မဲဆောက်မြို့သို့ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား ညီအစ်ကိုမောင်နှမများရှင်…………
New Myanmar Foundation အနေဖြင့် မဲဆောက်ရောက် မြန်မာနိုင်ငံသားများ၏ အလုပ်အကိုင်အခွင့် အလမ်းရရှိရန်အတွက် ရည်ရွယ်လျက်လစဉ် နေ/စားငြိမ်း “အခမဲ့ အခြေခံ မော်တာစက်ချုပ်သင်တန်း” များကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့တွင် ပထမအကြိမ် သင်တန်းအား ဖွင့်လှစ်သွားမည်ပြီး သင်တန်းကာလမှ ဧပြီလ (၂၃)ရက်နေ့ မှ မေလ (၂၃)ရက်နေ့ အထိ တစ်လသင်တန်း ဖြစ်ပါသည်။
သင်တန်းအပတ်စဉ်တစ်ကြိမ်လျှင် သင်တန်းသား (၂၀) ဦး အား ဆရာမ (၂)ဦးမှ တာဝန်ယူသင်ကြားပေး သွားမည်ဖြစ်ပါသည်။ လျှောက်ထားသူသင်တန်းသား/သူများအနေဖြင့် မိမိလျှောက်ထားသည့် အပတ်စဉ် တစ်ခုတွင် တက်ရောက်ခွင့်မရရှိခဲ့ပါက နောက်အပတ်စဉ်များတွင် ထပ်မံလျှောက်ထား နိုင်ပါသည်။ သင်တန်း တက်ရောက်လိုသည့် သင်တန်းသား/သူများအနေဖြင့် အောက်ဖော်ပြပါ စည်းကမ်းချက်များကို လိုက်နာနိုင်ပါက ယခု Google Form တွင် အချက်လက်များဖြည့်သွင်း၍ လျှောက်ထားနိုင်ပါသည်။
စည်းကမ်းချက်များ
၁။ သင်တန်းကာလ (၃၀) ရက်အတွင်း သင်တန်းကျောင်းတွင် ကျောင်းအိပ်ကျောင်းစား နေထိုင်ခွင့် ရရှိမည်ဖြစ်ပြီး သင်တန်းမှသတ်မှတ်ထားသည့် စည်းကမ်းများကိုလိုက်နာရမည်။
၂။ အကြိုအပို့ နှင့် စားစရိတ်အတွက် သင်တန်းမှ တာဝန်ယူပေးမည်ဖြစ်ပါသည်။
၃။ သင်တန်းချိန်မှာ တနင်္လာ မှ စနေနေ့ အထိ နေ့စဉ် နံနက် (၉း၀၀) နာရီ မှ ညနေ (၅း၀၀) နာရီထိ ဖြစ်ပါသည်။
၄။ သင်တန်းအချိန်ကာလအတွင်း ပြင်ပသို့ ထွက်ခွာခွင့် မပြုပါ။
၅။ သင်တန်းပြင်ပသို့ ထွက်ခွာလိုသည့်ကိစ္စ ၊ အကြောင်းအရာရှိပါက သင်တန်းမှူးထံ ခွင့်ပြုချက် တောင်းခံ ရမည်ဖြစ်ပါသည်။
၆။ သင်တန်းပြီးဆုံးအောင်ထိသင်ယူရမည်။
၇။ လျှောက်ထားသူသည် ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။ (ကူးစက်ရောဂါရှိသူ မဖြစ်ရပါ)
၈။ သင်တန်းသားများတစ်ဦးနှင့်တစ်ဦး လူမျိုး/ကိုးကွယ်ရာဘာသာ/ အသားအရောင်/ ဆင်းရဲချမ်းသာ/ အဆင့် အတန်း မည်သည့်ခွဲခြားဆက်ဆံခြင်းမျိုးမရှိစေဘဲ ယဉ်ကျေးပျူငှာစွာဆက်ဆံရမည်။ ခိုက်ရန်ဖြစ်ပွားခြင်း လုံးဝမပြုလုပ်ရပါ။ ကလေးသူငယ်၊ အမျိုးသမီး နှင့် လိင်စိတ်ကွဲပြားသူများအပေါ် ကိုယ်၊နှုတ်၊ အမူအရာ ဖြင့် ထိပါးနှောက်ယှက်စော်ကားခြင်းလုံးဝ (လုံးဝ) မပြုလုပ်ရပါ ။ အထက်ပါ အချက်များအား ကျူးလွန်ပါက သင်တန်းမှ ခြွင်းချက်မရှိထုတ်ပယ်ပါမည်။
၉။ သင်တန်းအောင်မြင်ပြီးဆုံးအောင်တက်ရောက်နိုင်ပြီး အထည်ချုပ်ပညာဖြင့် အသက်မွေးဝမ်း ကြောင်း ပြုမည့်သူများကိုသာ ဦးစားပေးရွေးချယ်သွားမည်ဖြစ်သည်။ အမျိုးသမီးများအား ဦးစားပေး ရွေးချယ်မည် ဖြစ်ပါသည်။
၁၀။ သင်တန်းတက်နေစဉ် New Myanmar Foundation မှ ပို့ချမည့် နေ့တပိုင်း လူ့အခွင့်ရေး အခြေခံ သင်တန်း/ အလုပ်သမားအခွင့်ရေး နှင့် အမျိုးသမီးအခွင့်ရေး သင်တန်းများအားလည်း တက်ရောက် ရမည်။
၁၁။ သင်တန်းတက်ရောက်မည့်သူများအတွက် လုံခြုံရေးအရ ရဲကဒ်အား သင်တန်းမှတာဝန်ယူ လုပ်ဆောင်ပေးမည်ဖြစ်ပါသည်။
***သင်တန်းတက်ရောက်ခွင့်ရရှိသူများကိုသာ Email မှတဆင့် ပြန်လည်အကြောင်းကြားပေးသွားမည် ဖြစ်ပါသောကြောင့် သင်တန်းလျှောက်ထားလာသူများအနေဖြင့် မိမိတို့၏ Email လိပ်စာများကို မှန်ကန်စွာ ထည့်သွင်းပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။
အခမဲ့ အခြေခံမော်တာစက်နင်းသင်တန်း လျှောက်ထားရန် Link
https://forms.gle/cjjMi2mXjYyCQU7r5
လေးစားစွာဖြင့်
တာဝန်ခံ
သိင်္ဂီ
အသေးစိတ်သိရှိလိုသူများအနေဖြင့် တာဝန်ခံ၏အောက်ပါ နံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Phone: +66 626 874 266
Signal: +66 626 874 266
Email: newmyanmaroffice@gmail.com