နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၄၇) သင်တန်းဆင်းပွဲ

၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့ မှ (၂၅) ရက်အထိ (၇) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၄၇) သင်တန်းဆင်းပွဲ အခမ်းအနား ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့ နေ့လည် (၂) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ 𝐒𝐞𝐰𝐢𝐧𝐠 𝐌𝐚𝐜𝐡𝐢𝐧𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫 တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခြေခံစက်ချုပ်သင်တန်း အပတ်စဉ် (၄၇) ကို တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၃) ဦး (သင်တန်းသား (၂) ဦး နှင့် သင်တန်းသူ (၁၁) ဦး) ရှိပါသည်။

သင်တန်းဆင်းပွဲတွင် ဦးစွာပထမ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 𝗗𝗿. 𝗦𝗮𝗻𝗻 𝗔𝘂𝗻𝗴 မှ သင်တန်းပြီးဆုံးသည်အထိ ကြိုးစားသင်ယူခဲ့ကြသော သင်တန်းသား/သူ များအား ချီးကျူးဂုဏ်ပြုလိုပါကြောင်း၊ သင်တန်းပြီးဆုံးသော်လည်း အခက်အခဲတစ်စုံတစ်ရာရှိပါက New Myanmar Foundation မှ ကူညီရန်အသင့်ရှိ ပါကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများအတွက်လည်း ကြိုးစားရှာဖွေပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား/သူ များအနေဖြင့် မိမိတို့ရောက်ရှိသည့်နေရာတွင် မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ရန်ကြိုးစားသင့်ကြောင်း ၊ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻မှ လည်း အကောင်းဆုံး ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သင်တန်းဆရာမ ဒေါ်သီတာ မှ သင်တန်းသား/သူများအား သင်တန်းပြီးဆုံးသွားသော်လည်း မိမိတို့အချင်းချင်း ညီအစ်ကိုမောင်နှမ အရင်းသဖွယ် ရှေ့ဆက်ခင်မင်သွားကြပြီး တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းကြရန်နှင့် စက်ချုပ် ပညာရပ်နှင့် ပတ်သတ်၍ လိုအပ်လာပါကလည်း ဆရာမထံ အကူအညီတောင်းခံနိုင်ပါကြောင်း၊ မဲဆောက်ရောက် မြန်မာပြည်သူများအတွက်လည်း မိမိတို့ တတ်မြောက်ထားသည့် ပညာရပ်များဖြင့် ပြန်လည်အကျိုးပြုကြစေလို ကြောင်းနှင့် နောင်တစ်ချိန်တွင် သင်တန်းသားများကိုယ်တိုင် စက်ချုပ်သင်တန်းများ ပြန်လည်ပို့ချနိုင်သည်အထိ ဆက်လက်ကြိုးပမ်း အားထုတ်သွားစေလိုကြောင်းနှင့် အလုပ်အကိုင် ကြိုးစားရှာဖွေကြရန်တို့ကို ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းတက်ရောက်ပြီးစီးခဲ့သော သင်တန်းသား၊ သင်တန်းသူများအတွက် အလုပ်အကိုင်များ ချိတ်ဆက်ရှာဖွေပေးမည့် ကိုညီညီဦးမှလည်း အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သတ်၍ သိရှိထားရမည့် အချက်များကို သေချာစွာရှင်းလင်းပြောပြပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ သိရှိလိုသော မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့သည်။

နောက်ဆုံးအနေဖြင့် သင်တန်းတာဝန်ခံမှ သင်တန်းကာလတလျှောက် စေတနာပြည့်ဝစွာဖြင့် သင်ကြားပြသ ပေးခဲ့သော သင်တန်းဆရာမကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းပြီးဆုံးသွား သော်လည်း သင်တန်းသား၊ သင်တန်းသူများ အချင်းချင်း မိသားစုဝင်များကဲ့သို့ တစ်ဦးနှင့်တစ်ဦး စည်းစည်းလုံးလုံးရှိကာ တစ်ဦး၏လိုအပ်ချက်ကို တစ်ဦးက ကူညီရိုင်းပင်းကြရန်နှင့် အကူအညီလိုအပ်ပါကလည်း အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ကြောင်းတို့အား ပြောကြားခဲ့ပါသည်။

ဆရာ/ဆရာမများ၏ ပြောကြားမှုများအပြီးတွင် သင်တန်းသူ/ သင်တန်းသား တစ်ဦးချင်းစီမှ သင်တန်း၏ အားသာချက်/အားနည်းချက်များ နှင့် ကြုံတွေ့ရသော အခက်အခဲများ၊ ကျေနပ်ပီတိစကားများကို မျှဝေခဲ့ကြပါ သည်။ အဆိုပါတင်ပြဆွေးနွေးမှုများအပြီးတွင် သင်တန်းသား/သူ (၁၃) ဦး တို့အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ သင်တန်းဆင်းပွဲကို အောင်မြင်စွာပိတ်သိမ်းခဲ့ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!