အခမဲ့အခြေခံမော်တာစက်ချုပ် တစ်လသင်တန်း အပတ်စဉ် (၃) သင်တန်းဖွင့်ပွဲ

ရက်စွဲ ။ ။ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၅) ရက်။

New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁) လကြာ နေ/ စား စရိတ်ငြိမ်း “အခမဲ့ အခြေခံ မော်တာစက်ချုပ်သင်တန်း” အပတ်စဉ် (၃) ဖွင့်ပွဲကို ထိုင်း-မြန်မာနယ်စပ်ရှိ စက်ချုပ်သင်တန်းကျောင်း၌ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဦးစွာပထမ New Myanmar Foundation ၏ Executive Director ဒေါက်တာစန်းအောင်မှ အခြေခံ မော်တာစက်ချုပ်သင်တန်းများကို ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ (၁၀)ရက်ကြာ သင်တန်းများစတင် ဖွင့်လှစ်ခဲ့ပြီး အခက်အခဲများစွာရှိခဲ့ကြောင်း၊ ယခုသင်တန်းအား Australian Aid မှ ထောက်ပံ့ပေး ထားခြင်းဖြစ်ပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အမျိုးသမီးများ၏ စွမ်းဆောင် ရည်မြင့်မားရန် နှင့် အလုပ်အကိုင် အလွယ်တကူ ရရှိရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းကာလ (၁) လ အတွင်း စည်းကမ်းများကို လေးစားလိုက်နာရန်၊ သင်တန်းကာလအတွင်း ဆရာ/ဆရာများအား လေးစားရန်၊ သင်တန်းသူ/သားများအချင်းချင်း မိသားစုဝင်များကဲ့သို့ ပေါင်းသင်းဆက်ဆံကြရန်နှင့် သင်တန်းအားလုံး ပြီးဆုံးသည်အထိ တက်ရောက်‌ပေးကြရန်၊ သင်တန်းကာလ ပြီးဆုံးသွားပါက လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ရန် ကြိုးစားရှာဖွေပေးသွားမည်ဖြစ်ကြောင်း၊ ယခင်အပတ်စဉ် များမှ သင်တန်းသား/ သူ ( ၁၆ ) ဦးတို့အတွက် အလုပ်အကိုင်များရရှိအောင် ချိတ်ဆက်ရှာဖွေ ပေးလျက်ရှိကြောင်း၊ မိမိတို့ အကျိုးအတွက်သာမက အများအကျိုးကိုပါ သယ်ပိုးနိုင်သောသူများဖြစ်အောင် ကြိုးစားစေချင်ကြောင်း တို့အား ပြောကြားခဲ့ပါသည်။

ထို့နောက် ဆရာသန်းမြင့်အောင်မှလည်း သင်တန်းတက်ရောက်လာသော ဆရာမများအား ကြိုဆိုပါကြောင်း၊ သင်တန်းကာလအတွင်း ဆရာမများ၏ သင်ကြားမှုများအား ကြိုးစားသင်ယူရန်၊ သင်တန်း ပြီးဆုံးပါကလည်း အလုပ်အကိုင်များရရှိရန်အတွက်လည်း ချိတ်ဆက်ပေးသွားမည် ဖြစ်ကြောင်း၊ စက်ရုံ/အလုပ်များတွင် ခေါ်ယူလျက်ရှိသော အလုပ်များနှင့် လိုအပ်ချက်၊ ပြင်ဆင်ရမည့် အပိုင်းများအား ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ အကူအညီလိုအပ်ပါကလည်း အချိန်မရွေးဆက်သွယ် မေးမြန်းနိုင်ကြောင်းတို့အား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်း တာဝန်ခံ မ‌သိင်္ဂီ မှ အခမဲ့ အခြေခံမော်တာစက်ချုပ်သင်တန်းသို့ ရောက်ရှိလာ ကြသော သင်တန်းသူ / သား များအား ဝမ်းသာကြိုဆိုကြောင်း ၊ New Myanmar Foundation ၏ ကူညီဆောင်ရွက်နေမှုများနှင့် ရယူနိုင်သောအခွင့်အလမ်းများကို Program အလိုက်ရှင်းပြပေးခဲ့ပြီး မိမိတို့လိုအပ်သည့်အချိန်တွင် ဆက်သွယ်အကူအညီတောင်းနိုင်ပါကြောင်း၊ အချင်းချင်း ဗဟုသုတ မျှဝေနိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ အခြားသောအထောက်အပံ့များ ရယူနိုင်ခွင့်များ အတွက် Signal Group များ ဖွဲ့ပေးထားခြင်းဖြစ်ကြောင်း၊ လိုအပ်မှုများနှင့် အကြံပြုလိုသည်များရှိပါက ဆက်သွယ်နိုင်ပါကြောင်း၊ သင်တန်းသား/ သူ အချင်းချင်း သင်တန်းကာလတွင် မောင်နှမစိတ်ဓာတ်ဖြင့် ရိုင်းပင်းကူညီ စောင့်ရှောက်စေလိုကြောင်း၊ သင်တန်းအား ပြီးဆုံးသည်အထိ တက်ရောက်ပြီး သင်တန်း မှ ချမှတ်ထားသော စည်းကမ်းများအား လိုက်နာပေးပါရန်၊ အသက်မွေးဝမ်းကြောင်း ပညာတခုအဖြစ် ရပ်တည်နိုင်ရန်အတွက် လုံံ့လစိုက်ကာ ကြိုးစားသင်ယူရန်၊ သင်တန်းတွင် တစုံတရာ မကျေလည်မှုများနှင့် တိုင်တန်းမှုများရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ တို့အားပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းဆရာမ (၂) ဦးမှ အသီးသီး မိတ်ဆက်ခဲ့ကြပြီး ယခုကဲ့သို့ သင်တန်း ဖွင့်လှစ် ပေးပါသော New Myanmar Foundation အား ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းနည်းပြ ဆရာမ များအဖြစ် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီခွင့်ရခြင်းနှင့် ဆုံတွေ့ခွင့်ရသည့်အတွက် ဝမ်းသာကြောင်း၊ သင်တန်းတစ်ခုဖြစ်မြောက်ရန်အတွက် များစွာအခက်အခဲ ရှိသောကြောင့် သင်တန်းသူများ အနေဖြင့် အာရုံစိုက်ပြီး လေ့လာသင်ယူစေလိုကြောင်း နှင့် သင်တန်းတက်ရောက် နေစဉ်အတွင်း စည်းကမ်း လိုက်နာရန်၊ အချင်းချင်းကူညီရိုင်းပင်းကြရန်၊ သင်တန်းပြီးဆုံးပါက မိမိတို့အဝတ်အထည်များအား မိမိတို့ကိုယ်တိုင် ချုပ်လုပ်နိုင်သွားသည်အထိ ကြိုးစားသင်ယူရန် ပြောကြားပေးခဲ့ပါသည်။

ထို့နောက် သင်တန်းသူများမှ တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြား၍ အခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

New Myanmar Foundation အနေဖြင့် ယခုဖွင့်လှစ်သည့် (၁) လကြာ နေ/ စား စရိတ်ငြိမ်း “အခမဲ့ အခြေခံ မော်တာစက်ချုပ်သင်တန်း” အပတ်စဉ် (၃) တွင် စက်ချုပ်ပညာရပ်သာမက ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းလုပ်သားများအတွက် အလုပ်သမားကာကွယ်စောင့်ရှောက်ရေး ဥပဒေသင်တန်း ကိုလည်း ဝေမျှပေးသွားမည်ဖြစ်ပါသည်။

#newMyanmarFoundation

#sewingmachine#Batch-3

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!