New Myanmar Foundation၏ ထိုင်းဘာသာစကားပြောသင်တန်းအတွက် သင်တန်းသားလက်ခံခေါ်ယူခြင်းလျှောက်လွှာ ပိတ်ပြီဖြစ်ကြောင်း အသိပေးကြေငြာခြင်း။

New Myanmar Foundationမှ ဧပြီလ (၅)ရက်နေ့တွင် ခေါ်ယူခဲ့သော ထိုင်းဘာသာစကားပြောသင်တန်း အပတ်စဉ်(၈)အား စိတ်ပါဝင်စားစွာဖြင့် လျှောက်ထားခဲ့သူ တစ်ဦးချင်းစီအား လှိုက်လှဲစွာကျေးဇူးတင်ပါသည်။ လူကြီးမင်းတို့၏ ထိုင်းဘာသာစကားသင်ကြားမှုအပေါ် စိတ်အားထက်သန်မှုအား မျက်ဝါးထင်ထင် တွေ့မြင်ရ သည့်အတွက်လည်း များစွာ ဝမ်းမြောက်ရပါသည်။ နယူးမြန်မာဖောင်ဒေးရှင်းမှ  ဘာသာစကားသင်တန်းများ သင်ကြားရာတွင် အွန်လိုင်းပလပ်ဖောင်းဖြစ်သော Zoomမှတဆင့် သင်ကြားပေးခြင်းဖြစ်သည့်အပြင် သင်တန်း သား/သူများ သင်ယူမှုပိုမိုထိရောက်စေနိုင်ရန်မျှော်မှန်း၍ သင်တန်းခွဲတစ်ခုလျှင် လူဦးရေ အများဆုံး(၂၅)ဦးနှုန်း ဖြင့် သင်တန်းခွဲ(၄)ခုအတွက် စုစုပေါင်း သင်တန်းသားဦးရေ (၁၀၀)ခန့်ကိုသာ ခေါ်ယူသင်ကြားရန် ရည်ရွယ်ထားခဲ့ပါသည်။ ၎င်းရည်ရွယ်ချက်အတိုင်း သင်တန်းသားများ ခေါ်ယူခဲ့ခြင်းကို ဧပြီလ(၂၁)ရက်နေ့အထိ ခေါ်ယူရန် သတ်မှတ်ခဲ့သော်လည်း ယခုအခါ သင်တန်းအားစိတ်ပါဝင်စားသူများ တခဲနက်လျှောက်ထားမှု ကြောင့် မူလရည်ရွယ်ခဲ့သော သင်တန်းသားဦးရေအား ပြည့်မီစွာလက်ခံနိုင်ခဲ့ပြီးဖြစ်သည့်အတွက် သင်တန်း လျှောက်လွှာလက်ခံခြင်းအား ယနေ့ ဧပြီလ (၉)ရက်နေ့မှ စတင်၍ လျှောက်ထားမှုအား လက်ခံပေးနိုင်ခြင်း မရှိတော့ပါကြောင်း ရိုသေလေးစားစွာဖြင့် အသိပေးကြေငြာအပ်ပါသည်။ သို့ရာတွင်လည်း နယူးမြန်မာ ဖောင်ဒေးရှင်းအနေဖြင့် ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်သို့ရောက်ရှိနေကြသော မြန်မာပြည်သူ/သားများ အတွက် အမှန်တကယ်လိုအပ်လျှက်ရှိသော ထိုင်းဘာသာစကားသင်တန်းများအား စဉ်ဆက်မပြတ် ပံ့ပိုး ဆောင်ရွက်နိုင်ရန် အမြဲမပြတ်ကြိုးစားအားထုတ်နေသည်ဖြစ်သည့်အတွက် နောင်လာမည့် ထိုင်းဘာသာစကား သင်တန်းများအား စိတ်ပါဝင်စားစွာ ဆက်လက်လျှောက်ထားလိုသူများအနေဖြင့် နယူးမြန်မာဖောင်ဒေးရှင်း၏ တရားဝင်ဝက်ဘ်ဆိုဒ်များ၊ လူမှုစာမျက်နှာများမှတဆင့် စောင့်ကြည့်အားပေး လျှောက်ထားနိုင်ပါကြောင်း လည်း သတင်းပေးဖိတ်ကြားအပ်ပါသည်။

မြန်မာပြည်သူ/ပြည်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

သင်တန်းတာဝန်ခံ

နယူးမြန်မာဖောင်ဒေးရှင်း

Phone: +66948855116

Signal/Telegram: +66927833262

Email: language.nmf@gmail.com  

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!