𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 အစီအစဉ်

New Myanmar Foundation သည် ၂၀၂၂ ခုနှစ် မတ်လမှ စတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်း သူများအတွက် (Safe House) အစီအစဉ်ကို ဆောင်ရွက်လျက်ရှိပါသည်။

NMF၏ Safe Houseများတွင် အမျိုးသမီးသီးသန့်၊ အမျိုးသားသီးသန့်နှင့် မိသားစု Safe Houseများဟု ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေ လုံခြုံစွာ နေနိုင်မည် ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၅) ဦးစီ အတူနေထိုင်ရမည် ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ မိသားစု (၅) ဦးဖြစ်ပါက အခန်းရရှိမည်ဖြစ်ပြီး မိသားစု (၅) ဦး မရှိပါက အခန်း လွတ်လျှင် ၎င်းအခန်းများတွင် ခေတ္တနေနိုင်ပြီး မိသားစု (၅) ဦး လာပါက ၎င်းတို့ကို ဦးစားပေးရမည် ဖြစ်ပါသည်။

Safe House တွင်နေထိုင်စဉ် ကာလအတွင်း မီးဖိုချောင်သုံးပစ္စည်းများ၊ စောင်, ခြင်ထောင်, ခေါင်းအုံးများ၊ အိမ်တွင်း ပရိဘောဂများပံ့ပိုးပေးထား ပါသည်။ Wifi internet များလည်း တပ်ဆင် ပေးထားပြီး သွားလာရေး အတွက် စက်ဘီး များ၊ ဆိုင်ကယ်နှင့်ကားကိုလိုအပ်သလို အသုံးပြုခွင့်ပေးထားပါသည်။ ထို့အပြင် Safe house တွင်နေထိုင်သော မိသားစုများ အတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုကို တာဝန်ယူ ဆောင်ရွက်ပေးပါသည်။ အသိပညာတိုးပွား စေရန်ရည်ရွယ်သော စာကြည့်တိုက် တစ်ခုကို အောက်တိုဘာလ အတွင်း စတင်တည်ထောင်ထား ပြီးဖြစ်ပါသည်။ စားနပ်ရိက္ခာအတွက် စတင်ရောက်ရှိချိန်တွင် အရေးပေါ် ရိက္ခာလျှောက်နိုင်ပြီး NMFမှ ပုံမှန်အခြေခံ စားနပ်ရိက္ခာ အစီအစဉ်ကိုလည်း လျှောက်ထားနိုင်ပါသည်။ Safe House ကူညီပေးနိုင်သော ကာလမှာ ၃လဖြစ်ပါသည်။

Safe House ၌နေစဉ် ကာလအတွင်း NMFမှ အောက်ဖော်ပြပါ ဝန်ဆောင်မှုများအားလည်း စီစဉ်ဆောင်ရွက်ပေး လျက်ရှိပါသည်။

• အင်္ဂလိပ်စာသင်တန်း၊ ထိုင်းစာသင်တန်း၊ Digital Security သင်တန်း နှင့် လူ့အခ္ငင့်အရေးသင်တန်း၊ စိတ်ခွန်အားမြှင့်တင်ရေးသင်တန်းများ ကို အခမဲ့တက်ရောက်နိင်ပါသည်။

• အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း Safe House တွင်နေထိုင်သူများ၏ သဘောဆန္ဒပေါ်မူတည်ပြီး ကူညီရှာဖွေပေးလျှက် ရှိပါသည်။

• အရေးပေါ်ဆေးကုသမှု / ပုံမှန်ဆေးကုသမှုလုပ်ငန်းများကိုလည်း တာဝန်ယူဆောင်ရွက်ပေးလျက်ရှိ သည်။

• ကျောင်းနေအရွယ်ကလေးများအား ကျောင်းအပ်နှံပေးခြင်း/ ကူညီ၍သင့်တော်သောကျောင်းများရှာပေး ခြင်း (သို့) NMF မှဖွင့်လှစ်ထားသော online education school တွင် တက်ရောက်ပညာသင်ကြား နိုင်ရန်အတွက် စီစဉ်ပေးခြင်းများကိုလည်း ကူညီလုပ်ဆောင်ပေးလျှက် ရှိပါသည်။

Safe House တွင်နေထိုင်သူ တစ်ဉီးချင်း၏ လိုအပ်ချက်များကို အသေးစိတ်စုံစမ်းမေးမြန်းပြီး အတက်နိုင်ဆုံး ဖြည့်ဆည်းပေးမည်ဖြစ်ပါသဖြင့် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအနေဖြင့်သိရှိ နိုင်ပါရန်လည်း သတင်းကောင်းပါး အပ်ပါသည်။ NMF၏ Safe Houseတွင် နေထိုင်ခွင့်အတွက်လျှောက်ထားသူမှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဖြစ်ရမည်ဖြစ်ပြီး၊ အကျင့်စာရိတ္တကောင်းမွန်ပြီး လူအများနှင့် သင့်တင့်မျှတာစွာ နေနိုင်သူ ဖြစ်ရ ပါမည်။

အထက်ပါ အချက်နှင့် ကိုက်ညီပြီး ထောက်ခံပေးမည့် ပုဂ္ဂိုလ် (၂) ဦးရှိပါက NMF၏ Safe House လျှောက်ထားခြင်း ဆိုင်ရာဖုန်း၏ Signal နံပါတ်(၀၉၄၇၈၄၁၉၆၇) သို့ တနင်္လာမှ သောကြာနေ့များတွင် မနက် (၉) နာရီမှ ညနေ (၅) နာရီခွဲအတွင်း ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။

#NewMyanmarFoundation

#safehouse

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!