New Myanmar Foundation မှ စီစဉ်သည့် အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်း (နေ/စား ငြိမ်း)

အပတ်စဉ် (၅၃) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း
မဲဆောက်ရောက် မြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရန် ရည်ရွယ်၍ New Myanmar Foundation မှ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” များကို စီစဉ်ဖွင့်လှစ်ပေးလျက် ရှိပါသည်။

ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့ ၂၀၂၅ ခုနှစ်၊ မှ စတင်၍ သင်တန်းအပတ်စဥ် (၅၃) ကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။ သင်တန်းကာလကို ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့ မှ (၂၇) ရက်နေ့အထိ သတ်မှတ်ထားပါ သည်။ ဤသင်တန်းအပတ်စဉ်တွင် သင်တန်းသား/သူ (၁၀) ဦး ကို လက်ခံပေးသွားမည်ဖြစ်ပါသည်။ အမျိုးသမီးများ၏စွမ်းဆောင်ရည်မြှင့်တင်ရေး အတွက် ရည်ရွယ်ဖွင့်လှစ် ခြင်းဖြစ်သည့်အားလျော်စွာ လူမျိုးရေး ၊ ဘာသာရေးခွဲခြားမှုမရှိ၊ လူနည်းစုတန်းတူအခွင့်အရေးများနှင့်အညီ အသက် (၄၀) နှစ် အောက် အမျိုးသမီးများအား ဦးစားပေးရွေးချယ်သွားမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ် ပါသည်။ (သို့သော် အမျိုးသားများလည်းလျှောက်ထားနိုင်ပါသည်။)

ယခု အခြေခံမော်တာစက်ချုပ်သင်တန်း တက်ရောက်ခွင့် လျှောက်ထားနိုင်သော 𝐆𝐨𝐨𝐠𝐥𝐞 𝐅𝐨𝐫𝐦 အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့ မှ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ညနေ (၅) နာရီအထိ

ဖွင့်လှစ်ပေးထားမည်ဖြစ်ပါသည်။

မဲဆောက်ရောက် မြန်မာပြည်သူညီအစ်ကို မောင်နှမများအနေဖြင့် လျှောက်လွှာခေါ်ယူသည့် Google Form တွင် ပါရှိသော စည်းကမ်းချက်များကို လိုက်နာနိုင်ပါက အောက်ဖော်ပြပါ သင်တန်းလျှောက် ထားရန် လင့်ခ်တွင် အချက်လက်များ ဖြည့်သွင်း၍ ‌လျှောက်ထားနိုင်ပါသည်။ လျှောက်ထားသူများထဲမှ တက်ရောက်ရန်ရွေးချယ်ခံရသူများအား ယခုသင်တန်း အပတ်စဉ်တွင် လည်းကောင်း၊ နောက်အပတ်စဉ် သစ်များတွင်လည်းကောင်း ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

မှတ်ချက်* ယခု သင်တန်းသို့တက်ရောက်မည့်သူများအတွက် သင်တန်းကာလအတွင်း နယူးမြန်မာဖောင်ဒေးရှင်းမှ နေရာထိုင်ခင်း စီစဉ်ပေး၍ စားသောက်စရိတ်များ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက မဲဆောက်ရှိ စက်ချုပ်အလုပ်ရုံများတွင် အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ရှာဖွေပေးသွားမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ သင်တန်းပြီးဆုံးပါက စက်ချုပ် အလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်လိုသူများ (သို့) စက်ချုပ်ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းမည့်သူများသာ လျှောက်ထားပေး ပါရန် အထူး မေတ္တာရပ်ခံအပ်ပါသည်။

သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကိုသာ လူ့တွေ့အင်တာဗျူး တက်ရောက်ပေးရန် ဆက်သွယ် သွားမည် ဖြစ်ပါသောကြောင့် သင်တန်း လျှောက်ထားလာသူများအနေဖြင့် မိမိတို့ထံ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို မှန်ကန်စွာ ထည့်သွင်းပေးကြရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။

အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း လျှောက်ထားရန် 𝗟𝗶𝗻𝗸: https://forms.gle/Yr1ADZCLb41zumXY9

New Myanmar Foundation ၏ စက်ချုပ်သင်တန်းနှင့်ပတ်သတ်၍ ထပ်မံသိရှိလိုသည်များရှိပါက အောက်ဖော်ပြပါဖုန်းနံပါတ်၊ 𝗦𝗶𝗴𝗻𝗮𝗹, နှင့် 𝗘𝗺𝗮𝗶𝗹 များမှတဆင့် ရုံးချိန် (နံနက် ၉ နာရီ မှ ညနေ ၅း၀၀) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်

စက်ချုပ်သင်တန်းတာဝန်ခံ

နော်ဆဲ

𝗣𝗵𝗼𝗻𝗲: +𝟲𝟲 𝟵𝟮𝟵𝟳𝟲𝟳𝟴𝟭𝟭

𝗦𝗶𝗴𝗻𝗮𝗹: +𝟲𝟲 𝟵𝟮𝟵𝟳𝟲𝟳𝟴𝟭𝟭

Email nmf.staff04@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!