သို့
ကျန်းမာရေးပညာရှင်များ ခင်ဗျား
လေးစားစွာ အကူအညီတောင်းခံအပ်ပါသည်။
ယခုအခါ မြန်မာပြည်သားအများအပြားသည် ထိုင်းနိုင်ငံသို့ တိမ်းရှောင် ခိုလှုံလာကြပါသည်။ အထူးသဖြင့် မဲဆောက်မြို့တွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ၊ စစ်ဘေးရှောင် ပြည်သူများနှင့် ရွှေ့ပြောင်းလုပ်သားများ သိန်းနှင့်ချီ များပြားစွာ ရောက်ရှိနေပါသည်။ ရောက်နေဆဲလည်း ဖြစ်ပါသည်။
၎င်းတို့အနေဖြင့် ကျန်းမာရေး ချို့တဲ့မှုများ၊ အရေးပေါ် အခြေအနေများနှင့် ကြုံတွေ့လာသည့် အခါတွင်လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိနိင်ရန်အတွက် အခက်အခဲ အဟန့်အတားများစွာ ကြုံတွေ့ရပါသည်။ ဘာသာစကားအခက်အခဲ၊ သွားလာရေးအခက်အခဲ၊ ငွေကြေးချို့တဲ့မှု၊ သတင်းအချက် အလက်ချို့တဲ့မှုနှင့် အဖမ်းအဆီးခံရနိုင်သည့် အခြေအနေများ အပါအဝင်များစွာသော အတားအဆီးများ ရှိနေပါသည်။
၎င်း အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် Tele Health (တယ်လီဖုန်းဖြင့် Telegram Application သုံးကာ လူနာအား ကြည့်ရှုစစ်ဆေးကာ အကြံဉာဏ်ပေးခြင်းနှင့် ဖြစ်နိုင်ပါက ကုသမှုပေးခြင်း) အစီအစဉ် ကို ဇွန်လ (၁)ရက် ၂၀၂၂ မှစ၍ စတင်နေပြီဖြစ်ပါသည်။
သို့ဖြစ်ပါ၍ Tele Health အစီအစဉ်ကို ပူးတွဲ ကြီးကြပ် ဆောင်ရွက်ပေးနိုင်မည့် ဆေး/ကျန်းမာရေး လုပ်ငန်း အတွေ့အကြုံ ရှိသည့် ပုဂ္ဂိုလ် (၁)ဦး သို့မဟုတ် (၂)ဦး လိုအပ်နေပါသဖြင့် ကူညီဖြည့်ဆည်း ပေးလိုသော ပညာရှင်များအနေဖြင့် ပါဝင်ဆောင်ရွက်ပေးကြပါရန် အနူးအညွတ် ပန်ကြားအပ်ပါသည်။ ထိုသို့ပါဝင်လိုပါက ပူးတွဲပါ Google Formတွင် ဖြည့်သွင်းပေးပါရန်လည်း ပန်ကြားအပ်ပါသည်။
အစီအစဉ်ကို အသေးစိတ် ပိုမိုသိရှိလိုပါက၎င်း၊ ဆွေးနွေးအကြံပေးလိုပါက၎င်း အောက်ပါ တာဝန်ခံပုဂ္ဂိုလ်ထံ ဆက်သွယ်နိုင်ပါသည်။
ဒေါ်ငွေရည်လွင်
B.Med.Tech, M.Med.Tech (Physiotherapy)
Telephone : +66 971985803
Telegram, Signal : +66 971985803
Email : telehealth@newmyanmarfoundation.info
ဆရာ၊ ဆရာမ အားလုံး အား ကျေးဇူး အထူးတင်ရှိပါသည်။
လေးစားစွာဖြင့်
ဒေါက်တာ ဆန်းအောင်
၁၉၉၀ – အမတ်
New Myanmar Foundation
https://forms.gle/GtPkUTLEAcQ5sqWr9