On November 18, 2024, a Japanese educational delegation, including Asuka Tsuzuki (Vice Chancellor of Tsuzuki Education Group), Yuzo Tashiro (Director of Japan University of Economics), and Kazuhisa Mizota (Business Development Manager at Tsuzuki Ikuei Education Institute), visited and met with the New Myanmar Foundation, who are currently conducting humanitarian aid activities along the Thailand-Myanmar border. Dr. San Aung, Executive Director of the foundation, received the delegation and provided an overview of the ongoing public assistance programs and the future initiatives of the organization. Additionally, Dr. San Aung expressed deep gratitude for Japan’s continuous support towards Myanmar. The group also visited the Safehouses, and vocational sewing machine training program organized by the New Myanmar Foundation.
နို၀င်ဘာလ (၁၈) ရက်၊ ၂၀၂၄ တွင် ဂျပန်ပညာရေးအဖွဲ့များမှ New Myanmar Foundation သို့လာရောက်တွေ့ဆုံခြင်း။
၂၀၂၄ ခုနှစ်၊ နို၀င်ဘာလ (၁၈)ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်တလျှောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးလုပ်ငန်းစဥ်များအား ဆောင်ရွက်လျက်ရှိသော New Myanmar Foundation သို့ Asuka Tsuzuki (Vice Chancellor-TSUZUKI Education Group)၊ Yuzo Tashiro (Director -Japan University of Economics)၊ Kazuhisa Mizota (Business Development Manager -Tsuzuki Ikuei Education Institute) တို့ပါ၀င်သော ဂျပန်ပညာရေးအဖွဲ့တို့မှ လာရောက်လည်ပတ်တွေ့ဆုံခဲ့ကာ အုပ်ချုပ်ရေးတာ၀န်ခံ ဒေါက်တာဆန်းအောင်မှ လက်ခံတွေ့ဆုံခဲ့ပြီး အဖွဲ့အစည်းမှ လက်ရှိဆောင်ရွက်လျက်ရှိသော လူထုအထောက်အကူပြုလုပ်ငန်းများနှင့် ရှေ့ဆက်မည့်လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဂျပန်နိုင်ငံ၏ အဆက်မပြတ်ကူညီမှုများအား ကျေးဇူးတင်၀မ်းမြောက်ကြောင်း ပြောကြားခဲ့ပါပြီး New Myanmar foundation မှ စီစဥ်ဆောင်ရွက်ပေးလျက်ရှိသော Safehouse များနှင့် စက်ချုပ်သင်တန်းများသို့လည်း သွားရောက်ကြည့်ရှူခဲ့ကြပါသည်။






