြားမှာ ကိုယ့်စိတ်ကျန်းမာရေးကို ဂရုစိုက်တတ်စေရေး အသိပညာများမျှဝေရန် ရည်ရွယ်ချက်ဖြင့် ယခုဆွေးနွေးပွဲအား ၂၀၂၆ ခုနှစ်၊ ဇွန်လမှစတင်၍ စတင်ဖွင့်လှစ်ခဲ့ရာ လာမည့်နိုဝင်ဘာလတွင် သင်တန်းထပ်မံဖွင့်လှစ်မည်ဖြစ်ပါ၍ သင်တန်းအား အမှန်တကယ် စိတ်ပါဝင်စားသော မည်သူမဆို တက်ရောက်နိုင်ရန် ယခုလျှောက်လွှားအား ဖြည့်သွင်းစာရင်းပေးနိုင်ပြီ ဖြစ်ပါသည်။ ရည်ရွယ်ချက် ————- သင်တန်း၏ အဓိကရည်ရွယ်ချက်အားဖြင့် မဲဆောက်မြို့အတွင်း ရောက်ရှိလာကြသည့် မြန်မာပြည်သူများအတွက် စိတ်ဖိစီးမှုတွေ၊ ပူပန်မှုတွေ၊ နေ့စဉ်ဘဝရဲ့ ဖိအားတွေကြားမှာ ကိုယ့်စိတ်ကျန်းမာရေးကို […]

မဲဆောက်ခရိုင်အကျဉ်းထောင်သို့ ပွင့်သစ်ဝေ၏ စိုက်ပျိုးရေးခြံထွက် ဟင်းသီးဟင်းရွက်များ လှူဒါန်းခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးခြင်း

ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက် ။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် မဲဆောက်ခရိုင်အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများအတွက် အာဟာရပြည့်ဝသော အစားအစာများ ရရှိစေရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရန် ရည်ရွယ်၍ ပွင့်သစ်ဝေ၏ စိုက်ပျိုးရေးခြံထွက် ဟင်းသီးဟင်းရွက်များအား သွားရောက်လှူဒါန်းခဲ့ပါသည်။ အဆိုပါလှူဒါန်းမှုအတွက် အဖွဲ့အစည်း၏ စိုက်ပျိုးရေးခြံတွင် သဘာဝနည်းလမ်းဖြင့် စိုက်ပျိုးပြီး ကိုယ်တိုင်ရိတ်သိမ်းထားသည့် ဟင်းသီးဟင်းရွက်မျိုးစုံ စုစုပေါင်း ၂၄၇ ကီလိုဂရမ်ကို မဲဆောက်ခရိုင်အကျဉ်းထောင်သို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ပွင့်သစ်ဝေ၏ စိုက်ပျိုးရေးခြံထွက် ဟင်းသီးဟင်းရွက်များကို အကျဉ်းထောင်အတွင်းရှိ အမျိုးသားအကျဉ်းသား ၉၀၉ ဦးနှင့် အမျိုးသမီးအကျဉ်းသား ၁၄၀ ဦး၊ စုစုပေါင်း ၁,၀၄၉ ဦး ၏ နေ့စဉ်စားသောက်မှုအတွက် လှူဒါန်းပေးခဲ့ခြင်းဖြစ်ပါသည်။ မိမိတို့အဖွဲ့အစည်း၏ စိုက်ပျိုးရေးခြံမှ […]

အခြေခံစားနပ်ရိက္ခာမျှဝေမည့် နောက်ဆုံးရက် ကြေညာခြင်း

ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။ Blossom Future (ပွင့်သစ်ဝေ)မှ စက်တင်ဘာလအတွက် အခြေခံစားနပ်ရိက္ခာထုတ်ယူရန် အကြောင်းကြားစာ ရရှိထားသော်လည်း ယခုအချိန်အထိ လာရောက်ထုတ်ယူခြင်း မရှိသေးသည့် ဆရာ/ဆရာမများအနေဖြင့် “၂၉.၁၀.၂၀၂၆” ရက် (ကြာသပတေးနေ့) နေ့လည် ၁ နာရီမှ ညနေ ၅ နာရီအတွင်း ဆရာ/ဆရာမတို့၏ တစ်ဦးချင်း Signal များထံ ပေးပို့ထားသည့် သတ်မှတ်တည်နေရာနံပါတ် (၁) တွင် လာရောက်ထုတ်ယူပေးကြပါရန် လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။ ၂၉.၁၀.၂၀၂၆ ရက် (ကြာသပတေးနေ့) သည် ရိက္ခာလာရောက်ထုတ်ယူရန် နောက်ဆုံးသတ်မှတ်ထားသည့်နေ့ရက် ဖြစ်ပါသဖြင့် သတ်မှတ်ထားသည့် အချိန်အတွင်း လာရောက်ထုတ်ယူခြင်းမရှိပါက ပယ်ဖျက်စာရင်းဝင်သွားမည် ဖြစ်ပါကြောင်း ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ ဆရာ/ဆရာမများအနေဖြင့် နောက်ဆုံးသတ်မှတ်ထားသည့် နေ့ရက်နှင့် […]

မဲဆောက်မြို့နယ် ချူလာလောင်ကွန်းနေ့ (Chulalongkorn Day) အထိမ်းအမှတ်အခမ်းအနား ပြင်ဆင်ခြင်းနှင့် နေရာချထားခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်မှု

ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် မဲဆောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဖိတ်ကြားချက်အရ လာမည့် ချူလာလောင်ကွန်းနေ့အထိမ်းအမှတ် အခမ်းအနားအတွက် ကူညီပြင်ဆင်ပေးနိုင်ရန် Blossom Future မှ စေတနာ့ဝန်ထမ်းအဖွဲ့ဝင် ၇ ဦးဖြင့် ပူးပေါင်းပါဝင်ကူညီပေးခဲ့ပါသည်။ ထိုသို့ ပူးပေါင်းကူညီရခြင်းမှာ ဘုရင်ကြီး ချူလာလောင်ကွန်း၏ အထိမ်းအမှတ်ကျောက်တိုင် (King Chulalongkorn Monument) ပတ်ဝန်းကျင်ရှိ အခမ်းအနားကျင်းပမည့် နေရာထိုင်ခင်းများ ပြင်ဆင်ရာ၌ Blossom Future အဖွဲ့ထံ ဝိုင်းဝန်းကူညီပေးနိုင်ရေး မဲဆောက်မြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ တိုက်ရိုက်အကူအညီတောင်းခံမှုအရ ကူညီပေးခဲ့ခြင်း ဖြစ်ပါသည်။ စေတနာ့ဝန်ထမ်းအဖွဲ့၏ တက်ကြွစွာ ပူးပေါင်းကူညီပေးမှုအား မဲဆောက်မြို့နယ်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဒေသခံအာဏာပိုင်များနှင့် အခမ်းအနားစီစဉ်သူအဖွဲ့တို့ထံမှ […]

စိုက်ပျိုးရေးခြံထွက်သီးနှံများလှူဒါန်းခြင်း

Blossom Future (ပွင့်သစ်ဝေ)မှ စိုက်ပျိုးရေးခြံထွက်သီးနှံများဖြစ်သော ကြက်ဟင်းခါးသီး – 54 kg ဘူးသီး – 148 kg ရုံးပတီသီး – 53 kg ကန်စွန်းရွက် – 60 kg သခွါးသီး – 264 kg ပဲတောင့်ရှည် – 109 kg ဗုံလုံသီး – 91 kg ခဝဲသီး – 129 မုန်လာပင် – 38 kg ကျောက်ဖရုံသီး – 29 kg ခရမ်းသီး – 13 kg စိုက်ပျိုးရေးသီးနှံစုစုပေါင်း – 1120 kg တို့အား ၁၄.၁၀.၂၀၂၆ ရက်တွင် SAW […]

ရာမ ၉ ဘုရင်ကြီး Bhumibol Adulyadej မဟာရာဇာဘုရင်အား ဂုဏ်ပြုစီစဉ်သည့် တော်ဝင်အောက်မေ့ဖွယ်နေ့အခမ်းအနား ကြိုတင်ပြင်ဆင်မှုများတွင် ပါဝင်ဆောင်ရွက်မှု

ရက်စွဲ – ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် Blossom Future အဖွဲ့သည် မဲဆောက်မြို့နယ်ရုံး၏ တိုက်ရိုက်အကူအညီတောင်းခံမှုအရ Blossom Future မှ စေတနာ့ဝန်ထမ်း ၈ ဦးကို စေလွှတ်ကာ ထိုင်းနိုင်ငံ၏ ရာမ ၉ ဘုရင်ကြီးဖြစ်သော Bhumibol Adulyadej မဟာရာဇာဘုရင်အား ဂုဏ်ပြုအောက်မေ့ဖွယ် အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အကူအညီတောင်းခံမှုကို မဲဆောက်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး၏ တိုက်ရိုက်တောင်းဆိုမှုအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျင်းပမည့် တော်ဝင်အောက်မေ့ဖွယ်နေ့အခမ်းအနား ကြိုတင်ပြင်ဆင်ရန်အတွက် ရည်ရွယ်ပါသည်။ စေတနာ့ဝန်ထမ်းအဖွဲ့သည် မဲဆောက်မြို့ရှိ OTOP Center သို့ […]

Blossom Future (ပွင့်သစ်ဝေ)မှ စိုက်ပျိုးရေးခြံထွက်သီးနှံများလှူဒါန်းမှု

Blossom Future (ပွင့်သစ်ဝေ)မှ စိုက်ပျိုးရေးခြံထွက်သီးနှံများဖြစ်သော ကြက်ဟင်းခါးသီး – ၈၆ ကီလို ဘူးသီး – ၈၀ ကီလို ရုံးပတီသီး – ၂၉ ကီလို ချဉ်ပေါင်ရွက် – ၁၄ ကီလို သခွါးသီး – ၃၆၈ ကီလို ပဲတောင့်ရှည် – ၆၄ ကီလို ဗုံလုံသီး – ၆၂ ကီလို ခဝဲသီး – ၅၀ ကီလို မုန်လာပင် – ၃၄ ကီလို ခရမ်းသီး – ၁၈ ကီလို သင်္ဘောသီး – ၅၅ ကီလို ငြုပ်ပွသီး – ၁၆ ကီလို စုစုပေါင်း ၈၈၂ ကီလို […]

error: Content is protected !!