
ထိုင်းနိုင်ငံမဲဆောက်မြို့နှင့် ပတ်ဝန်းကျင်ဒေသများတွင် ရောက်ရှိနေသည့် မြန်မာပြည်သူ/ပြည်သားများ အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူဖြစ်စေရန်၊ လက်ရှိလုပ်ငန်းခွင် ဝင်ရောက်နေသူများအနေဖြင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် ပိုမိုထိရောက်လွယ်ကူစေရန်နှင့် မြန်မာပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် 𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) ဖောင်ဒေးရှင်း မှ အခြေခံ ထိုင်းဘာသာစကားပြောသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။
ယခုအခါ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစတင်၍ အခြေခံထိုင်းဘာသာစကားအွန်လိုင်းသင်တန်း အပတ်စဉ် (၂၄) ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။ သင်တန်းကာလအနေဖြင့် (၂) လအထိ ကြာမြင့်မည်ဖြစ်ပြီး ထိုင်းဘာသာစကားကို စိတ်ပါဝင်စား သင်ယူလိုသော ထိုင်းနိုင်ငံရောက် မြန်မာပြည်သူ/ပြည်သားများ လျှောက်ထားနိုင်ပါသည်။
သင်တန်းများကို အောက်ပါအချိန်ဇယားများအတိုင်း အွန်လိုင်း (Online) စနစ်ဖြင့် တန်းခွဲများခွဲ၍ သင်ကြားပေးသွားမည်ဖြစ်ရာ မိမိတို့ အဆင်ပြေမည့် အချိန်ဇယားတစ်ခုကို ရွေးချယ်တက်ရောက်နိုင်ပါသည်။
တက်ရောက်နိုင်သော အတန်းအချိန်ဇယားများ
Online Class 𝗔: အင်္ဂါ၊ သောကြာ၊ တနင်္ဂနွေ၊ (ညနေ ၇ မှ ၉ နာရီအထိ)။
Online Class 𝗕: တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေ၊ ( ညနေ ၇ မှ ၉ နာရီအထိ)။
ထိုင်းဘာသာစကားသင်တန်း တက်ရောက်ခွင့် လျှောက်ထားနိုင်မည့် Google Form ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်မှ စတင် ဖွင့်လှစ်ထားပေးမည်ဖြစ်ပါသည်။
အခြေခံထိုင်းဘာသာစကား သင်တန်းဖြစ်ပါသောကြောင့် ထိုင်းစာသင်ယူဖူးခြင်းမရှိသူများ၊ ယခုမှစပြီးလေ့လာမည့်သူများသာ လျှောက်ထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
လျှောက်ထားသူဦးရေ သတ်မှတ်ထားသော ပမာဏရောက်ရှိပါက လျှောက်လွှာခေါ်ယူမှုပိတ်သိမ်းမည်ဖြစ်ပါသဖြင့် အချိန်မီကြိုတင်လျှောက်ထားနိုင်ပါရန် အကြံပြုအသိပေးအပ်ပါသည်။
လျှောက်ထားသူများအနက် သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်မည့် သင်တန်းသား (၅၀) ဦးအား ရွေးချယ်စိစစ်၍ တန်းခွဲတစ်ခုလျှင် (၂၅) ဦးနှုန်းဖြင့် တန်းခွဲ (၂) ခု ခွဲကာ စုစုပေါင်း သင်တန်းသား/ သင်တန်းသူ (၅၀) ဦးကို လက်ခံသင်ကြားပေးသွားမည် ဖြစ်ပါသည်။
သင်တန်းတက်ရောက်ခွင့်ရရှိသူများကိုသာ Telegram (သို့) E-mail မှတဆင့် ပြန်လည်အကြောင်းကြားပေးသွားမည် ဖြစ်သည့်အတွက် သင်တန်းလျှောက်ထားသူများအနေဖြင့် မိမိတို့၏ Telegram (သို့) E-mail လိပ်စာ/ ဖုန်းနံပါတ်များကို မှန်ကန်စွာထည့်သွင်းပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။
မှတ်ချက် ။ သင်တန်းတက်ရောက်ရန် ရွေးချယ်ခြင်းခံရသူများအား (၉.၁၁.၂၀၂၆) ရက်နေ့ နောက်ဆုံးထား၍ အကြောင်းကြား ပေးသွားမည်ဖြစ်ပြီး ရွေးချယ်ခြင်းမခံရသူများအား ပြန်လည် အကြောင်းကြားသွားမည်မဟုတ်ပါ ကြောင်း အသိပေးအပ်ပါသည်။
ယခု အပတ်စဉ်တွင် ရွေးချယ်ခြင်းမခံရသူများအား နောက်အပတ်စဉ်များတွင် ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ပါသည်။
𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 – ပွင့်သစ်ဝေ ၏ ထိုင်းဘာသာစကား အွန်လိုင်းသင်တန်း အပတ်စဉ် (၂၄)အပေါ် စိတ်ပါဝင်စားစွာ စာရင်းပေးသွင်းကြသူများထဲမှ
● သင်တန်းကာလ (၂ လ ) အစမှ အဆုံးထိ တက်ရောက်ပါမည်ဟု ကတိပြုသူများ၊
● သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာမည့်သူများ၊
● သင်တန်းပုံမှန်တက်ရောက်မည့်သူများအတွက် Data Support fee များပေးအပ်သွားမည်ဖြစ်ပြီး၊ စုစုပေါင်း သင်တန်းအချိန်၏ ၇၅% တက်ရောက်ခဲ့သော သင်တန်းသား/သူများ နှင့် ထိုင်းဘာသာစကား တတ်မြောက်မှုဆိုင်ရာ အရည်အချင်းစစ်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူများကို သင်တန်းပြီးဆုံးကြောင်းလက်မှတ် (Certificate of Completion) နှင့် ဆုများ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပါသည်။
သင်တန်းလျှောက်ထားရန်လင့်: https://docs.google.com/…/1FAIpQLSerYeG4KmC…/viewform…
လေးစားလျက်
ထိုင်းဘာသာစကားသင်တန်းတာဝန်ခံ
Phone: +66 628-168-985
Email: tpo.blossomfuture@gmail.com
Telegram Phone number: +66 628-168-985
User Name: @BFthaiprogram