အခမဲ့အခြေခံမော်တာစက်ချုပ် တစ်လသင်တန်းအပတ်စဉ် (၁) သင်တန်းဖွင့်ပွဲ

New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁) လကြာ နေ/စား စရိတ်ငြိမ်း “အခမဲ့ အခြေခံ မော်တာစက်ချုပ်သင်တန်း” အပတ်စဉ်-(၁) ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဦးစွာပထမ New Myanmar Foundation ၏ Executive Director ဒေါက်တာစန်းအောင်မှ အခြေခံ မော်တာစက်ချုပ်သင်တန်းများကို ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ (၁၀)ရက်ကြာ သင်တန်းများစတင် ဖွင့်လှစ်ခဲ့ပြီး အခက်အခဲများစွာရှိခဲ့ကြောင်း၊ ယခုသင်တန်းအား Australian Aid  မှ ထောက်ပံ့ပေး ထားခြင်းဖြစ်ပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ  အမျိုးသမီးများ၏ စွမ်းဆောင် ရည်မြင့်မားရန် နှင့် အထည်ချုပ်စက်ရုံများတွင် အလုပ်အကိုင် အလွယ်တကူ ရရှိရန် ရည်ရွယ်ဖွင့်လှစ် ခြင်းဖြစ်ကြောင်း၊ သင်တန်းကာလ (၁) လ အတွင်း စည်းကမ်းများကို လေးစားလိုက်နာရန်၊ သင်တန်းကာလအတွင်း  မိသားစုဝင်များကဲ့သို့ ပေါင်းသင်းဆက်ဆံကြရန်နှင့် သင်တန်းအားလုံး  ပြီးဆုံးသည်အထိ တက်ရောက်‌ပေးကြရန် တိုက်တွန်းပြောကြားသွားပါသည်။

ဆက်လက်၍ သင်တန်း တာဝန်ခံ မ‌သိင်္ဂီ မှ အခမဲ့ အခြေခံမော်တာစက်ချုပ်သင်တန်းသို့ ရောက်ရှိလာ ကြသော သင်တန်းသူ / သား များအား ဝမ်းသာကြိုဆိုကြောင်း ၊ New Myanmar Foundation ၏ ကူညီဆောင်ရွက်နေမှုများနှင့် ရယူနိုင်သောအခွင့်အလမ်းများကို Program အလိုက်ရှင်းပြပေးခဲ့ပြီး မိမိလိုအပ်သည့်အချိန်တွင် ဆက်သွယ်အကူအညီတောင်းနိုင်ပါကြောင်း၊ အချင်းချင်း ဗဟုသုတမျှဝေ နိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ အခြားသောအထောက်အပံ့များ ရယူနိုင်ခွင့်များအတွက် Signal Groupများ ဖွဲ့ပေးထားခြင်းဖြစ်ကြောင်း၊ လိုအပ်မှုများနှင့် အကြံပြုလိုသည်များရှိပါက ဆက်သွယ်နိုင်ပါကြောင်း၊ သင်တန်းသား/သူ အချင်းချင်း သင်တန်းကာလတွင် မောင်နှမစိတ်ဓာတ် ဖြင့် ရိုင်းပင်းစောင့်ရှောက်စေလိုကြောင်း၊ သင်တန်းအား ပြီးဆုံးသည်အထိ တက်ရောက်ပြီး သင်တန်း မှ ချမှတ်ထားသော စည်းကမ်းများအား လိုက်နာပေးပါရန် ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းဆရာမ (၂)ဦးမှ အသီးသီး မိတ်ဆက်ခဲ့ကြပြီး ယခုကဲ့သို့ သင်တန်းနည်းပြ ဆရာမ များအဖြစ် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီခွင့်ရခြင်းနှင့် ဆုံတွေ့ခွင့်ရသည့်အတွက် ဝမ်းသာကြောင်း၊ သင်တန်းတစ်ခုဖြစ်မြောက်ရန်အတွက် များစွာအခက်အခဲ ရှိသောကြောင့် သင်တန်းသား/သူ များ အနေဖြင့် အာရုံစိုက်ပြီး လေ့လာသင်ယူစေလိုကြောင်း နှင့် သင်တန်း တက်ရောက်နေစဉ်အတွင်း စည်းကမ်းလိုက်နာရန်၊ အချင်းချင်းကူညီရိုင်းပင်းကြရန်တိုက်တွန်းပြောကြားပေးခဲ့ပါသည်။

ထို့နောက် သင်တန်းသားများမှ တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြား၍ အခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

New Myanmar Foundation အနေဖြင့် ယခုဖွင့်လှစ်သည့် (၁) လကြာ နေ/စား စရိတ်ငြိမ်း “အခမဲ့ အခြေခံ မော်တာစက်ချုပ်သင်တန်း” အပတ်စဉ်-(၁) တွင် စက်ချုပ်ပညာရပ်သာမက ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းလုပ်သားများအတွက် အလုပ်သမားကာကွယ်စောင့်ရှောက်ရေး ဥပဒေသင်တန်း ကိုလည်း ဝေမျှပေးသွားမည် ဖြစ်ပါသည်။

#NewMyanmarFoundation#sewingmachine

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!