Safe House Officer ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူခြင်း

Blossom Future သည် ၂၀၂၁ ခုနှစ်မှ ယနေ့အထိ ထွက်ပြေးတိမ်းရှောင်လာသော အကာအကွယ်မဲ့ ချို့တဲ့ဒုက္ခရောက်သော အမျိုးသမီးများအား နေရာထိုင်ခင်း ၊ အကာအကွယ်ပေးသည့် (Safe House) အစီအစဥ်အား ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအစီအစဉ် အတွက်ဝန်ထမ်း Safe House Officer လျှောက်လွှာများ ခေါ်ယူနေပါသည်။ အမျိုးသမီး ဝန်ထမ်းသာခေါ်ယူမည်ဖြစ်ပါသည်။

ရာထူး Safe House Officer

လျှောက်လွှာလက်ခံမည့်ကာလ ၁၃.၀၅.၂၀၂၆ မှ ၁၉.၀၅.၂၀၂၆ အထိ

စီမံကိန်း ကာလ ၀၁.၀၆.၂၀၂၆ မှ ၃၀.၀၄.၂၀၂၇ အထိ

နေရာ မဲဆောက်

အစမ်းခန့်ကာလ ၃လ

အစမ်းခန့်လစာ ၁၄,၀၀၀ ဘတ်

ပုံမှန်လစာ ၁၆,၀၀၀ ဘတ်

အစီရင်ခံရမည့်သူ Program Manager

ခန့်အပ်မည့်ပုံစံ အချိန်ပြည့် (လူကိုယ်တိုင်)

ခန့်အပ်မည့်ဦးရေ ၁ ဦး

လုပ်ဆောင်ရမည့်တာဝန်များ

—————————

Blossom Future ၏ Safe House များတွင်

● နေထိုင်ရန် လျှောက်ထားလာသူများ၏ မေးမြန်းလာသည်များအား ပြန်လည်ဖြေဆို ဆောင်ရွက် ပေးရမည်။

● နေထိုင်သူများအား စာရင်းရေးသွင်းခြင်း၊ စည်းကမ်းချက်များ နှင့် အခွင့်အရေးဆိုင်ရာ အကြောင်းများ ရှင်းလင်းပြောကြားခြင်း (Registration and Orientation) ပြုလုပ်ပေးရမည်။

● နေထိုင်သူများ၏ လိုအပ်ချက်များအား ကောက်ယူခြင်း နှင့် ဖြည့်ဆည်းပေးခြင်း (Need Assessment နှင့် Care Plan) တို့အား ဆောင်ရွက်ပေးရမည်။

● နေထိုင်သူများနှင့် ပတ်သက်သော စာရင်းများအား Program Manager ထံသို့ အချိန်မီ တင်ပြရပါမည်။

● နေထိုင်သူများနှင့် လစဉ်အစည်းအဝေးများကို ပြင်ဆင်/ ကျင်းပ၍ အစည်းအဝေးမှတ်တမ်းများ ရေးသားရမည်။

● နေထိုင်သူများ၏ လူမှုရေး၊ ကျန်းမာရေး ကိစ္စရပ်များကို Program Manager နှင့်ညှိနှိုင်း၍ လိုအပ်သလို ကူညီဆောင်ရွက်ပေးရမည်။

● နေထိုင်သူများအတွက် အကျိုးရှိစေနိုင်မည့်သင်တန်းများ၊ ဟောပြောပွဲများကိုလည်း ကျင်းပ ပြုလုပ်ရာတွင် ပါဝင်ကူညီပေးရမည်။

● နေထိုင်သူများနှင့် လူကိုယ်တိုင် ပုံမှန်သွားရောက်ကြည့်ရှု၍ လိုအပ်သည်များအား ပွင့်သစ်ဝေ၏ အခြားသော Program များနှင့် ချိတ်ဆက်၍ ကူညီဖြေရှင်းပေးခြင်း။

● လစဉ်လုပ်ငန်းတိုးတက်မှု အစီရင်ခံစာအား ရေးသားပြုစု၍ Program Manager ထံ တင်ပြ ရမည်။

အတွေ့အကြုံလိုအပ်ချက်

————————

● Management ပိုင်းဆိုင်ရာ၊ ရုံးပိုင်းဆိုင်ရာ အတွေ့အကြုံရှိရမည်။

● အခြေခံကွန်ပျူတာ ကျွမ်းကျင်မှုရှိရမည်။

● လစဉ် အစီရင်ခံစာများ ရေးသားနိုင်သူဖြစ်ရမည်။

● လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာလုပ်ငန်းများတွင် စိတ်အားထက်သန်သူဖြစ်ရမည်။

● စည်းစနစ်ကျ၍ လူအများနှင့် ပြောဆိုဆက်ဆံရာတွင် ပြေပြစ်စွာ ပြောဆိုတတ်သူဖြစ်ရမည်။

● အခြားအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူဖြစ်ရမည်။

● အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည်။

● အကြမ်းဖက်မှု (Violence) ၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment) ၊ ကလေး သူငယ်များအား အမြတ်ထုတ်မှု/စော်ကားမှု (Child Abuse) တို့အား ကျူးလွန်ဖူးသူမဖြစ်ရပါ။

● လုပ်ငန်းကိစ္စရပ်များ နှင့် နေထိုင်သူများ၏ ပုဂ္ဂလိက ဆိုင်ရာကိစ္စရပ်များအား (Privacy and Confidentiality) ပြင်ပသို့ မပေါက်ကြားစေရန် တာဝန်ယူရမည်။

● လူ့အခွင့်အရေး ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ ကျား/မ တန်းတူ အခွင့်အရေးကိစ္စရပ်များ၊ အမျိုးသမီး နှင့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးကိစ္စရပ်များတွင် သိရှိ နားလည်ပြီး လေးစားလိုက်နာသူဖြစ်ရမည်။

● ကား၊ဆိုင်ကယ် မောင်းနှင်နိုင်သူ ဖြစ်ရပါမည်။

● English ဘာသာစကား ကျွမ်းကျင်သူ ဦးစားပေးပါမည်။

လျှောက်လွှာတင်ရမည့်ပုံစံ

————————-

● မြန်မာဘာသာဖြင့် ရေးသားထားသည့် Cover letter နှင့် CV Form အား contact@blossomfuture.org Email သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

● Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။

● CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့ အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။

အသေးစိတ်မေးမြန်းလိုပါက :

𝗔𝗱𝗺𝗶𝗻 𝗗𝗲𝗽𝘁

𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿/Signal Number– +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲

𝗘𝗺𝗮𝗶𝗹 – contact@blossomfuture.org

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!