𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၈၉) အတွက် သင်တန်းသား/သူခေါ်ယူခြင်း

ရက်စွဲ။ ။ ဩဂုတ်လ (၁၇) ရက် ၊ ၂၀၂၆ ခုနှစ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန် ရည်ရွယ်၍ (ပွင့်သစ်ဝေ) မှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို (၂၀၂၁) ခုနှစ်၊ ဧပြီလမှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့မှ ဩဂုတ်လ ၂၈ ရက်နေ့ အထိ သင်ကြားသွားမည့် သင်တန်းအပတ်စဉ် (၈၉) အတွက် သင်တန်းသား/သူ အသစ် (၁၀)ဦး ထပ်မံခေါ်ယူသွားမည်ဖြစ်ပါသည်။ ယခုသင်တန်းတွင် လူမျိုးရေး၊ ဘာသာရေး ခွဲခြားမူမရှိဘဲ အမျိုးသမီးများနှင့် အမျိုး သားများအားလုံး ဝင်ရောက်လျှောက်ထားနိုင်ပါသည်။

သို့ပါ၍ ယခုသင်တန်းအား စိတ်ပါဝင်စားသော လျှောက်လွှာရှင်များအနေဖြင့် သင်တန်းတက်ရောက်နိုင်ရန်‌ ဇူလိူင်လ (၃၁) ရက်နေ့မှ ဩဂုတ်လ (၁၄) ရက်နေ့ထိ၊ ညနေ (၅) နာရီအထိ ဂူဂဲလ် (google form) လင့်ခ်မှတစ်ဆင့် ဖောင်ဖြည့်သွင်း လျှောက်ထားနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

ကြိုတင်အသိပေးကြော်ငြာချက်

—————————

• သင်တန်းလျှောက်ထားမည့်သူများသည် လျှောက်လွှာခေါ်ယူသည့် Google Form တွင် ပါရှိသော သင်တန်းဆိုင်ရာ စည်းကမ်းချက်များအား ပထမဦးစွာ သေချာဖတ်ရှုပြီး မိမိတို့အနေဖြင့် လိုက်နာနိုင်မှုရှိပါက လျှောက်လွှာပါ အချက်အလက်များအား သေချာစွာဖြည့်သွင်း လျှောက်ထားနိုင်ပါသည်။

• သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း မနက်စာ၊ နေ့လယ်စာကိုသာ ပြင်ဆင်ပေးပါမည်။

• ယခုသင်တန်းသို့ တက်ရောက်မည့်သူများအတွက် သင်တန်းကာလအတွင်း ပွင့်သစ်ဝေမှ နေရာထိုင်ခင်း စီစဉ်ပေး၍ စားသောက်စ ရိတ်များ ထောက်ပံ့သွားမည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက မဲဆောက်ရှိ စက်ချုပ်အလုပ်ရုံများတွင် အလုပ်အကိုင်ရရှိရေး ချိတ်ဆက် ရှာဖွေ ပေးသွားမည်လည်းဖြစ်သည်။ သို့ပါ၍ သင်တန်းပြီးဆုံးပါက စက်ချုပ်အလုပ်ရုံးများတွင် ဝင်ရောက်လုပ်ကိုင်လိုသူများ (သို့) စက် ချုပ်ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုမည့်သူများကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

လျှောက်ထားသူများထဲမှ တက်ရောက်ရန် ရွေးချယ်ခံရသူများအား ယခုသင်တန်းအပတ်စဉ်တွင်လည်းကောင်း၊ နောက်အပတ်စဉ်သစ်များတွင်လည်းကောင်း ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကိုသာ လူတွေ့အင်တာဗျူး တက်ရောက်ပေးရန် ဆက်သွယ်သွားမည် ဖြစ်ပါသောကြောင့် သင် တန်းလျှောက်ထားလာသူများ အနေဖြင့် မိမိတို့ထံဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို မှန်ကန်စွာ ထည့်သွင်းပေးကြရန်လည်း မေတ္တာ ရပ်ခံအပ်ပါသည်။

အခမဲ့ အခြေခံမော်တာစက်ချုပ်သင်တန်း လျှောက်ထားရန်လင့် Link:

https://forms.gle/ni1jzrtdYnJXJ3nX6

ပွင့်သစ်ဝေ (BLOSSOM FUTURE) ၏ စက်ချုပ်သင်တန်းနှင့် ပတ်သတ်၍ ထပ်မံသိရှိလိုသည်များရှိပါက အောက်ဖော်ပြပါဖုန်းနံပါတ်၊ Signal နှင့် Email များမှတဆင့် ရုံးချိန် (နံနက် ၉ နာရီ မှ ညနေ ၅း၀၀) အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်

စက်ချုပ်သင်တန်းတာဝန်ခံ

မဝိုင်းဝိုင်း

Phone: +66 633849910

Signal: +66 633849910

Email: sewingmachine@blossomfuture.org

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!