𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ 𝗦𝗮𝗳𝗲 𝗛𝗼𝘂𝘀𝗲 အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 သည် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများ အပါအဝင် မဲဆောက်သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများအတွက် ခိုလှုံရန်နေရာထိုင်ခင်း များကို ကူညီရှာဖွေ ဆောင်ရွက်လျက်ရှိပါသည်။
𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻၏ အိမ်ယာများတွင်

အမျိုးသမီးသီးသန့်အဆောင်

 အမျိုးသားသီးသန့်အဆောင် နှင့်

 မိသားစုအဆောင်များ
ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေ လုံခြုံစွာ နေနိုင်မည်ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၄) ဦးစီ အတူနေထိုင် ရမည်ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ သီးသန့်အခန်းများရရှိနိုင်ရန်အတွက် အတတ်နိုင်ဆုံး ဆောင်ရွက် ပေးပါမည်။
Safe House ကူညီပေးနိုင်သော နေထိုင်ခွင့်ကာလမှာ ( ၃ ) လ ဖြစ်ပြီး ထို (၃)လစာအတွက် အိမ်လစာ၊ ရေ နှင့် မီတာခ နှင့် Internet Wifi ကုန်ကျစရိတ်များအား New Myanmar Foundation မှ ပေးဆောင်ပေးမည် ဖြစ်ပါသည်။
Safe House တွင်နေထိုင်စဉ် ကာလအတွင်း

 စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ဖျာများ၊

 မီးဖိုချောင်သုံးပစ္စည်းများ၊

 လစဉ်အိမ်အသုံးအဆောင် ပစ္စည်းများ၊

 အိမ်တွင်း ပရိဘောဂများဖြစ်သော ရေခဲသေတ္တာ ၊ပန်ကာ၊ စားပွဲ ၊ ကုလားထိုင်အစရှိသည်များ ပံပိုးကူညီပေးထားသည့်အပြင်
သွားလာရေးအတွက်

 စက်ဘီး

 ဆိုင်ကယ်

 ကားများကို လိုအပ်သလို အသုံးပြုခွင့်နှင့် လိုက်လံပို့ဆောင်ပေးလျက်ရှိပါသည်။
ထို့အပြင် Safe house တွင်နေထိုင်သော မိသားစုများအတွက်

 အခြေခံ စားနပ်ရိက္ခာနှင့် အရေးပေါ်စားနပ်ရိက္ခာအား လစဉ်ထောက်ပံ့ကူညီခြင်း၊

 အရေးပေါ်ဆေးကုသမှု / ပုံမှန်ဆေးကုသမှုများလုပ်ဆောင်ပေးခြင်း၊

 အသိပညာအတွက် စာကြည့်တိုက်ဖွင့်လှစ်ပေးထားခြင်း

 ကလေးငယ်များအတွက် ကစားကွင်းပြုလုပ်ပေးထားသည့်အပြင် သင်တန်းများ ဖြစ်သော

 ထိုင်းစာသင်တန်း၊

 Digital Security သင်တန်း၊

 လူ့အခွင့်အရေးသင်တန်း၊

 စိတ်ခွန်အားမြှင့်တင်ရေး သင်တန်း၊

 ကျန်းမာရေးအသိပညာပေးသင်တန်း၊

 ထိုင်းအလုပ်သမားဥပဒေများ နှင့် ထိုင်းယဉ်ကျေးမှု သင်တန်း

 အခြေခံမော်တာစက်ချုပ်သင်တန်းနှင့်

 စိုက်ပျိုးရေးသင်တန်းများကိုလည်း လစဉ်အခမဲ့သင်ကြားပေးနေပါသည်။
အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ချိတ်ဆက်ကူညီရှာဖွေ ပေးလျှက်ရှိပါသည်။
ကျောင်းနေအရွယ် ကလေးများအား ကျောင်းအပ်နှံပေးခြင်း/သင့်တော်သော ကျောင်းများရှာပေးခြင်း များကိုလည်း ကူညီလုပ်ဆောင်ပေးလျှက် ရှိပါသည်။
Safe House တွင်နေထိုင်သူ တစ်ဦးချင်း၏လိုအပ်ချက်များကို အသေးစိတ်စုံစမ်းမေးမြန်းပြီး အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမည်ဖြစ်ပါသည်။ NMF၏ Safe Houseတွင် နေထိုင်ခွင့်အတွက် လျှောက်ထားသူ များအနက် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအား ဦးစားပေးမည် ဖြစ်ပြီး ပြည်တွင်းမှ စစ်မှုထမ်း ရှောင်လာကြသူများ၊ စစ်ရှောင်ပုဂ္ဂိုလ်များအပါအဝင် မြန်မာပြည်သူ/ပြည်သားများ အတွက်လည်း ထည့်သွင်း စဉ်းစားပေးမည်ဖြစ်ပါသည်။
လျှောက်ထားသူများသည် အကျင့်စာရိတ္တကောင်းမွန်ပြီး လူအများနှင့် သင့်တင့်မျှတ
စွာ နေနိုင်သူ ဖြစ်ရပါမည်။ အထက်ပါအချက်နှင့် ကိုက်ညီပြီး ထောက်ခံပေးမည့် ပုဂ္ဂိုလ် (၂) ဦးရှိပါက NMF ၏ Safe House လျှောက်ထားခြင်းဆိုင်ရာဖုန်း၏ Signal နံပါတ် (+၆၆၉၄၇၈၄၁၉၆၇) သို့ တနင်္လာမှ သောကြာနေ့ များတွင် မနက် (၉) နာရီမှ ညနေ (၅) နာရီခွဲအတွင်း ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။

#𝗡𝗲𝘄𝗠𝘆𝗮𝗻𝗺𝗮𝗿𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻
𝗦𝗮𝗳𝗲 𝗛𝗼𝘂𝘀𝗲 𝗣𝗿𝗼𝗴𝗿𝗮𝗺
𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗠𝗮𝗻𝗮𝗴𝗲𝗿
+𝟲𝟲𝟵𝟰𝟳𝟴𝟰𝟭𝟵𝟲𝟳

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!