အွန်လိုင်းထိုင်းဘာသာစကားပြော အခမဲ့သင်တန်း အပတ်စဥ် (၁၇) အတွက်သင်တန်းသားခေါ်ယူခြင်း

ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသည့် မြန်မာပြည်သူပြည်သားများ အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူ ဖြစ်စေရန်၊ လက်ရှိလုပ်ငန်းခွင် ဝင်ရောက်နေသူများအနေနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာ တွင် ပိုမိုထိရောက်လွယ်ကူစေရန်နှင့် မြန်မာပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက် အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ အခြေခံအွန်လိုင်း ထိုင်းဘာသာ စကားပြောသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက် နေ့မှ စတင်၍ အခြေခံထိုင်းဘာသာစကားသင်တန်း သင်တန်းအပတ်စဉ် (၁၇) ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။ သင်တန်းကာလအနေဖြင့် (၃) လ ကြာမြင့်မည်ဖြစ်ပြီး ထိုင်းဘာသာ စကားကို စိတ်ပါဝင်စား သင်ယူလိုသော ထိုင်းနိုင်ငံရောက် မြန်မာပြည်သူများ (မည်သူမဆို) လျှောက်ထားနိုင် ပါသည်။ ထိုင်းဘာသာစကားသင်တန်းများကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ညနေ ၇ နာရီ မှ ၉ နာရီတိုင်း အွန်လိုင်း (𝗭𝗼𝗼𝗺 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻) မှတဆင့်သင်ကြားပေးသွားမည်ဖြစ်ပါသည်။

ထိုင်းဘာသာစကားသင်တန်း တက်ရောက်ခွင့်လျှောက်ထားနိုင်သော 𝐆𝐨𝐨𝐠𝐥𝐞 𝐅𝐨𝐫𝐦 ကို အောက်တိုဘာလ (၁၄) ရက်မှ အောက်တိုဘာလ (၂၀) ရက်နေ့အထိ ဖွင့်လှစ်ထားပေးမည်ဖြစ်ပါသည်။ ဦးစွာလျှောက်ထားသူ (၁၀၀) ဦးအနက် သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်မည့် သင်တန်းသား (၃၀) ဦးအား ရွေးချယ်စိစစ်၍ လက်ခံသင်ကြား ပေးသွားမည်။ လျှောက်ထားသူများအနေဖြင့်လည်း သင်တန်းအား အမှန်တကယ်စိတ်ပါဝင်စား၍ ပြီးဆုံးအောင် တက်ရောက် နိုင်မှသာ လျှောက်ထားကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။ သင်တန်းတက်ရောက်ခွင့်ရရှိသူများကိုသာ Telegram (သို့) E mail မှတဆင့် ပြန်လည်အကြောင်းကြား ပေးသွားမည် ဖြစ်သည့်အတွက် သင်တန်းလျှောက်ထားသူများ အနေဖြင့် မိမိတို့၏ Telegram (သို့) E mail လိပ်စာ/ ဖုန်းနံပါတ်များကို မှန်ကန်စွာထည့်သွင်းပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။

သင်တန်းတက်ရောက် ရန် ရွေးချယ်ခြင်းမခံရသူများအား ပြန်လည်အကြောင်းကြားပေးမည် မဟုတ်ပါကြောင်း ကြိုတင်အသိပေး အပ်ပါသည်။ New Myanmar Foundation ၏ ထိုင်းဘာသာစကား အွန်လိုင်းသင်တန်း အပတ်စဉ် (၁၇)အပေါ် စိတ်ပါဝင်စား စွာ စာရင်းပေးသွင်းကြသူများထဲမှ သင်တန်းကာလ (၃ လ) အစမှ အဆုံးထိ တက်ရောက်ပါမည်ဟု ကတိပြု သူများ၊ ကင်မရာဖွင့်၍ စာသင်ခန်းတွင်း တက်ကြွစွာပါ၀င်ဆွေးနွေးနိုင်သူများ၊ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီသော သင်တန်းသားများကိုသာ ဦးစားပေးရွေးချယ်ပါမည်။ သင်တန်းသည် လုံး၀အခမဲ့ ဖြစ်သည့်အပြင် သင်တန်းပုံမှန်တက်ရောက်သူများအား Certificate ချီးမြှင့်မည်။

အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်း လျှောက်ထားရန် လင့်ခ် – https://forms.gle/tEGnprcMAc8LLB1r9

New Myanmar Foundation ၏ ဘာသာစကားသင်တန်းများနှင့်ပတ်သတ်၍ ပိုမိုသိရှိလိုပါက အောက်ဖော်ပြ ပါ ဖုန်းနံပါတ်၊ Telegram နှင့် Email များမှတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်

ဘာသာစကားသင်တန်းတာဝန်ခံ

Phone/ Telegram : +𝟲𝟲 𝟬𝟴𝟮 𝟯𝟳𝟯 𝟳𝟭𝟲𝟬

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!