Stronger Together: A Community-Based Peace and Justice Initiative for Refugees in Mae Sot Project တွင် တာဝန်ထမ်းဆောင်ရန် သင်တန်းတာဝန်ခံအရာရှိ (𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗢𝗳𝗳𝗶𝗰𝗲𝗿) ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူခြင်း

Blossom Future (ပွင့်သစ်ဝေ) သည် ထိုင်းနိုင်ငံသို့ ရောက်ရှိနေထိုင်လျှက်ရှိကြသော မြန်မာပြည်သူ/ ပြည်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းတိုးတက်ရေးနှင့် ဝင်ငွေရရှိစေရေးကို ရည်ရွယ်လျှက် ထိုင်းဘာသာစကားများအား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ မှစတင်၍ ကျင်းပဆောင်ရွက်လျက် ရှိရာ ၎င်းသင်တန်းများအား တာဝန်ယူစီမံခန့်ခွဲမည့် သင်တန်းတာဝန်ခံ အရာရှိ (𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗢𝗳𝗳𝗶𝗰𝗲𝗿) ရာထူးအတွက် အလုပ်လျှောက်လွှာများ ခေါ်ယူနေပါသည်။

ရာထူး 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗢𝗳𝗳𝗶𝗰𝗲𝗿

လျှောက်လွှာလက်ခံမည့်ကာလ ၃၀.၀၆.၂၀၂၆ မှ ၁၀.၀၇.၂၀၂၆ အထိ

စီမံကိန်း ကာလ ၀၁.၀၆.၂၀၂၆ မှ ၃၀.၀၄.၂၀၂၇ အထိ

နေရာ မဲဆောက်

အစမ်းခန့်ကာလ ၃လ

ပုံမှန်လစာ ၁၀,၀၀၀ ဘတ်

အစီရင်ခံရမည့်သူ Project Manager

ခန့်အပ်မည့်ပုံစံ အချိန်ပိုင်း (မနက်ပိုင်း ၉ နာရီမှ ၁၂ နာရီထိ လူကိုယ်တိုင် ရုံးတက်ရန်လိုအပ်ပါသည်။)

ခန့်အပ်မည့်ဦးရေ ၁ ဦး

လုပ်ဆောင်ရမည့်တာဝန်များ

—————————-

● ထိုင်းနိုင်ငံအတွင်းရောက်ရှိနေကြပြီး ထိုင်းဘာသာစကားသင်တန်း တက်ရောက်လိုသော မြန်မာပြည်သူများအား ရှာဖွေခြင်း၊ သင်တန်းတက်ရောက်နိုင်ရန် လျှောက်လွှာများပြင်ဆင်ခြင်းနှင့် လူမှုကွန်ယက်များမှတစ်ဆင့် ဖြန့်ဝေခေါ်ယူခြင်း။

● သင်တန်းတက်ရောက်ရန် လျှောက်ထားလာသူများ၏ မေးမြန်းလာမှုများအား ပြန်လည်ဖြေဆို ပေးခြင်းနှင့် သင်တန်း လျှောက်လွှာများအား စိစစ်ခြင်း။

● သင်တန်းဆိုင်ရာစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းဝေမျှခြင်းနှင့် သင်တန်းဆရာ /ဆရာမ များနှင့် လက်တွဲ လုပ်ဆောင်ခြင်း။

● အွန်လိုင်းသင်တန်း နှင့် လူကိုယ်တိုင် (In Person) အတွက် လိုအပ်သည့် သင်ကြားမှုအထောက် အကူပြုအရင်းအမြစ်များ တိုးတက်ကောင်းမွန်အောင် တာဝန်ယူဆောင်ရွက်ခြင်းနှင့် သင်တန်း တစ်လျှောက် အဆင်ပြေ ချောမွေ့အောင် စီမံခန့်ခွဲ ခြင်း။

● သင်တန်းသားတက်ရောက်မှုစာရင်းများပြုစုခြင်းနှင့် သင်တန်းပြီးစီးကြောင်းအစီရင်ခံစာများ ရေးသား ပြုစုခြင်း။ သက်ဆိုင်ရာ တာဝန်ခံထံ ပြန်လည်တင်ပြခြင်း။

● သင်တန်းသားများ၏ သင်တန်းအပေါ်အမြင်၊သဘောထားများ၊ မှတ်ချက်များ ကောက်ယူ ဆွေးနွေးခြင်းနှင့် ချိတ်ဆက်ဖြေရှင်းဆောင်ရွက်ပေးခြင်း။

● ပေါ်ပေါက်သော အရေးပေါ်ကိစ္စရပ်များအတွက် ကောင်းမွန်မျှတစွာ စီမံကိုင်တွယ်ပေးခြင်း၊ အချိန်နှင့် တပြေးညီ သက်ဆိုင်ရာအရာရှိထံ တင်ပြခြင်း။

● သင်တန်းပေးခြင်းလုပ်ငန်းတိုးတက်အောင်မြင်စေရန် အဖွဲ့အစည်းများ၊ Blossom Future (ပွင့်သစ်ဝေ) မှ လုပ်ငန်း အစီအစဉ် တာဝန်ခံများနှင့် လိုအပ်သလို ချိတ်ဆက်ဆောင်ရွက်ခြင်း။

အတွေ့အကြုံလိုအပ်ချက်

————————

● စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ၊ ရုံးပိုင်းဆိုင်ရာ အတွေ့အကြုံရှိသူ။

● အခြေခံကွန်ပျူတာ ကျွမ်းကျင်မှုရှိသူ။

● လုပ်ငန်းအပေါ်တွင် စိတ်ပါဝင်စားပြီး သင်တန်းများချောမွေ့စွာသင်ကြားနိုင်ရန် စီမံဆောင်ရွက် နိုင်သူ။

● စည်းစနစ်ကျ၍ လူအများနှင့် ပြောဆိုဆက်ဆံရာတွင် ပြေပြစ်စွာ ပြောဆိုတတ်သူဖြစ်ရမည်။

● အခြားအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူ။

● အကြမ်းဖက်မှု (Violence) ၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment)၊ ကလေး သူငယ်များအား အမြတ်ထုတ်မှု/စော်ကားမှု (Child Abuse) တို့အား ကျူးလွန်ဖူးသူမဖြစ်ရပါ။

● လုပ်ငန်းကိစ္စရပ်များ နှင့် နေထိုင်သူများ၏ ပုဂ္ဂလိက ဆိုင်ရာကိစ္စရပ်များအား (Privancy and Confidentiality) ပြင်ပသို့ မပေါက်ကြားစေရန် တာဝန်ယူရမည်။

● English စာ အခြေခံရှိသူ ဦးစားပေးပါမည်။

လျှောက်လွှာတင်ရမည့်ပုံစံ

————————–

● မြန်မာဘာသာ ဘာသာဖြင့် ရေးသားထားသည့် Cover letter နှင့် CV Form အား contact@blossomfuture.org Email သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

● Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။

● CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့ အစည်း၊ ဆက်သွယ် ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။

အသေးစိတ်မေးမြန်းလိုပါက

Admin Dept:

Phone & Signal No. +66 626 874 266

Email: contact@blossomfuture.org

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!