ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့နှင့် ထိုင်းနိုင်ငံရောက် မြန်မာပြည်သူ/သားများ၏ ကျန်းမာရေး၊ လုံခြုံရေး၊ အလုပ်အကိုင်ရှာဖွေရေး နှင့် နေ့စဉ်သွားလာလှုပ်ရှားမှုများတွင် လွယ်ကူအထောက်အကူပြုစေရန် ရည်ရွယ်လျက် 𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) မှ အခမဲ့ In-Person / အွန်လိုင်း ထိုင်းစကား ပြောသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ အဆိုပါ ထိုင်းဘာသာစကား သင်တန်းများတွင် သင်ကြားပေးနိုင်ရန် ထိုင်းဘာသာစကား သင်ကြားရေးအတွေ့အကြုံရှိ ဆရာ/ဆရာမများ လိုအပ်လျက် ရှိပါသည်။
ရာထူး 𝐓𝐡𝐚𝐢 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐓𝐫𝐚𝐢𝐧𝐞𝐫
လျှောက်လွှာလက်ခံမည့်ကာလ ၁၃.၀၅.၂၀၂၆ မှ ၁၉ .၀၅.၂၀၂၆ အထိ
စီမံကိန်းကာလ ၀၁.၀၆.၂၀၂၆ မှ ၃၀.၀၄.၂၀၂၇ အထိ
နေရာ မဲဆောက်
အစမ်းခန့်ကာလ ၃လ
အစမ်းခန့်လစာ ၁၄,၀၀၀ ဘတ်
ပုံမှန်လစာ ၁၆,၀၀၀ ဘတ်
အစီရင်ခံရမည့်သူ 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐫
ခန့်အပ်မည့်ပုံစံ 𝐅𝐮𝐥𝐥 𝐓𝐢𝐦𝐞 (𝐈𝐧 𝐏𝐞𝐫𝐬𝐨𝐧)
ခန့်အပ်မည့်ဦးရေ ၂ ဦး
လုပ်ဆောင်ရမည့်တာဝန်များ
—————————
𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 ၏ လုပ်ငန်းများတွင်
● သင်တန်းကြေညာစာ Advertisement များရေးသားပြင်ဆင်ပြီး Social Media များမှတဆင့် ဖြန့်ဝေရမည်။
● သင်တန်းတက်ရောက်ရန် လျှောက်ထားလာသူများ၏ မေးမြန်းလာမှုများအား ပြန်လည်ဖြေဆို ပေးခြင်းနှင့် သင်တန်းလျှောက်လွှာများအား စိစစ်ခြင်း။
● သင်တန်းသားများအား သင်တန်းတက်ရောက်ရန် လိုအပ်သောဖောင်များ ဖြည့်သွင်းရာတွင် အဆင်ပြေချောမွေ့စေရန် စီစဉ်ပေးခြင်းနှင့် သင်တန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်း ဝေမျှခြင်း။
● အခြေခံ ထိုင်းဘာသာစကား သင်တန်း (၃)လပတ်အား In-person နှင့် Online Class ပုံစံ နှစ်မျိုးလုံးဖြင့် သင်တန်းသားများ နားလည်တတ်မြောက်စေရန် ထိရောက်စွာ သင်ကြားပေးခြင်း။
● စီမံကိန်း အောင်မြင်ရန် လိုအပ်ပါက အခြားသော တာဝန်များအား ဝိုင်းဝန်းကူညီပေးရမည်။
● သင်တန်းပို့ချရန် လိုအပ်သော သင်ရိုးညွှန်းတမ်းများအား ပြင်ဆင်ခြင်း နှင့် လိုအပ်သည့်အခါတိုင်း Update ပြုလုပ်ခြင်း။ သင်ကြားရေးတွင် အသုံးပြုမည့် Teaching Materials များ၊ Exercise များနှင့် Lesson Plan များအား ကြိုတင်ပြင်ဆင်ထားခြင်း။
● သင်တန်းတွင်လိုအပ်သည့် သင်ထောက်ကူပစ္စည်းများအား ဝယ်ယူခြင်းနှင့် သင်တန်း တစ်လျှောက် အဆင်ပြေချောမွေ့အောင် စီမံအုပ်ချုပ်ခြင်း။
● သင်တန်းသား တက်ရောက်မှု (Attendance) စာရင်းများပြုစုခြင်း၊ သင်တန်းပြီးဆုံးကြောင်း Certificate များထုတ်ပေးခြင်း ။
● ပေါ်ပေါက်လာသော အရေးပေါ်ကိစ္စရပ်များအတွက် ကောင်းမွန်မျှတစွာ စီမံကိုင်တွယ်ပေးခြင်း၊ အချိန်နှင့် တပြေးညီ သက်ဆိုင်ရာအရာရှိထံ တင်ပြခြင်း။
● သင်တန်းသားများအား တတ်မြောက်မှုစစ်ဆေးသည့် စာမေးပွဲများ၊ Quiz များနှင့် Speaking Practice များ ပြုလုပ်ပေးကာ တိုးတက်မှုအခြေအနေအား စစ်ဆေးခြင်း။
● သင်တန်းသားများ၏ သင်ယူနိုင်မှုအခြေအနေ၊ အားသာချက် / အားနည်းချက်များအား သုံးသပ်ကာ လိုအပ်သလို ပံ့ပိုးကူညီပေးခြင်း။
● Online Class များအတွက် Zoom / MS Team/ Google Meet / Facebook Group စသည့် Platform များအား စနစ်တကျ အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း။
● Project Manager & Assistant Project Manager များနှင့် ပူးပေါင်းညှိနှိုင်းကာ သင်တန်း လုပ်ငန်းစဉ်များအား အောင်မြင်စွာ အကောင်အထည်ဖော်ခြင်း။
● သင်တန်းပြီးဆုံးမှု အစီရင်ခံစာ၊ လစဉ် သင်တန်းတိုးတက်မှု အစီရင်ခံစာ နှင့် စီမံကိန်း ပြီးဆုံးပါက နှစ်ပတ်လည်အစီရင်ခံစာ များအား တင်ပြပေးရမည်။
အတွေ့အကြုံလိုအပ်ချက်
————————
● ထိုင်းဘာသာစကား သင်ကြားရေးတွင် ကျွမ်းကျင်စွာ အတွေ့အကြုံရှိသူ ဖြစ်ရမည်။
● မြန်မာစာ ကျွမ်းကျင်မှု ရှိရမည်။
● စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ၊ ရုံးပိုင်းဆိုင်ရာ အတွေ့အကြုံရှိသူ။
● အခြေခံကွန်ပျူတာ ကျွမ်းကျင်မှုရှိပြီး အွန်လိုင်း Platform များအား ကျွမ်းကျင်စွာအသုံးပြုတတ်သူ။
● လစဉ် အစီရင်ခံစာများ ရေးသားနိုင်သူ။
● လုပ်ငန်းအပေါ်တွင် စိတ်ပါဝင်စားပြီး သင်တန်းများချောမွေ့စွာသင်ကြားနိုင်ရန် စီမံဆောင်ရွက် နိုင်သူ။
● စည်းစနစ်ကျ၍ လူအများနှင့် ပြောဆိုဆက်ဆံရာတွင် ပြေပြစ်စွာ ပြောဆိုတတ်သူဖြစ်ရမည်။
● အခြားအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိရမည်။
● အကျင့်စာရိတ္တ ကောင်းမွန်သူ။
● အကြမ်းဖက်မှု (Violence) ၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment)၊ ကလေး သူငယ်များအား အမြတ်ထုတ်မှု/စော်ကားမှု (Child Abuse) တို့အား ကျူးလွန်ဖူးသူမဖြစ်ရပါ။
● လုပ်ငန်းကိစ္စရပ်များ နှင့် နေထိုင်သူများ၏ ပုဂ္ဂလိက ဆိုင်ရာကိစ္စရပ်များအား (Privacy and Confidentiality) ပြင်ပသို့ မပေါက်ကြားစေရန် တာဝန်ယူရမည်။
● ကား၊ ဆိုင်ကယ် မောင်းနှင်နိုင်သူ ဦးစားပေးပါမည်။
လျှောက်လွှာတင်ရမည့်ပုံစံ
————————-
ထိုင်းဘာသာစကားသင်ကြားရေးအား စိတ်ဝင်စားသော ဆရာ/ဆရာမများအနေဖြင့်
● မြန်မာဘာသာဖြင့် ရေးသားထားသည့် Cover letter နှင့် CV Form အား contact@blossomfuture.org Email သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
● Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။
● CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့ အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။
အသေးစိတ်မေးမြန်းလိုပါက :
𝗔𝗱𝗺𝗶𝗻 Officer
𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿/Signal Number– +𝟲𝟲 620 688 279
𝗘𝗺𝗮𝗶𝗹 – contact@blossomfuture.org


