New Myanmar Foundation မှ စီစဉ်သည့် အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်း အပတ်စဉ် (၃) တက်ရောက်နိုင်ရန် သင်တန်းသား/ သူခေါ်ယူခြင်း။

မဲဆောက်မြို့သို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား ညီအစ်ကိုမောင်နှမများရှင်…

New Myanmar Foundation အနေဖြင့် မဲဆောက်တွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်း ရရှိရန်အတွက် ရည်ရွယ်၍ လစဉ် (နေ/ စား) စရိတ်ငြိမ်း တစ်လကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်ပညာရပ် သင်တန်း” များကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။

ဖွင့်လှစ်ခဲ့ပြီးသော သင်တန်းအပတ်စဉ်များ

 သင်တန်း အပတ်စဉ် (၁) – ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၅) ရက်။

 သင်တန်း အပတ်စဉ် (၂) – ၂၀၂၄ ခုနှစ်၊ မေလ (၂၅) ရက်။

သင်တန်း အပတ်စဉ်တိုင်းတွင် သင်တန်းသား/ သူ (၂၀) ဦးအား ဆရာမ (၂) ဦးဖြင့် သင်ကြားပေးနေပြီ ဖြစ်ပါသည်။ အပတ်စဉ် (၃) သင်တန်းအား ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့တွင် ထပ်မံဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလမှာ ဇွန်လ (၂၅) ရက်နေ့ မှ ဇူလိုင်လ (၂၃) ရက်နေ့အထိ တစ်လ သင်တန်း ဖြစ်ပါသည်။

လျှောက်ထားသူသင်တန်းသား/ သူများအနေဖြင့် မိမိလျှောက်ထားသည့် အပတ်စဉ် တစ်ခုတွင် တက်ရောက်ခွင့်မရရှိခဲ့ပါက နောက်ထပ်ဖွင့်လှစ်မည့် အပတ်စဉ်များတွင် ထပ်မံလျှောက်ထားနိုင်ပါသည်။‌ သင်တန်း တက်ရောက်လိုသည့် သင်တန်းသား/ သူများအနေဖြင့် လျှောက်လွှာခေါ်ယူသည့် Google Form တွင်ပါရှိသော စည်းကမ်းချက်များကို လိုက်နာနိုင်ပါက အောက်ဖော်ပြပါ သင်တန်းလျှောက်ထားရန် လင့်ခ်တွင် အချက်လက်များ ဖြည့်သွင်း၍ ‌လျှောက်ထားနိုင်ပါသည်။ ယခု အခြေခံမော်တာစက်ချုပ်သင်တန်း တက်ရောက်ခွင့် လျှောက်ထားနိုင်သော Google Form အား ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထား ပေးပါရန် လေးစားစွာ အသိပေး အပ်ပါသည်။

 သင်တန်းကာလ – ၂၀၂၄ ခုနှစ် ဇွန်လ (၂၅) ရက်နေ့ မှ ဇူလိုင်လ (၂၃) ရက်နေ့ အထိ။

 သင်တန်းနေ့ရက် – အပတ်စဉ် တနင်္လာနေ့ မှ စနေနေ့ အထိ။

 သင်တန်းအချိန် – နေ့စဉ် နံနက် (၉း၀၀) မှ ညနေ (၆း၀၀) အထိ။

မှတ်ချက် ၁။ အမျိုးသမီးများအား ဦးစားပေးရွေးချယ်မည် ဖြစ်ပါသည်။

၂။ သင်တန်းတက်ရောက်ခွင့် ရရှိသူများကိုသာ Email မှတဆင့် ပြန်လည်အကြောင်းကြား ပေးသွားမည်ဖြစ်ပါသောကြောင့် သင်တန်းလျှောက်ထားသူများအနေဖြင့် မိမိတို့၏ Email လိပ်စာ များကို မှန်ကန်စွာ ထည့်သွင်းပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။

အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း လျှောက်ထားရန်

Link _ https://forms.gle/xBVRMP6N1tpYagT2A

လေးစားစွာဖြင့်

တာဝန်ခံ

သိင်္ဂီ

အသေးစိတ်သိရှိလိုသူများအနေဖြင့် တာဝန်ခံ၏အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Phone : +66 626 874 266

Signal : +66 626 874 266

Email : newmyanmaroffice@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!