New Myanmar Foundation မှ စီစဉ်သည့် အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်း အပတ်စဉ် (၂) တက်ရောက်နိုင်ရန် သင်တန်းသား/ သူခေါ်ယူခြင်း။

မဲဆောက်မြို့သို့ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား ညီအစ်ကိုမောင်နှမများရှင်…

New Myanmar Foundation အနေဖြင့် မဲဆောက်ရောက် မြန်မာနိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်း ရရှိရန်အတွက် ရည်ရွယ်၍ လစဉ် နေ/စားငြိမ်း တစ်လကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” များကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၅) ရက်နေ့တွင် အပတ်စဉ် (၁) သင်တန်းအား ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသား/ သူ (၂၀) ဦိးအား ဆရာမ (၂) ဦးဖြင့် သင်ကြားပေးနေပြီဖြစ်ပါသည်။ အပတ်စဉ် (၂) သင်တန်းအား ၂၀၂၄ ခုနှစ်၊ မေလ (၂၅) ရက်နေ့တွင် ထပ်မံဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလမှာ မေလ (၂၅) ရက်နေ့ မှ ဇွန်လ (၂၃) ရက်နေ့အထိ တစ်လသင်တန်း ဖြစ်ပါသည်။

သင်တန်းအပတ်စဉ်တစ်ကြိမ်လျှင် သင်တန်းသား/ သူ (၂၀) ဦး အား ဆရာမ (၂)ဦးမှ တာဝန်ယူသင်ကြားပေး သွားမည်ဖြစ်ပါသည်။ လျှောက်ထားသူသင်တန်းသား/သူများအနေဖြင့် မိမိလျှောက်ထားသည့် အပတ်စဉ် တစ်ခုတွင် တက်ရောက်ခွင့်မရရှိခဲ့ပါက နောက်အပတ်စဉ်များတွင် ထပ်မံလျှောက်ထားနိုင်ပါသည်။‌ သင်တန်း တက်ရောက်လိုသည့် သင်တန်းသား/ သူများအနေဖြင့် လျှောက်လွှာခေါ်ယူသည့် Google Form တွင်ပါရှိသော စည်းကမ်းချက်များကို လိုက်နာနိုင်ပါက အောက်ဖော်ပြပါ သင်တန်းလျှောက်ထားရန် လင့်ခ်တွင် အချက်လက် များ ဖြည့်သွင်း၍ ‌လျှောက်ထားနိုင်ပါသည်။ ယခု အခြေခံမော်တာစက်ချုပ် သင်တန်းတက်ရောက်ခွင့် လျှောက်ထားနိုင်သော Google Form အား ၂၀၂၄ ခုနှစ်၊ မေလ (၁၅) ရက်နေ့ နောက်ဆုံးထား လျှောက်ထား ပေးပါရန် လေးစားစွာ အသိပေး အပ်ပါသည်။

မှတ်ချက် – (၁)အမျိုးသမီးများအား ဦးစားပေးရွေးချယ်မည် ဖြစ်ပါသည်။

(၂) သင်တန်းတက်ရောက်ခွင့်ရရှိသူများကိုသာ Email မှတဆင့် ပြန်လည်အကြောင်းကြားပေးသွား မည်ဖြစ်ပါသောကြောင့် သင်တန်းလျှောက်ထားသူများအနေဖြင့် မိမိတို့၏ Email လိပ်စာများကို မှန်ကန်စွာ ထည့်သွင်းပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။

အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း လျှောက်ထားရန်Link _

https://forms.gle/6PhbwMn1RbYzezdD7

လေးစားစွာဖြင့်

တာဝန်ခံ

သိင်္ဂီ

အသေးစိတ်သိရှိလိုသူများအနေဖြင့် တာဝန်ခံ၏အောက်ပါ နံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Phone : +66 626 874 266

Signal : +66 626 874 266

Email : newmyanmaroffice@gmail.com

#sewingmachine#NMF

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!