ပွင့်သစ်ဝေမှ မီးဘေးသင့် အထည်ချုပ်စက်ရုံမှ မြန်မာလုပ်သားများအတွက် အစားအစာ၊ သောက်ရေသန့်နှင့် ထောက်ပံ့ငွေများ လှူဒါန်းခြင်း

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ TK လေးစက်ရုံအနီး၊ UNHCRရုံး အနောက်ဘက်ရှိ ခေါင်းဖြူစက်ရုံ (ခ) King Plug အထည်ချုပ်ရုံမှာ မီးလောင်မှုဖြစ်ပွါးခဲ့ရာ မြန်မာလုပ်သား(၈၀)ဦးခန့် မီးဘေးသင့်သည်ဟု စုံစမ်းသိရှိခဲ့ရပါသည်။ ၎င်းနေ့တွင်ပင် ဝန်ထမ်းများမှ ပွင့်သစ်ဝေကိုယ်စား မီးဘေးသင့်ပြည်သူများ၏ နေ့လည်စာအတွက် ထမင်းဘူး (၁၀၀)ဘူးနှင့် ရေသန့်ဘူး(၁၀၈)ဘူးနှင့် ညနေစာအတွက် ထမင်းဘူး(၈၀)ဘူးနှင့် ရေသန့်ဘူး (၈၄)ဘူးကို သွားရောက်လှူဒါန်းခဲ့ပါသည်။ ထို့အပြင် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင်လည်း စက်ရုံမီးလောင်ရာတွင် အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများ ဆုံးရှုံးသွားသော လူဦးရေ (၃၇) ဦးစာအတွက် တစ်ဦးလျှင် (၇၀၀)ဘတ်နှုန်းဖြင့် (၂၅၉၀၀)ဘတ်အား ထပ်မံလှူဒါန်းပေးခဲ့ပါသည်။ […]

Blossom Future (ပွင့်သစ်ဝေ) မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းမြန်မာမိသားစုများထံ ဆိတ်များ လှူဒါန်းခြင်း

ရက်စွဲ – ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၆) ရက် Blossom Future (ပွင့်သစ်ဝေ)နှင့် Church World Service (CWS)တို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့တွင် မဲဆောက်မြို့နှင့် အနီးဝန်းကျင်ဒေသများရှိ ရွှေ့ပြောင်းမြန်မာမိသားစု (၂၆) စုထံသို့ အိမ်ထောင်စုတစ်ခုလျှင် ဆိတ်(၁)ကောင်နှုန်း စတင်ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါ လှူဒါန်းမှုတွင် မယ်ပ(၁၀)ရပ်ကွက်(ကျွန်းတော/ကရင်စု)နှင့် ဟွေ့ကလုတ်ရပ်ကွက်များမှ စိစစ်ရွေးချယ်ထားသော အိမ်ထောင်စုများပါဝင်ပြီး တစ်အိမ်ထောင်လျှင် ဆိတ်တစ်ကောင်နှုန်း အခမဲ့ကူညီပံ့ပိုးပေးခဲ့ခြင်း ဖြစ်ပါသည်။ Blossom Future အနေဖြင့် မဲဆောက်ရောက် ရွှေ့ပြောင်းမြန်မာမိသားစုများ၏ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကျောင်း ထောက်ပံ့မှုအတွက် စိစစ်ရွေးခြယ်ခြင်းခံရသူများကို – အိမ်ထောင်စု(၁၇၀၀)အတွက် အမျိုသမီးလစဥ်သုံး တစ်ကိုယ်ရေသုံးပစ္စည်း(၄)မျိုးစီ၊ အိမ်ထောင်စု (၄၀၀) အတွက် တစ်အိမ်ထောင်လျှင် […]

ထိုင်းဘာသာစကားပြောအခမဲ့သင်တန်း အပတ်စဥ် (၂၃) အတွက် သင်တန်းသားခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နှင့် ပတ်ဝန်းကျင်‌ဒေသများတွင် ရောက်ရှိနေသည့် မြန်မာပြည်သူပြည်သားများ အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူဖြစ်စေရန်၊ လက်ရှိလုပ်ငန်းခွင် ဝင်ရောက်နေသူများအနေနှင့် နေ့စဉ်လုပ်ငန်း ဆောင်တာများ လုပ်ဆောင်ရာတွင် ပိုမိုထိရောက်လွယ်ကူစေရန်နှင့် မြန်မာပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် 𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) ဖောင်ဒေးရှင်းမှ အခြေခံထိုင်းဘာသာ စကားပြောသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။ ယခုအခါ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်နေ့မှစတင်၍ အခြေခံထိုင်းဘာသာစကားသင်တန်း သင်တန်းအပတ်စဉ် (၂၃) ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။ သင်တန်းကာလအနေဖြင့် (၂) လအထိ ကြာမြင့်မည်ဖြစ်ပြီး ထိုင်းဘာသာစကားကို စိတ်ပါဝင်စား သင်ယူလိုသော ထိုင်းနိုင်ငံရောက် မြန်မာပြည်သူပြည်သားများ လျှောက်ထားနိုင်ပါသည်။ သင်တန်းများကို အောက်ပါအချိန်ဇယားများအတိုင်း လူကိုယ်တိုင် (In Person) စနစ်ဖြင့် တန်းခွဲများခွဲ၍ […]

စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၂၄) အတွက် သင်တန်းသားခေါ်ယူခြင်း

ရက်စွဲ ။ ။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၆) ရက် မင်္ဂလာပါ။ Blossom Future (ပွင့်သစ်ဝေ) မှ နှုတ်ခွန်းဆက်သအပ်ပါသည်။ Blossom Future (ပွင့်သစ်ဝေ) အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ ပြောင်းရွှေ့ နေထိုင်နေကြသော မြန်မာပြည်သူများအတွက် (၁)လကြာ နေ့/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို ကျွမ်းကျင်သော သင်တန်းဆရာများမှ စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ရာ Thai-Japan Education Development Foundation မှထောက်ပံ့ကူညီမှုဖြင့် အပတ်စဉ် (၂၄) သင်တန်းကို လာမည့် နိုဝင်ဘာလအတွင်း သင်တန်းပြုလုပ်သွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးအား အမှန်တကယ် စိတ်ပါဝင်စားပြီး အသက်မွေးဝမ်းကြောင်းအဖြစ် ပြန်လည်လုပ်ကိုင်လိုသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ သင်တန်းတွင် မှိုစိုက်ပျိုးနည်းသာမက ရာသီပေါ်သီးနှံများဖြစ်သည့် […]

တနိုင်တပိုင်မွေးမြူရေးလုပ်ငန်းထောက်ပံ့မှုအစီအစဉ်

မင်္ဂလာပါ၊ Blossom Future (ပွင့်သစ်ဝေ)မှ နှုတ်ခွန်းဆက်သလိုက်ပါသည်။ Blossom Future (ပွင့်သစ်ဝေ)မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အတွင်း ပြောင်းရွှေ့နေထိုင်နေကြသူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုလုပ်ငန်းများအား ကြိုးစားအားထုတ်လျက်ရှိရာ ယခုအခါ အသက်မွေးဝမ်းကြောင်းကဏ္ဍတစ်ခုအနေဖြင့် အသေးစားမွေးမြူရေးဆိုင်ရာ ကူညီထောက်ပံ့ရေးလုပ်ငန်းစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် လျှောက်လွှာတင်ထားသော ဖောင်များကိုလည်း စိစစ်ရွေးချယ်လျက်ရှိပြီး၊ ရွေးချယ်ခံရသူများအား ကြိုတင်အကြောင်းကြားပေးမည်ဖြစ်ပါသည်။ ဖြန့်ဖြူးမည့်ရက်မတိုင်ခင် ၁ ရက်အလိုတွင်လည်း ဖုန်းဖြင့်ထပ်မံခေါ်ဆို၍ အကြောင်းကြားပေးပါမည်။ ယခုနှစ် အောက်တိုဘာလမှစတင်ပြီး ဖြန့်ဖြူးမည့်လုပ်ငန်းစဉ်များအား ဆောင်ရွက်လျက်ရှိရာ သက်ရှိများကို ဖြန့်ဖြူးရခြင်းဖြစ်သည့်အတွက်ကြောင့် အချိန်အတိုင်းအတာတစ်ခု သည်းခံစောင့်ဆိုင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ လျှောက်လွှာတင်ထားသူ လူဦးရေအရေအတွက်လည်း ထပ်မံလိုအပ်ရှိနေပါသေးသည်။ သို့ဖြစ်ပါ၍ မိမိတို့ နေအိမ်၊ ခြံဝင်း၊ မြေနေရာအတွင်း တနိုင်တပိုင် အသေးစားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရန် စိတ်ဝင်စားသူများအနေဖြင့် ယခုထောက်ပံ့ခြင်းအစီအစဉ်တွင် ပါဝင်နိုင်ရန် သတင်းကောင်းပါးအပ်ပါသည်။ […]

Blossom Future (ပွင့်သစ်ဝေ)၏ စိုက်ပျိုးရေးခြံထွက်သီးနှံများလှူဒါန်းမှု

Blossom Future (ပွင့်သစ်ဝေ)မှ စိုက်ပျိုးခြံထွက်သီးနှံများဖြစ်သော ကြက်ဟင်းခါးသီး – ၈၂ ကီလိုဂရမ်၊ ဘူးသီး – ၁၉၀ ကီလိုဂရမ်၊ ရုံးပတီသီး – ၅၉ ကီလိုဂရမ်၊ ချဉ်ပေါင်ရွက် – ၁၄ ကီလိုဂရမ်၊ သခွားသီး – ၂၆၆ ကီလိုဂရမ်၊ ပဲတောင့်ရှည် – ၂၈ ကီလိုဂရမ်၊ ဗုံလုံသီး – ၆၀ ကီလိုဂရမ်၊ ငြုပ်ပွ – ၁၃ ကီလိုဂရမ်၊ ခဝဲသီး – ၂၀ ကီလိုဂရမ် တို့အား ၃၀.၉.၂၀၂၆ ရက်နေ့တွင် CDC ကျောင်း၊ ၂.၁၀.၂၀၂၆ ရက်နေ့တွင် David စစ်ရှောင်ဂေဟာ နှင့် ၅.၁၀.၂၀၂၆ ရက်နေ့တွင် မယ်တော်ဆေးခန်းတို့သို့ သွားရောက်လှူဒါန်းပေးခဲ့ပါသည်။ Blossom […]

Small Grant Support for Local Initiatives

Blossom Future (ပွင့်သစ်ဝေ) အနေဖြင့် ဒေသခံအဖွဲ့အစည်းများ၏ ဦးဆောင်မှုနှင့် ရပ်ရွာအခြေပြု လုပ်ဆောင်ချက်များ ကို အားပေး ပံ့ပိုးရန် ရည်ရွယ်၍ Small Grant Initiative ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါအစီအစဉ်အရ ရရှိလာသည့် Proposal များကို သတ်မှတ်ထားသော စံနှုန်းများနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်သုံးသပ်ပြီးနောက် အောက်ဖော်ပြပါ မိတ်ဖက်အဖွဲ့အစည်းများ၏ Proposal (၃) ခုကို ရွေးချယ်၍ အဖွဲ့အစည်းတစ်ဖွဲ့လျှင် ဘတ် ၁၅,၀၀၀ ဖြင့် စုစုပေါင်း ဘတ် ၄၅,၀၀၀ ကို ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ ပံ့ပိုးပေးနိုင်ခဲ့ပါသည်။ Selected Partner Organizations • Future Light • Partnership Meeting Organizing Committee […]

Mae Pa Health Promotion Hospital မှ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံ ကျန်းမာရေး စေတနာ့ဝန်ထမ်းများမှ မယ်ပရပ်ကွက်အတွင်း ခြင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ရပ်ရွာကျန်းမာရေး အရေးပေါ်ကွင်းဆင်းဆောင်ရွက်မှုတွင် Blossom Future မှ ပါဝင်ကူညီပံ့ပိုးမှု

ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက် ။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့တွင် Blossom Future အဖွဲ့သည် Mae Pa Health Promotion Hospital မှ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံကျန်းမာရေး စေတနာ့ဝန်ထမ်းများနှင့်အတူ မာလွေရပ်ကွက်အတွင်း ခြင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ဒေသခံများအကြား ဦးနှောက်ရောင်ရောဂါ (Encephalitis) ဖြစ်ပွားမှုများ အတည်ပြုတွေ့ရှိခဲ့ပြီးနောက် ခြင်ပေါက်ဖွားနိုင်သည့်နေရာများကို စစ်ဆေးခြင်း၊ ပတ်ဝန်းကျင် ကျန်းမာရေးအန္တရာယ်များကိုလေ့လာခြင်း၊ အိမ်ထောင်စုနှင့် လူဦးရေစာရင်းများကောက်ယူခြင်းနှင့် ခြင်နှိမ်နင်းရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ Blossom Future အဖွဲ့မှ မြန်မာဘာသာစကားဖြင့် ဘာသာပြန်ကူညီပေးခြင်းနှင့် ရပ်ရွာအတွင်း ဆက်သွယ်ညှိနှိုင်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ရွှေ့ပြောင်းနေထိုင်သူများအား ခြင်မှတစ်ဆင့် ရောဂါကူးစက်နိုင်သည့်အကြောင်း၊ ရေတည်နေရာများကို ဖယ်ရှားရန်နှင့် […]

အမျိုးသမီးအခွင့်အရေးနှင့် ဂျန်ဒါဆိုင်ရာ သင်တန်း

၂၀၂၆ခုနှစ်၊ စက်တင်ဘာ (၂၉) ရက်နေ့ နေ့လည် (၂:၀၀) နာရီ မှ ညနေ (၅:၃၀)အထိ ထိုင်းမြန်မာနယ်စပ်ဒေသရှိ မဲ့ကုကင်းကျေးရွာကူညီရေးရုံး ၏ ခန်းမတွင် အမျိုးသမီးအခွင့်အရေးနှင့် ဂျန်ဒါဆိုင်ရာ အသိပညာပေးသင်တန်းကို ပွင့်သစ်ဝေ 𝗕𝗟𝗢𝗦𝗦𝗢𝗠 𝗙𝗨𝗧𝗨𝗥𝗘 မှ ဦးစီးကျင်းပပြုလုပ်ခဲ့ပြီး ဆရာမ Maria မှသင်တန်းဆရာမအဖြစ်ဆောင်ရွက်ခဲ့ပါသည်။ ယခု သင်တန်းတွင် အမျိုးသမီး သင်တန်းသူ (၃၀)ဦး တက်ရောက်သင်ယူ ခဲ့ကြပါသည်။ သင်တန်းအတွင်း— • Sex နှင့် Gender ကွာခြားချက် • Gender အပေါ် အခြေခံ၍ ခွဲခြားဆက်ဆံမှု • အမျိုးသမီးအခွင့်အရေး • Gender-Based Violence (GBV) • အိမ်တွင်းအကြမ်းဖက်မှုနှင့် ကာကွယ်တားဆီးရေးနည်းလမ်းများ စသည့် အကြောင်းအရာများကို သင်တန်းဆရာမ၏ […]

မဲဆောက်ရဲစခန်း အခြေခံအဆောက်အအုံဆိုင်ရာ အဆင့်မြှင့်တင်ပြင်ဆင်ရေးအတွက် Blossom Future ပွင့်သစ်ဝေမှ ပူးပေါင်းဆောင်ရွက်ခြင်း

ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် ။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် Blossom Future (BF) ပွင့်သစ်ဝေအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာစန်းအောင် ဦးဆောင်သော အဖွဲ့သည် မဲဆောက်ရဲစခန်းရှိ သန့်စင်ခန်း အခြေခံအဆောက်အအုံများ တိုးမြှင့်ပြင်ဆင်ရေးအတွက် မဲဆောက်ရဲစခန်း ဒုတိယ ရဲမှူးကြီး Sarayut Kongthong (စုံစမ်းစစ်ဆေးရေး) နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ တွေ့ဆုံပွဲ၏ အဓိကရည်ရွယ်ချက်မှာ လက်ရှိသန့်စင်ခန်းများတွင် ကြုံတွေ့နေရသည့် စိုထိုင်းဆ လွန်ကဲခြင်း၊ အနံ့ဆိုးများ ထွက်ပေါ်ခြင်းနှင့် လေဝင်လေထွက် မလုံလောက်ခြင်း စသည့် တကိုယ်ရည် သန့်ရှင်းရေး၊ ကျန်းမာရေးနှင့် လုံခြုံစိတ်ချရမှုဆိုင်ရာ အခက်အခဲများကို ဖြေရှင်းရန် ဖြစ်ပါသည်။ ထို့ပြင် သန့်စင်ခန်းများသည် အချုပ်ခန်းများနှင့် ကပ်လျက် […]

error: Content is protected !!