ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့နှင့် ထိုင်းနိုင်ငံရောက် ဒီမိုကရေစီအင်အားစုများအတွက် ရည်ရွယ်လျက် နယူးမြန်မာဖောင်ဒေးရှင်း (New Myanmar Foundation) မှ အခမဲ့ အွန်လိုင်းထိုင်းစကားပြောသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းအပတ်စဥ် (၇) ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ဧပြီလ (၃၀) ရက်နေ့အထိ (၃) လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပါသည်။
အဆိုပါ ထိုင်းဘာသာစကားသင်တန်း အပတ်စဥ် (၇) တွင် သင်ကြားပေးနိုင်ရန် ထိုင်းဘာသာစကား သင်ကြားရေးအတွေ့အကြုံရှိ ဆရာ/ဆရာမများ လိုအပ်လျက်ရှိပါသည်။
သင်တန်းတစ်ချိန်လျှင် (၂) နာရီနှုန်းနှင့် တစ်ပတ် (၃) ရက် သင်ကြားပေးရမည်ဖြစ်ပြီး သင်တန်းကာလ (၃) လ အတွက် စုစုပေါင်း သင်ကြားချိန် အနည်းဆုံး ၇၂ နာရီ ရှိမည်ဖြစ်သည်။ သင်တန်းချိန် တစ်ခုထက်ပို၍ သင်ကြားပေးနိုင်မည့် ဆရာ/ဆရာမများရှိပါကလည်း ကြိုဆိုလက်ခံသွားပါမည်။ နယူးမြန်မာဖောင်ဒေးရှင်း အနေဖြင့် သင်ကြားပေးမည့် ဆရာ/ဆရာမများအား ဉာဏ်ပူဇော်ခ (Honorarium) အဖြစ် သင်တန်းချိန် တစ်နာရီလျှင် (၁၅၀) ဘတ် ကို ပေးအပ်သွားမည်ဖြစ်ပါသည်။
သင်ကြားပေးရမည့် သင်တန်းအချိန်အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁) Class A: တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ (ညနေ ၅ နာရီ မှ ၇ နာရီ)
၂) Class B: တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ (ညနေ ၇ နာရီ မှ ၉ နာရီ)
၃) Class C: အင်္ဂါ၊ ကြာသပတေး၊ စနေ (ညနေ ၅ နာရီ မှ ၇ နာရီ)
၄) Class D: အင်္ဂါ၊ ကြာသပတေး၊ စနေ (ညနေ ၇ နာရီ မှ ၉ နာရီ)
သို့ဖြစ်ပါ၍ ထိုင်းစကားပြောသင်ကြားရေး အတွေ့အကြုံရှိသူများ၊ ထိုင်းဘာသာစကားကို အွန်လိုင်းမှတဆင့် သင်ကြားပေးနိုင်သူများ ပါဝင်လျှောက်ထားနိုင်ရန် နယူးမြန်မာဖောင်ဒေးရှင်း (New Myanmar Foundation) မှ ဖိတ်ခေါ်အပ်ပါသည်။
လျှောက်ထားလိုသည့် ဆရာ/ဆရာမများအနေဖြင့် မိမိတို့၏ ထိုင်းစကားပြောသင်ကြားရေး အတွေ့အကြုံများကို ပြည့်စုံစွာဖော်ပြထားသည့် ကိုယ်ရေးအကျဥ်း (CV) ကို ဇန်နဝါရီလ (၂၀) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။ သတ်မှတ်ချက်များနှင့် ကိုက်ညီသော လျှောက်ထားလာသူများအား ဇန်နဝါရီလ (၂၂) ရက်နေ့တွင် လူ့တွေ့အင်တာဗျူးခြင်း ပြုလုပ်သွားမည်ဖြစ်ပါသည်။
လျှောက်လွှာတင်ရန် : language.nmf@gmail.com
– CV Form အား အထက်ပါ Email သို့ ပေးပို့ပေးပါရန်။
– ထိုင်းဘာသာစကားသင်ကြားရေးနှင့်ပတ်သတ်သည့် Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။
– CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။
အသေးစိတ်မေးမြန်းလိုပါက :
Naw Say Lay Phaw
Phone Number – +66927833262
Signal Number – +66927833262
Email – language.nmf@gmail.com
Language Training Program
NEW MYANMAR FOUNDATION