




Blossom Future (ပွင့်သစ်ဝေ) အနေဖြင့် ဒေသခံအဖွဲ့အစည်းများ၏ ဦးဆောင်မှုနှင့် ရပ်ရွာအခြေပြု လုပ်ဆောင်ချက်များ ကို အားပေး ပံ့ပိုးရန် ရည်ရွယ်၍ Small Grant Initiative ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါအစီအစဉ်အရ ရရှိလာသည့် Proposal များကို သတ်မှတ်ထားသော စံနှုန်းများနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်သုံးသပ်ပြီးနောက် အောက်ဖော်ပြပါ မိတ်ဖက်အဖွဲ့အစည်းများ၏ Proposal (၃) ခုကို ရွေးချယ်၍ အဖွဲ့အစည်းတစ်ဖွဲ့လျှင် ဘတ် ၁၅,၀၀၀ ဖြင့် စုစုပေါင်း ဘတ် ၄၅,၀၀၀ ကို ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ ပံ့ပိုးပေးနိုင်ခဲ့ပါသည်။
Selected Partner Organizations
• Future Light
• Partnership Meeting Organizing Committee
• The Next Horizon
ဤ Small Grant အစီအစဉ်သည် မိတ်ဖက်အဖွဲ့အစည်းများ၏ ကိုယ်ပိုင်ဦးဆောင်မှု၊ လိုအပ်ချက်များနှင့် ဦးစားပေးလုပ် ဆောင်ချက်များအပေါ် အခြေခံ၍ ၎င်းတို့၏ လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်နိုင်ရန် အားပေးပံ့ပိုးရန် ရည်ရွယ်ပါသည်။
ရွေးချယ်ခံရသည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ရရှိခြင်းအတွက် Blossom Future အနေဖြင့် ဝမ်းမြောက်မိပါသည်။ မိတ်ဖက်အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပြီး ရည်မှန်းထားသည့် အကျိုးရလဒ်များ ရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
Blossom Future (ပွင့်သစ်ဝေ) အနေဖြင့်လည်း မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဒေသခံဦးဆောင်မှုနှင့် ရပ်ရွာအခြေပြု လုပ်ဆောင်ချက်များကို ဆက်လက်အားပေးပံ့ပိုးသွားမည် ဖြစ်ပါသည်။
Blossom Future (ပွင့်သစ်ဝေ)
Supporting local initiatives through partnership, participation and shared responsibility.
(Blossom Future)