𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 အစီအစဉ်

New Myanmar Foundation သည် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများ အပါအဝင် မဲဆောက်သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများအတွက် ခိုလှုံရန်နေရာထိုင်ခင်း များကို ကူညီရှာဖွေ ဆောင်ရွက်လျက်ရှိပါသည်။

NMF၏ အိမ်ယာများတွင် အမျိုးသမီးသီးသန့်၊ အမျိုးသားသီးသန့်နှင့် မိသားစုအတွက်ဟု ခွဲခြားထား သောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေလုံခြုံစွာ နေနိုင်မည်ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၄) ဦးစီ အတူနေထိုင် ရမည် ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ သီးသန့်အခန်းများရရှိနိုင်ရန်အတွက် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါမည်။

Safe House ကူညီပေးနိုင်သော နေထိုင်ခွင့်ကာလမှာ ( ၃ ) လ ဖြစ်ပါသည်။ Safe House တွင်နေထိုင်စဉ် ကာလအတွင်း မီးဖိုချောင်သုံးပစ္စည်းများ၊ အိမ်အသုံးအဆောင် ပစ္စည်းများ၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ဖျာများ၊ အိမ်တွင်း ပရိဘောဂများပံ့ပိုးပေးထားပါသည်။ Wifi internet များလည်း တပ်ဆင်ပေးထားပြီး သွားလာရေးအတွက် စက်ဘီးများ၊ ဆိုင်ကယ်နှင့်ကားများကို လိုအပ်သလို အသုံးပြုခွင့် ပေးထားပါသည်။ ထို့အပြင် Safe house တွင်နေထိုင်သော မိသားစုများအတွက် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုကို တာဝန်ယူဆောင်ရွက်ပေးပါသည်။ အသိပညာတိုးပွားစေရန် ရည်ရွယ်၍ စာကြည့်တိုက်တစ်ခုကို လွန်ခဲ့သော ၂၀၂၂ ခုနှစ် အောက်တိုဘာလ ကတည်းက စတင်တည်ထောင်ထားပြီး ဖြစ်ပါသည်။ စားနပ်ရိက္ခာအတွက် NMF မှ ပုံမှန်အခြေခံ စားနပ်ရိက္ခာ အစီအစဉ်ကိုလည်း လျှောက်ထားနိုင်ပါသည်။

Safe House ၌ နေထိုင်စဉ်ကာလအတွင်း NMFမှ အောက်ဖော်ပြပါ ဝန်ဆောင်မှုများကိုလည်း စီစဉ်ဆောင်ရွက် ပေးလျက်ရှိပါသည်။

  • ထိုင်းစာသင်တန်း၊ Digital Security သင်တန်း နှင့် လူ့အခွင့်အရေးသင်တန်း၊ စိတ်ခွန်အားမြှင့်တင်ရေး သင်တန်း၊ ကျန်းမာရေးအသိပညာပေးသင်တန်း၊ ထိုင်းအလုပ်သမားဥပဒေများ နှင့် ထိုင်းယဉ်ကျေးမှု သင်တန်းများကိုလည်း အခမဲ့တက်ရောက် နိင်ပါသည်။
  • အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ချိတ်ဆက်ကူညီရှာဖွေ ပေးလျှက်ရှိပါသည်။
  • အရေးပေါ်ဆေးကုသမှု / ပုံမှန်ဆေးကုသမှု လုပ်ငန်းများကိုလည်း တာဝန်ယူဆောင်ရွက်ပေးလျက် ရှိသည်။
  • ကျောင်းနေအရွယ် ကလေးများအား ကျောင်းအပ်နှံပေးခြင်း/သင့်တော်သော ကျောင်းများရှာပေးခြင်း များကိုလည်း ကူညီလုပ်ဆောင်ပေးလျှက် ရှိပါသည်။

Safe House တွင်နေထိုင်သူ တစ်ဦးချင်း၏လိုအပ်ချက်များကို အသေးစိတ်စုံစမ်းမေးမြန်းပြီး အတတ် နိုင်ဆုံး ဖြည့်ဆည်းပေးမည်ဖြစ်ပါသည်။ NMF၏ Safe Houseတွင် နေထိုင်ခွင့်အတွက် လျှောက်ထားသူ များသည် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအား ဦးစားပေးမည် ဖြစ်ပြီး ပြည်တွင်းမှစစ်မှုထမ်းရှောင်လာကြသူများ၊ စစ်ရှောင်ပုဂ္ဂိုလ်များအပါအဝင် မြန်မာပြည်သူ/ပြည်သားများ အတွက်လည်း ထည့်သွင်းစဉ်းစားပေးမည်ဖြစ်ပါ သည်။

လျှောက်ထားသူများသည် အကျင့်စာရိတ္တကောင်းမွန်ပြီး လူအများနှင့် သင့်တင့်မျှတာစွာ နေနိုင်သူ ဖြစ်ရပါမည်။ အထက်ပါအချက်နှင့် ကိုက်ညီပြီး ထောက်ခံပေးမည့် ပုဂ္ဂိုလ် (၂) ဦးရှိပါက NMF ၏ Safe House လျှောက်ထားခြင်းဆိုင်ရာဖုန်း၏ Signal နံပါတ် (+၆၆၉၄၇၈၄၁၉၆၇) သို့ တနင်္လာမှ သောကြာနေ့ များတွင် မနက် (၉) နာရီမှ ညနေ (၅) နာရီခွဲအတွင်း ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။

#NewMyanmarFoundation

#safehouse

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!