တနိုင်တပိုင်မွေးမြူရေးလုပ်ငန်းထောက်ပံ့မှုအစီအစဉ်မှ ဝက်မွေးမြူရေးလျှောက်လွှာ လူပြည့်ပြီဖြစ်ကြောင်း အသိပေးခြင်း

မင်္ဂလာပါ၊ Blossom Future (ပွင့်သစ်ဝေ)မှ နှုတ်ခွန်းဆက်သလိုက်ပါသည်။ Blossom Future (ပွင့်သစ်ဝေ)မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အတွင်း ပြောင်းရွှေ့နေထိုင်နေကြသူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုလုပ်ငန်းများအား ကြိုးစားအားထုတ်လျက်ရှိရာ ယခုအခါ အသက်မွေးဝမ်းကြောင်းကဏ္ဍတစ်ခုအနေဖြင့် အသေးစားမွေးမြူရေးဆိုင်ရာ ကူညီထောက်ပံ့ရေးလုပ်ငန်းစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် လျှောက်လွှာတင်ထားသော ဖောင်များကိုလည်း စိစစ်ရွေးချယ်လျက်ရှိပြီး ရွေးချယ်ခံရသူများအား ကြိုတင် အကြောင်းကြားပေးမည်ဖြစ်ပါသည်။ ဖြန့်ဖြူးမည့်ရက်မတိုင်ခင် ၁ ရက်အလိုတွင်လည်း ဖုန်းဖြင့်ထပ်မံခေါ်ဆို၍ အကြောင်းကြားပေးပါမည်။ ယခုနှစ် အောက်တိုဘာလမှစတင်ပြီး ဖြန့်ဖြူးရေးလုပ်ငန်းစဉ်များအား ဆောင်ရွက်လျက်ရှိရာ သက်ရှိများကို ဖြန့်ဖြူးရခြင်း ဖြစ်သည့်အတွက်ကြောင့် အချိန်အတိုင်းအတာတစ်ခု သည်းခံစောင့်ဆိုင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အရေးကြီးအသိပေးချက် (ဝက်မွေးမြူရေးလျှောက်လွှာ လက်ခံမှုပိတ်သိမ်းခြင်း) ဝက်မွေးမြူရေးထောက်ပံ့ရေးအတွက် လျှောက်ထားသူ အရေအတွက်မှာ သတ်မှတ်ထားသော အရေအတွက် (အိမ်ထောင်စု ၂၄၅ စု) ပြည့်မြောက်သွားပြီဖြစ်ပါသဖြင့် ဝက်မွေးမြူရေး […]

စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၂၅) အတွက် သင်တန်းသားခေါ်ယူခြင်း

ရက်စွဲ ။ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက် ။ မင်္ဂလာပါ။ Blossom Future (ပွင့်သစ်ဝေ) မှ နှုတ်ခွန်းဆက်သအပ်ပါသည်။ Blossom Future (ပွင့်သစ်ဝေ) အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြိုသို ပြောင်းရွှေ့ နေထိုင်နေကြသော မြန်မာပြည်သူများအတွက် (၁)လကြာ နေ/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို ကျွမ်းကျင်သော သင်တန်းဆရာများမှ စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ရာ Thai-Japan Education Development Foundation (TJEDF) မှ ထောက်ပံ့ကူညီမှုဖြင့် အပတ်စဉ်(၂၅)သင်တန်းကို လာမည့်ဒီဇင်ဘာလအတွင်း သင်တန်းပြုလုပ်သွားမည် ဖြစ်ပါသည်။ သိုဖြစ်ပါ၍ စိုက်ပျိုးရေးအား အမှန်တကယ် စိတ်ပါဝင်စားပြီး အသက်မွေးဝမ်းကြောင်းအဖြစ် ပြန်လည်လုပ်ကိုင်လိုသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ သင်တန်းတွင် မှိစိုက်ပျိုးနည်းသာမက ရာသီပေါ်သီးနှံများဖြစ်သည့် ကန်စွန်းရွက်၊ […]

Blossom Future (ပွင့်သစ်ဝေ) ၏ ယာယီနေရာထိုင်ခင်း အစီအစဉ်

Blossom Future (ပွင့်သစ်ဝေ) သည် ၂၀၂၁ ခုနှစ်၊ ဧပြီလမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများ အပါအဝင် မဲဆောက်သို့ တိမ်းရှောင် ရောက်ရှိလာသော မြန်မာပြည်သူများအတွက် ခိုလှုံရန် ယာယီနေရာထိုင်ခင်းများကို ကူညီရှာဖွေ ဆောင်ရွက်လျက်ရှိပါသည်။ Blossom Future (ပွင့်သစ်ဝေ) ၏ ယာယီ နေရာထိုင်ခင်းများတွင် အမျိုးသမီးသီးသန့် အမျိုးသားသီးသန့်နှင့် မိသားစု စသဖြင့် ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေလုံခြုံစွာ နေထိုင်နိုင်မည်ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၄) ဦးစီ အတူနေထိုင်ရမည်ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ သီးသန့်အခန်းများ ရရှိနိုင်ရန်အတွက် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါမည်။ ယာယီနေရာထိုင်ခင်းတွင် ကူညီပေးနိုင်သော နေထိုင်ခွင့်ကာလမှာ December 2026 လကုန်ထိဖြစ်ပြီး January 2027 နှင့် February […]

Blossom Future (ပွင့်သစ်ဝေ)မှ စိုက်ပျိုးရေးခြံထွက်ဟင်းသီးဟင်းရွက်များ လှူဒါန်းမှု

Blossom Future (ပွင့်သစ်ဝေ)၏ စိုက်ပျိုးရေးခြံမှ ထွက်ရှိသော – ကြက်ဟင်းခါးသီး – ၂၀ ကီလိုဂရမ် ရုံးပတီသီး – ၁၀၀ ကီလိုဂရမ် ကန်စွန်းရွက် – ၇၅ ကီလိုဂရမ် ချဉ်ပေါင်ရွက် – ၂၀ ကီလိုဂရမ် သခွားသီး – ၆၃၆ ကီလိုဂရမ် ပဲတောင့်ရှည် – ၉၉ ကီလိုဂရမ် ကျောက်ဖရုံသီး – ၄၆ ကီလိုဂရမ် ခဝဲသီး – ၃၉ ကီလိုဂရမ် မုန်လာပင် – ၁၀၆ ကီလိုဂရမ် ခရမ်းသီး – ၁၂ ကီလိုဂရမ် သ‌ေင်္ဘာသီး – ၂၂ ကီလိုဂရမ် ကျောက်ဖရုံသီး – ၂၅ ကီလိုဂရမ် စိုက်ပျိုးရေးသီးနှံစုစုပေါင်း […]

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလအတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန်သတင်းစကားပါးခြင်း

ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။ ၂၀၂၆ နိုဝင်ဘာလအတွင်း ပုံမှန်ရိက္ခာလျှောက်ထားမှုများကို 04-Nov-2026 မှစ၍ လျှောက်ထားနိုင်ပြီဖြစ်ပါသည်။ မဲဆောက်ရောက် ဒီမိုကရေစီအင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းသူများ၊ နာမကျန်းသူများ၊ မိဘမဲ့ကလေးများ(အုပ်ထိန်းသူမရှိသူများ)၊ အသက်(၆၀)အထက်ပုဂ္ဂိုလ်များ(ကျောထောက်နောက်ခံသား/သမီး မရှိသူများ) လျှောက်ထားနိုင်ပါသည်။ အထက်ပါအချက်များအတွက် လိုအပ်မည့် အထောက်အထားများပြပါရန် ပန်ကြားအပ်ပါသည်။ အောက်ပါပုဂ္ဂိုလ်များအပါအဝင် ဒီမိုကရေစီအင်အားစုများသည် အထက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ပါသည်။ ၁။ စစ်/ရဲ နှင့် အရပ်သား CDM များ / မိသားစုဝင်များ။ ၂။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးအတွက် တက်ကြွလှုပ်ရှားသူများနှင့် မိသားစုဝင်များ။ ၃။ ၁၀-၂-၂၀၂၄ စစ်မှုထမ်းအမိန့် ပြဌာန်းပြီးနောက် မဲဆောက်သို့ ရှောင်တိမ်းလာရသည့် စစ်မှုထမ်းရှောင် မိသားစုဝင်များ။  ရိက္ခာလျှောက်ထားမှုတွင် […]

Blossom Future (ပွင့်သစ်ဝေ) ၏ 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 𝐈𝐧𝐝𝐢𝐯𝐢𝐝𝐮𝐚𝐥 𝐇𝐨𝐮𝐬𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦 Assistant ရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်း

Blossom Future သည် ၂၀၂၁ ခုနှစ်မှ ယနေ့အထိ Safe House အစီအစဥ်အား ဆောင်ရွက်လျက်ရှိရာ Safe House များတွင် တခြားသူများနှင့်အတူနေထိုင်ရန် အခက်အခဲရှိသူများအတွက် သီးခြားနေရာထိုင်ခင်း၊ အိမ်ခန်း (Individual Housing) များကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ၎င်းအစီအစဉ် အတွက် ဝန်ထမ်း (Program Assistant) လျှောက်လွှာများ ခေါ်ယူနေပါသည်။ ရာထူး – Safehouse Individual Housing Program Assistant ။ လျှောက်လွှာလက်ခံမည့်ကာလ – ၃.၁၁.၂၀၂၆ ရက် မှ ၁၀.၁၁.၂၀၂၆ ရက်နေ့အထိ ။ နေရာ – မဲဆောက်မြို့ ။ အစမ်းခန့်ကာလ – ၃ လ ။ လစာ – […]

စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၂၄) အတွက် သင်တန်းသားခေါ်ယူခြင်း

ရက်စွဲ ။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက် ။ မင်္ဂလာပါ။ Blossom Future (ပွင့်သစ်ဝေ) မှ နှုတ်ခွန်းဆက်သအပ်ပါသည်။ Blossom Future (ပွင့်သစ်ဝေ) အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ ပြောင်းရွှေ့ နေထိုင်နေကြသော မြန်မာပြည်သူများအတွက် (၁)လကြာ နေ/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို ကျွမ်းကျင်သော သင်တန်းဆရာများမှ စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ရာ Thai-Japan Education Development Foundation (TJEDF) မှ ထောက်ပံ့ကူညီမှုဖြင့် အပတ်စဉ်(၂၄)သင်တန်းကို လာမည့်နိုဝင်ဘာလအတွင်း သင်တန်းပြုလုပ်သွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးအား အမှန်တကယ် စိတ်ပါဝင်စားပြီး အသက်မွေးဝမ်းကြောင်းအဖြစ် ပြန်လည်လုပ်ကိုင်လိုသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ သင်တန်းတွင် မှိုစိုက်ပျိုးနည်းသာမက ရာသီပေါ်သီးနှံများဖြစ်သည့် ကန်စွန်းရွက်၊ […]

ထိုင်းဘာသာစကားပြော အခမဲ့အွန်လိုင်းသင်တန်းများ အပတ်စဥ် (၂၄) အတွက် သင်တန်းသား ခေါ်ယူခြင်း။

ထိုင်းနိုင်ငံမဲဆောက်မြို့နှင့် ပတ်ဝန်းကျင်‌ဒေသများတွင် ရောက်ရှိနေသည့် မြန်မာပြည်သူ/ပြည်သားများ အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူဖြစ်စေရန်၊ လက်ရှိလုပ်ငန်းခွင် ဝင်ရောက်နေသူများအနေဖြင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် ပိုမိုထိရောက်လွယ်ကူစေရန်နှင့် မြန်မာပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် 𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) ဖောင်ဒေးရှင်း မှ အခြေခံ ထိုင်းဘာသာစကားပြောသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။ ယခုအခါ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစတင်၍ အခြေခံထိုင်းဘာသာစကားအွန်လိုင်းသင်တန်း အပတ်စဉ် (၂၄) ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။ သင်တန်းကာလအနေဖြင့် (၂) လအထိ ကြာမြင့်မည်ဖြစ်ပြီး ထိုင်းဘာသာစကားကို စိတ်ပါဝင်စား သင်ယူလိုသော ထိုင်းနိုင်ငံရောက် မြန်မာပြည်သူ/ပြည်သားများ လျှောက်ထားနိုင်ပါသည်။ သင်တန်းများကို အောက်ပါအချိန်ဇယားများအတိုင်း အွန်လိုင်း (Online) စနစ်ဖြင့် တန်းခွဲများခွဲ၍ သင်ကြားပေးသွားမည်ဖြစ်ရာ မိမိတို့ […]

Blossom Future (ပွင့်သစ်ဝေ) မှ စိုက်ပျိုးမြေအခမဲ့အသုံးပြုခွင့် ထောက်ပံ့ရေးအစီအစဉ်အတွက် လျှောက်လွှာများ ထပ်မံခေါ်ယူခြင်း

ရက်စွဲ ။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၂၉ ရက် ။ မင်္ဂလာပါ၊ Blossom Future (ပွင့်သစ်ဝေ) မှ နွေးထွေးစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။ Blossom Future (ပွင့်သစ်ဝေ) သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အတွင်း ပြောင်းရွှေ့နေထိုင်လျက်ရှိကြသော မြန်မာပြည်သူ/သားများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါလုပ်ငန်းများတွင် အသက်မွေးဝမ်းကြောင်း ပြန်လည်ထူထောင်နိုင်ရန်ရည်ရွယ်၍ တစ်လတာ စိုက်ပျိုးရေးသင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ အဆိုပါစိုက်ပျိုးရေးသင်တန်းတွင် အောင်မြင်စွာ ပြီးဆုံးထားသော သင်တန်းသား/သူများအပါအဝင်၊ စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်လိုသူများ၊ ကိုယ်ပိုင်စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး ရှေရှည်တိုးချဲရန် ရည်ရွယ်ထားသူများအား စိုက်ပျိုးမြေနေရာ အခမဲ့ကူညီ ထောက်ပံ့ပေးသွားပါမည်။ သို့ပါ၍ ထိုင်းနိုင်ငံ၊ မဲဆောက်၊ ဖရာဒါ့ဖာဒဲရပ်ကွက်အတွင်းရှိ Blossom Future (ပွင့်သစ်ဝေ) မှတဆင့် ငှားရမ်းထားသော […]

စိတ်ဖိစီးမှုဖြေရှင်းခြင်း အသိပညာဖွင့် ဆွေးနွေးပွဲတက်ရောက်ရန် သင်တန်းသားခေါ်ယူခြင်း (𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗳𝗼𝗿𝗺 𝗳𝗼𝗿 𝗦𝘁𝗿𝗲𝘀𝘀 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 𝘄𝗼𝗿𝗸𝘀𝗵𝗼𝗽)

မင်္ဂလာပါခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ) မှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ) အနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိလာသော မြန်မာပြည်သူများအတွက် စိတ်ဖိစီးမှုတွေ၊ ပူပန်မှုတွေ၊ နေ့စဉ်ဘဝရဲ့ ဖိအားတွေကြားမှာ ကိုယ့်စိတ်ကျန်းမာရေးကို ဂရုစိုက်တတ်စေရေး အသိပညာများမျှဝေရန် ရည်ရွယ်ချက်ဖြင့် ယခုဆွေးနွေးပွဲအား ၂၀၂၆ ခုနှစ်၊ ဇွန်လမှစတင်၍ စတင်ဖွင့်လှစ်ခဲ့ရာ လာမည့်နိုဝင်ဘာလတွင် သင်တန်းထပ်မံဖွင့်လှစ်မည်ဖြစ်ပါ၍ သင်တန်းအား အမှန်တကယ် စိတ်ပါဝင်စားသော မည်သူမဆို တက်ရောက်နိုင်ရန် ယခုလျှောက်လွှားအား ဖြည့်သွင်းစာရင်းပေးနိုင်ပြီ ဖြစ်ပါသည်။ ရည်ရွယ်ချက် ————- သင်တန်း၏ အဓိကရည်ရွယ်ချက်အားဖြင့် မဲဆောက်မြို့အတွင်း ရောက်ရှိလာကြသည့် မြန်မာပြည်သူများအတွက် စိတ်ဖိစီးမှုတွေ၊ ပူပန်မှုတွေ၊ နေ့စဉ်ဘဝရဲ့ ဖိအားတွေကြားမှာ ကိုယ့်စိတ်ကျန်းမာရေးကို […]

error: Content is protected !!