ထိုင်း–မြန်မာ ဘာသာပြန် (Thai – Myanmar Translator/Interpreter) ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူခြင်း
++++++++++++++++++++++
Blossom Future (ပွင့်သစ်ဝေ) သည် ထိုင်းနိုင်ငံတွင် ရောက်ရှိနေထိုင်လျက်ရှိသော မြန်မာပြည်သူ/ ပြည်သားများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပံ့ပိုးဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းဖြစ်ပါသည်။
လုပ်ငန်းဆောင်ရွက်မှုများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ထိုင်းနိုင်ငံအတွင်း ပြုလုပ် သည့် အစည်းအဝေးများ၊ ဥပဒေရေးရာနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် မြန်မာဘာသာ
ထိုင်းဘာသာကို တိကျကျွမ်းကျင်စွာ ဘာသာပြန်ဆိုပေးနိုင်မည့် Thai Translator ရာထူးအတွက် လျှောက်လွှာများကို ဖိတ်ခေါ်အပ်ပါသည်။
ရာထူး Thai Translator
လျှောက်လွှာလက်ခံမည့်ကာလ ၃၀.၀၆.၂၀၂၆ မှ ၁၀.၀၇.၂၀၂၆ အထိ
နေရာ မဲဆောက်
အစမ်းခန့်ကာလ ၃လ
ပုံမှန်လစာ ၁၂,၀၀၀ ဘတ်
အစီရင်ခံရမည့်သူ Executive Director
ခန့်အပ်မည့်ပုံစံ အချိန်ပြည့် (လူကိုယ်တိုင်)
ခန့်အပ်မည့်ဦးရေ ၁ ဦး
လုပ်ဆောင်ရမည့်တာဝန်များ
—————————-
● ရုံးတွင်း၊ ရုံးပြင်ပ အစည်းအဝေးများ၊ သင်တန်းများ၊ ဆွေးနွေးပွဲများနှင့် သက်ဆိုင်ရာတွေ့ဆုံမှုများတွင် (ထိုင်း
မြန်မာ) နှုတ်ဖြင့် ဘာသာပြန်ဆိုပေးခြင်း။
● စာရွက်စာတမ်းများ၊ အစီရင်ခံစာများ၊ နှင့် အခြားလိုအပ်သော စာရွက်စာတမ်းများကို (ထိုင်း
မြန်မာ) စာဖြင့် ဘာသာပြန်ဆိုပေးခြင်း။
● ရုံးမှ ကျင်းပပြုလုပ်သည့် (ထိုင်း
မြန်မာ) ယဉ်ကျေးမှုဖလှယ်ပွဲများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးခြင်း၊
● အစိုးရရုံးများ၊ ဆေးရုံများ၊ ရဲစခန်းများ၊ ဥပဒေရေးရာအဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်ရာ ဌာနများတွင် လိုအပ်သလို လိုက်ပါဘာသာပြန်ပေးခြင်း။
● Project အကောင်အထည်ဖော်ရာတွင် ပြင်ပအဖွဲ့အစည်းများ၊ Community Leaders များနှင့် ဆက်သွယ်ညှိနှိုင်းရာတွင် ဘာသာပြန်ပံ့ပိုးပေးခြင်း။
● ဘာသာပြန်ဆိုရာတွင် တိကျမှန်ကန်မှု၊ ဘက်မလိုက်မှုနှင့် Professional Ethics များကို လိုက်နာ ဆောင်ရွက်ခြင်း။
အတွေ့အကြုံလိုအပ်ချက်
————————
● မြန်မာဘာသာနှင့် ထိုင်းဘာသာကို အရေး၊ အဖတ်၊ အပြော ကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ်ရမည်။
● Professional Translator သို့မဟုတ် Interpreter အဖြစ် အတွေ့အကြုံရှိသူ ဦးစားပေးမည်။
● ရုံးပိုင်းဆိုင်ရာ၊ NGO/INGO လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။
● Microsoft Office (Word, Excel, PowerPoint) အခြေခံအသုံးပြုနိုင်သူဖြစ်ရမည်။
● အဖွဲ့အစည်းများ၊ အစိုးရရုံးများနှင့် ပြောဆိုဆက်ဆံနိုင်သည့် Communication Skill ကောင်းမွန်သူ ဖြစ်ရမည်။
● လျှို့ဝှက်ထိန်းသိမ်းမှု (Privacy and Confidentiality) ကို အပြည့်အဝလိုက်နာနိုင်သူဖြစ်ရမည်။
● အကြမ်းဖက်မှု (Violence)၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment)၊ ကလေးသူငယ်များအား အမြတ်ထုတ်မှု/စော်ကားမှု (Child Abuse) ကျူးလွန်ဖူးသူ မဖြစ်ရ။
● ကား သို့မဟုတ် ဆိုင်ကယ် မောင်းနှင်နိုင်သူ ဦးစားပေးမည်။
လျှောက်လွှာတင်ရမည့်ပုံစံ
————————-
● မြန်မာဘာသာ ဘာသာဖြင့် ရေးသားထားသည့် Cover letter နှင့် CV Form အား contact@blossomfuture.org Email သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
● Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။
● CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့ အစည်း၊ ဆက်သွယ် ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။
အသေးစိတ်မေးမြန်းလိုပါက
Admin Dept:
Phone & Signal No. +66 626 874 266
Email: contact@blossomfuture.org
