



ရက်စွဲ – ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် Blossom Future အဖွဲ့သည် မဲဆောက်မြို့နယ်ရုံး၏ တိုက်ရိုက်အကူအညီတောင်းခံမှုအရ Blossom Future မှ စေတနာ့ဝန်ထမ်း ၈ ဦးကို စေလွှတ်ကာ ထိုင်းနိုင်ငံ၏ ရာမ ၉ ဘုရင်ကြီးဖြစ်သော Bhumibol Adulyadej မဟာရာဇာဘုရင်အား ဂုဏ်ပြုအောက်မေ့ဖွယ် အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အကူအညီတောင်းခံမှုကို မဲဆောက်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး၏ တိုက်ရိုက်တောင်းဆိုမှုအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျင်းပမည့် တော်ဝင်အောက်မေ့ဖွယ်နေ့အခမ်းအနား ကြိုတင်ပြင်ဆင်ရန်အတွက် ရည်ရွယ်ပါသည်။
စေတနာ့ဝန်ထမ်းအဖွဲ့သည် မဲဆောက်မြို့ရှိ OTOP Center သို့ သွားရောက်၍ မဲဆောက်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရုံးဝန်ထမ်းများနှင့် ပူးပေါင်းကာ အခမ်းအနားကျင်းပမည့်နေရာကို စနစ်တကျ ပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။
ဆောင်ရွက်မှုများတွင် ပစ္စည်းများ သယ်ယူရွှေ့ပြောင်းခြင်း၊ စားပွဲများကို နေရာချထားခြင်း၊ ကုလားထိုင်အစွပ်များ တပ်ဆင်ခြင်း၊ အခမ်းအနားအလှဆင်ပစ္စည်းများ တပ်ဆင်ခြင်းနှင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း အခမ်းအနားကျင်းပမည့် နေရာတစ်ခုလုံးကို စနစ်တကျ ပြင်ဆင်ခြင်းတို့တွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
စေတနာ့ဝန်ထမ်းများ၏ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှု၊ လုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်မှုနှင့် လုပ်ငန်းစဉ်များအား အသေးစိတ်လုပ်ဆောင်ပေးနိုင်မှုများကြောင့် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် မဲဆောက်မြို့နယ် အခမ်းအနားစီစဉ်ရေးအဖွဲ့တို့မှ ချီးကျူးဂုဏ်ပြုမှုနှင့် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။
ယခုကဲ့သို့ စေတနာ့ဝန်ထမ်းလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ကူညီခြင်းအားဖြင့် Blossom Future သည် ဒေသခံလူမှုအသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှု၊ လူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးနိုင်မှုနှင့် ထိုင်းနိုင်ငံ၏ ရိုးရာဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမြှင့်တင်ရေးအပေါ် အလေးအနက်ထားရှိကြောင်း ထပ်မံပြသနိုင်ခဲ့ပါသည်။
ထို့အပြင် ပြည်သူများနှင့် ဒေသဆိုင်ရာခေါင်းဆောင်များ တက်ရောက်မည့် အောက်မေ့ဖွယ်အခမ်းအနားကို အဆင်ပြေချောမွေ့စွာနှင့် လေးစားမှုအပြည့်ဖြင့် ကျင်းပနိုင်ရန် အထောက်အကူပြုနိုင်ခဲ့ပါသည်။
Blossom Future အနေဖြင့် ယခုအခမ်းအနားကို အောင်မြင်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းပါဝင် ကူညီပေးခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း လေးစားစွာ ဖော်ပြအပ်ပါသည်။
(ပွင့်သစ်ဝေ)
Mae Sot District Royal Memorial Day Preparation
Date – 12 October, 2026
On October 12, 2026, Blossom Future dispatched a group of eight volunteers from the Safe House to assist the Mae Sot District Office with site preparations for the official Royal Commemoration Ceremony honoring His Majesty King Bhumibol Adulyadej the Great (King Rama IX).
This initiative was launched in response to a direct request for support from the Mae Sot Deputy District Chief (Palat Amphoe), who sought the operational assistance of the Blossom Future team to ensure the event site is fully prepared for the upcoming Royal Memorial Day on October 13, 2026.
Deployed to the OTOP Center in Mae Sot, the volunteer team executed all venue setup tasks with diligence and teamwork under the guidance of the Mae Sot Deputy District Chief and the district office staff.
Their comprehensive efforts included heavy lifting, moving and arranging tables, fitting chair covers, installing ceremonial decorations, and meticulously organizing the overall layout according to exact official specifications.
The team’s proactive attitude, efficiency, and attention to detail earned overwhelming praise and appreciation from both the local authorities and the Mae Sot District event team.
Through this active volunteer effort, Blossom Future reaffirmed its strong commitment to community partnership, social responsibility, and the preservation of Thai national traditions, ensuring a dignified, seamless, and respectful memorial ceremony for the public and local leaders.
Blossom Future would like to express the highest gratitude to all who make its contribution to the event smooth and successful.
(Blossom Future)
วันน้อมรำลึกในพระมหากรุณาธิคุณ(วันคล้ายวันสวรรคต รัชกาลที่9)
วันที่ 12 ตุลาคม 2569
เมื่อวันที่ 12 ตุลาคม 2569 Blossom Future ได้จัดส่งทีมงานจิตอาสาจำนวน 8 คนจาก Safe House เข้าสนับสนุนอำเภอแม่สอด ในการจัดเตรียมสถานที่สำหรับพิธีน้อมรำลึกในพระมหากรุณาธิคุณเนื่องในวันคล้ายวันสวรรคตของพระบาทสมเด็จพระบรมชนกาธิเบศร มหาภูมิพลอดุลยเดชมหาราช บรมนาถบพิตร (รัชกาลที่ 9) โดยการปฏิบัติงานครั้งนี้เริ่มขึ้นตามการขอความช่วยเหลือโดยตรงจากปลัดอำเภอแม่สอด ซึ่งได้ประสานขอความสนับสนุนกำลังพลจากทีมงาน Blossom Future เพื่อให้การจัดเตรียมสถานที่สำหรับวันคล้ายวันสวรรคตในวันที่ 13 ตุลาคม 2569 เป็นไปด้วยความเรียบร้อยและสมบูรณ์ที่สุด
เมื่อเดินทางไปถึง ณ ศูนย์ OTOP อำเภอแม่สอด ทีมจิตอาสาได้ปฏิบัติงานจัดเตรียมสถานที่ทั้งหมดด้วยความขยันขันแข็งและความร่วมมือร่วมใจเป็นอย่างดี ภายใต้การแนะนำของปลัดอำเภอและเจ้าหน้าที่อำเภอแม่สอด โดยขอบเขตงานครอบคลุมทั้งการยกและขนย้ายโต๊ะ การจัดวางโต๊ะ การสวมคลุมผ้าเก้าอี้ การตกแต่งสถานที่ตามพิธีการ ตลอดจนการดูแลความเรียบร้อยของพื้นที่ตามสเปกและขั้นตอนของทางราชการอย่างพิถีพิถัน
ความตั้งใจในการทำงาน ความมีประสิทธิภาพ และความใส่ใจในรายละเอียดของทีมงาน ได้รับคำชื่นชมและการตอบรับเป็นอย่างดียิ่งจากทั้งปลัดอำเภอและทีมงานจัดกิจกรรมของอำเภอแม่สอด จากกิจกรรมจิตอาสาในครั้งนี้ Blossom Future ได้แสดงให้เห็นถึงความมุ่งมั่นในการร่วมมือกับชุมชน การรับผิดชอบต่อสังคม และการร่วมสืบสานพระราชพิธีสำคัญของชาติ เพื่อให้พิธีน้อมรำลึกจัดขึ้นอย่างสมเกียรติ
Blossom Future (BF) ขอขอบพระคุณเป็นอย่างสูงต่อทุกท่าน ที่มีส่วนช่วยให้การดำเนินงานในพิธีครั้งนี้เป็นไปด้วยความราบรื่นและประสบความสำเร็จด้วยดี
บลอสซัม ฟิวเจอร์