နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၅၄) သင်တန်းဖွင့်ပွဲအခမ်းအနား

New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ် သင်တန်း” အပတ်စဉ် (၅၄)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၅ ခုနှစ်၊ မတ်လ (၄) ရက်နေ့၊ နံနက် (၈:၃၀) နာရီတွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ် သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယခု သင်တန်းအပတ်စဉ်တွင် အမျိုးသား (၄) ဦး နှင့် အမျိုးသမီး (၅) ဦး၊ စုစုပေါင်း သင်တန်းသားသင်တန်းသူ (၉) ဦးတို့ တက်ရောက်သင်ယူ ကြမည်ဖြစ်ပါသည်။ ဦးစွာပထမ သင်တန်းဆရာမဒေါ်သီတာ မှ သင်တန်းဖွင့်မိတ်ဆက် စကားပြောရာတွင် အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းသို့ ရောက်ရှိလာကြသော သင်တန်းသူ/သားများအား ဝမ်းသာကြိုဆိုကြောင်း ၊ New Myanmar Foundation ၏ ကူညီဆောင်ရွက်နေမှုများ၊ မိမိတို့လိုအပ်သည့်အချိန်တွင် ဆက်သွယ်အကူအညီလိုအပ်မှုများနှင့် အကြံပြုလိုသည်များရှိပါက ဆက်သွယ်နိုင်ပါကြောင်း၊ သင်တန်းသား/သူ အချင်းချင်းသင်တန်းကာလတွင် မောင်နှမစိတ်ဓာတ်ဖြင့် ရိုင်းပင်းစောင့်ရှောက်စေလိုကြောင်း၊ သင်တန်းအား ပြီးဆုံးသည်အထိ တက်ရောက်ပြီး သင်တန်းမှ ချမှတ်ထားသော စည်းကမ်းများအား လိုက်နာပေးပါရန်၊ အသက်မွေးဝမ်း ကြောင်း ပညာတခုအဖြစ် ရပ်တည်နိုင်ရန်အတွက် လုံံ့လစိုက်ကာ ကြိုးစားသင်ယူရန်တို့ ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသား/သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ချိတ်ဆက်ရှာဖွေပေးမည့် တာဝန်ခံ ကိုညီညီဦးမှလည်း သင်တန်းတက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများကို ကြိုဆိုပါကြောင်း၊ သင်တန်း ကာလအတွင်း ဆရာမ၏ သင်ကြားမှုများအား ကြိုးစားသင်ယူရန်၊ မိသားစုဝင်များကဲ့သို့အချင်းချင်း စည်းစည်းလုံးလုံး ဖြင့် ကြိုးစားလေ့လာစေချင်ကြောင်း၊ သင်တန်းပြီးဆုံးပါကလည်း အလုပ်အကိုင်များ ရရှိရန်အတွက်လည်း ချိတ်ဆက် ပေးသွားမည်ဖြစ်ကြောင်း၊ အကူအညီလိုအပ်ပါကလည်း အချိန်မရွေးဆက်သွယ် မေးမြန်းနိုင်ကြောင်းတို့ကို ပြောကြား ခဲ့ပါသည်။

ထို့နောက် သင်တန်းတာဝန်ခံမှ သင်တန်းသား၊ သင်တန်းသူအချင်းချင်း ဗဟုသုတမျှဝေနိုင်ရန် နှင့် အလုပ် အကိုင်အခွင့်အလမ်းများ၊ အခြားသော အထောက်အပံ့များ ရယူနိုင်စေရန်အတွက် Signal Group များ ဖွဲ့ပေးထားခြင်း ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်စဉ်သင်တန်း၏လိုအပ်ချက်များကိုအကြံပြုပေးနိုင်ကြောင်း၊ သင်တန်းသား/သူများ သင်တန်း ပြီးဆုံးသည့်အထိ တက်ရောက်ရန် ထပ်မံတိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသားများမှ တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြား၍ စက်ချုပ်သင်တန်းအပတ်စဉ် ၅၄ အား အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!