𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ စီစဉ်သည့် အခမဲ့အခြေခံမော် တာအပ်ချုပ်သင်တန်း တက်ရောက်နိုင်ရန် သင်တန်းသားခေါ်ယူခြင်း

New Myanmar Foundation အနေဖြင့် မဲဆောက်ရောက် မြန်မာနိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် ရည်ရွယ်လျက် “အခမဲ့အခြေခံမော်တာအပ်ချုပ်သင်တန်း” အမှတ်စဉ်-၃၁ ကို စက်တင်ဘာလ ၊ (၁) ရက်နေ့တွင် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

“အခမဲ့အခြေခံမော်တာအပ်ချုပ်သင်တန်း”ကို လစဉ် (၁ ရက်နေ့) မှ (၁၀ ရက်နေ့)အထိ တစ်ကြိမ်၊ (၁၅ ရက်နေ့) မှ (၂၄ ရက်နေ့) အထိ တစ်ကြိမ်၊ စုစုပေါင်းနှစ်ကြိမ် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ သင်တန်းအပတ်စဉ် တစ်ကြိမ်လျှင် ထိရောက်သည့်သင်ကြားမှုများ ဆောင် ရွက်ပေးနိုင်ရန် သင်တန်းသား (၁၀) ဦးလက်ခံသင်ကြားပေးသွားမည် ဖြစ်ပါသည်။ လျှောက်ထားသူ သင်တန်းသားများအနေဖြင့် မိမိလျှောက်ထားသည့် အပတ်စဉ်တစ်ခုတွင် တက်ရောက်ခွင့် မရရှိခဲ့ပါကလည်း နောက်အပတ်စဉ်များတွင် ဆက်လက်တက်ရောက်နိုင်ရန် စီစဉ်ထားပါသည်။ ‌သင်တန်းတက်ရောက်လိုသည့် သင်တန်းသားများအနေဖြင့် အောက်ဖော်ပြပါ စည်းကမ်းချက်များကို လိုက်နာနိုင်ပါက ယခု Google Form တွင် အချက်လက်များဖြည့်သွင်း၍ ‌လျှောက်ထားနိုင်ပါသည်။

စည်းကမ်းချက်များ——

၁။ သင်တန်းကာလ (၁၀) ရက်အတွင်း သင်တန်းကျောင်းတွင် ကျောင်းအိပ်ကျောင်းစားနေထိုင်လိုသူများသည် သင်တန်းမှသတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာရမည်။

၂။ မိမိတို့နေအိမ်မှ တက်ရောက်လိုသူများသည် သင်တန်းအချိန်အား လေးစားလိုက်နာရမည်။

၃။ အကြိုအပို့နှင့် စားစရိတ်အတွက် လျှောက်ထားသူကိုယ်တိုင်သာ တာဝန်ယူရမည် ဖြစ်ပါသည်။

၄။ သင်တန်းချိန်မှာ နံနက် (၉း၀၀)နာရီ မှ ညနေ (၅း၀၀)နာရီ ထိဖြစ်ပါသည်။

၅။ သင်တန်းအချိန်ကာလအတွင်း ပြင်ပသို့ ထွက်ခွာခွင့် မပြုပါ။

၆။ သင်တန်းပြင်ပသို့ ထွက်ခွာလိုသည့်ကိစ္စ၊ အကြောင်းအရာရှိပါက သင်တန်းမှူးထံ ခွင့်ပြုချက်တောင်းခံရမည်။

၇။ သင်တန်းသားအားလုံး သင်တန်းပြီးဆုံးအောင်ထိ သင်ယူရမည်။

၈။ သင်တန်းတက်နေစဉ် New Myanmar Foundation မှ ပို့ချမည့် နေ့တပိုင်း လူ့အခွင့်ရေးအခြေခံသင်တန်း/ အလုပ်သမားအခွင့်ရေးနှင့် အမျိုးသမီးအခွင့်ရေး သင်တန်းများအားလည်း တက်ရောက်ရမည်။

၉။ လျှောက်ထားသူသည် ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။ (ကူးစက်ရောဂါရှိသူ မဖြစ်ရပါ)

၁၀။ သင်တန်းသားများ တစ်ဦးနှင့်တစ်ဦး လူမျိုး/ကိုးကွယ်ရာဘာသာ/ အသားအရောင်/ ဆင်းရဲချမ်းသာ/ အဆင့်အတန်းမည်သည့်ခွဲခြားဆက်ဆံခြင်းမျိုး မရှိစေဘဲ ယဉ်ကျေးပျူငှာစွာ ဆက်ဆံရမည်။ ခိုက်ရန်ဖြစ်ပွားခြင်း လုံးဝမပြုလုပ်ရပါ။

၁၁။ သင်တန်းကာလအတွင်း ကလေးသူငယ်၊ အမျိုးသမီးနှင့် လိင်စိတ်ကွဲပြားသူများအပေါ် ကိုယ်၊ နှုတ်၊ အမူအရာဖြင့် ထိပါးနှောက်ယှက်စော်ကားခြင်းလုံးဝ (လုံးဝ) မပြုလုပ်ရပါ။ ကျူးလွန်ပါက သင်တန်းမှခြွင်းချက်မရှိ ထုတ်ပယ်ပါမည်။

၁၂။ သင်တန်းအောင်မြင်ပြီးဆုံးအောင် တက်ရောက်နိုင်ပြီး အထည်ချုပ်ပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုမည့်သူများကိုသာ ဦးစား‌ပေးရွေးချယ်သွားမည် ဖြစ်သည်။ အမျိုးသမီးဦးစားပေးမည်။

၁၃။ သင်တန်းတက်ရောက်မည့်သူများသည် ရဲကဒ်ရှိရမည်ဖြစ်သည်။

အခမဲ့အခြေခံမော်တာစက်နင်းသင်တန်း လျှောက်ထားရန် Link

https://forms.gle/bdZrcFgSYuKCPXfN6

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုသည်များရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဆက်သွယ်ရန် : 0652841489, 0947708838

လေးစားစွာဖြင့်

Khin Hla Htay

သင်တန်းကြီးကြပ်ရေးမှူး

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!