နယူးမြန်မာဖောင်ဒေးရှင်း၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်စွမ်းအားမြှင့်တင်ရေးအစီအစဉ်အတွက် စိတ်ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်တစ်ဦး (𝐏𝐬𝐲𝐜𝐡𝐨𝐬𝐨𝐜𝐢𝐚𝐥 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐨𝐫) ခေါ်ယူခြင်း

နယူးမြန်မာဖောင်ဒေးရှင်း၏ လာမည့် မတ်လ ၂၀၂၅ ခုနှစ်တွင် စတင်ဆောင်ရွက်ရမည့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် စိတ်စွမ်းအားမြှင့်တင်ရေး အစီအစဉ်အတွက် တာဝန်ထမ်းဆောင်ရန် စိတ်ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်တစ်ဦးအား လိုအပ်လျက်ရှိပါသည်။ ယခု ဤပုဂ္ဂိုလ်သည် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဝန်ဆောင်မှုများနှင့် အသိပညာပေးသင်တန်းများ ပေးရန် ရည်ရွယ်ထားသည်ဖြစ်ပါ၍ စိတ်အားထက်သန်ပြီး အောက်ပါအရည်အချင်းများနှင့် ကိုက်ညီမှုရှိသော မည်သူမဆို လျှောက်ထားနိုင်ပါသည်။

ရာထူး ။ ။ စိတ်ကျန်းမာရေးစောင့်ရှောက်မှုပညာရှင် (𝐏𝐬𝐲𝐜𝐡𝐨𝐬𝐨𝐜𝐢𝐚𝐥 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐨𝐫)

နေရာ ။ ။ နယူးမြန်မာဖောင်ဒေးရှင်းအဖွဲ့အစည်း

လုပ်ဆောင်ရမည့်တာဝန်များ

• စိတ်ကျန်းမာရေး စောင့်ရှောက်ခြင်း ။ ။ ပုဂ္ဂိုလ်တစ်ဦးချင်းအား ၎င်းတို့၏ စိတ်ခံစားမှု / စိတ်ကျန်းမာရေး အခြေအနေနှင့်ပတ်သက်၍ စစ်ဆေးအကဲဖြတ်မှု ဆောင်ရွက်ရန်၊ တစ်ဦးချင်းစီအား လိုအပ်သလို အကြံပေးမှု / ပဏာမနှစ်သိမ့်မှုများ ဆောင်ရွက်ရန်၊ စိတ်ကျန်းမာရေး အခြေအနေများအပေါ် အမြဲမပြတ်စောင့်ကြည့်ပြီး ကိုက်ညီမှုရှိသော စိတ်ကျန်းမာရေးစောင့်ရှောက်မှု (Counselling) ပေးရန် နှင့် လိုအပ်ပါက တတ်ကျွမ်းသော စိတ်ပညာရှင်၊ စိတ်ရောဂါအထူးကုသမားတော်ကြီးများထံသို့ လွှဲပြောင်းကုသမှုခံယူစေရန်။

• အသိပညာပေးသင်တန်းများပေးခြင်း ။ ။ စိတ်ကျန်းမာရေး၊ စိတ်ဓါတ်စွမ်းအင်မြှင့်တင်ရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပဏာမစတင်စောင့်ကြည့်ရေးဆိုင်ရာ သင်တန်းများအား ဦးဆောင်ကျင်းပရန်။ (𝗥𝗲𝘀𝗶𝗹𝗹𝗲𝗻𝗰𝗲, 𝗠𝗛𝗣𝗦𝗦 𝗮𝗻𝗱 𝗣𝘀𝘆𝗰𝗵𝗼𝘀𝗼𝗰𝗶𝗮𝗹 𝗙𝗶𝗿𝘀𝘁 𝗔𝗶𝗱)

• လူထုအတွင်း စည်းရုံးလှုံဆော်ခြင်း ။ ။ စိတ်ကျန်းမာရေးနှင့် စိတ်ဓါတ်စွမ်းအားမြှင့်တင်ခြင်းလုပ်ငန်းစဉ်များကို လူထုအတွင်း အသိပညာရင့်သန်စေရန် စည်းရုံးလှုံဆော်ခြင်း။

• အစီရင်ခံတင်ပြခြင်း ။ ။ အဖွဲ့အစည်း အလုပ်အမှုဆောင်ထံသို့ လုပ်ငန်းစဉ်ဆိုင်ရာ ဆောင်ရွက်ချက်များအား အချိန်နှင့်အညီ အစီရင်ခံစာ ရေးသားတင်ပြခြင်း။

• ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း ။ ။ လုပ်ငန်းစဉ်တိုးတက်မှုရှိစေရန်နှင့် အောင်မြင်မှုရရှိစေရန် အခြားကျွမ်းကျင်သော ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း။

အရည်အချင်းလိုအပ်ချက်

• စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအကြံပေးမှုဆိုင်ရာ ဆက်စပ်သော ဘွဲ့ရရှိထားသူ (𝗣𝘀𝘆𝗰𝗵𝗼𝗹𝗼𝗴𝘆) (သို့မဟုတ်) စိတ်ကျန်းမာရေးစောင့်ရှောက်မှုပညာရှင် (𝗣𝘀𝘆𝗰𝗵𝗼𝘀𝗼𝗰𝗶𝗮𝗹 𝗖𝗼𝘂𝗻𝘀𝗲𝗹𝗹𝗼𝗿) လက်မှတ်ရရှိထားသူ

• စိတ်ကျန်းမာရေး အကြံပေးဆွေးနွေးခြင်း အတွေ့အကြုံများစွာရှိသူ

• လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး မတူကွဲပြားသော လူမျိုးပေါင်းစုံနှင့် ပြောဆိုဆက်ဆံ ပေါင်းသင်းနိုင်သူ

• အသင်းအဖွဲ့နှင့် လုပ်ကိုင်နိုင်ပြီး လူတစ်ယောက်၏ အချက်အလက်များကို ပေါက်ကြားမှုမရှိစေရန် ထိန်းသိမ်းနိုင်သူ။

လျှောက်ထားရာတွင် လိုအပ်ချက်များ

• ကိုယ်ရေးမှတ်တမ်းအကျဉ်း (လုပ်ငန်းအတွေ့အကြုံအသေးစိတ်ကိုပူးတွဲဖော်ပြပေးပါရန်။)

• သင်တန်းဆင်းလက်မှတ်များ၊ ဘွဲ့လတ်မှတ်များနှင့် ထောက်ခံစာများ၊

• ထောက်ခံပုဂ္ဂိုလ်အနည်းဆုံး (၂)ဦး၏ ထောက်ခံချက်

• စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာအကြံပေးဆွေးနွေးမှုမြှင့်တင်မှုနှင့်ပက်သက်၍ အတွေ့အကြုံဆိုင်ရာဖော်ပြချက်

လျှောက်ထားရန်

လျှောက်ထားရန်အတွက် အထက်ဖော်ပြပါ လျှောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ ပြင်ဆင်ပြီး ဖေဖော်ဝါရီလ၊ (၂၁)ရက်၊ ၂၀၂၅ခုနှစ် နောက်ဆုံးထား၍ 𝗻𝗲𝘄𝗺𝘆𝗮𝗻𝗺𝗮𝗿𝗼𝗳𝗳𝗶𝗰𝗲@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺 သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။ ပဏာမအဆင့် ရွေးချယ်ခြင်းခံရသူများကိုသာ လူတွေ့အင်တာဗျူးရန် ပြန်လည်ဆက်သွယ်သွားမည်ဖြစ်ပါသည်။ မြန်မာဘာသာဖြင့် ပြင်ဆင် ထားသောလျှောက်လွှာများကိုလည်းလက်ခံပေးသွားမည်ဖြစ်ပါသည်။

နယူးမြန်မာဖောင်ဒေးရှင်းသည် တန်းတူညီမျှမှု အခွင့်အရေးကို အလေးထားသည့်အားလျော်စွာ လူမျိုး၊ဘာသာ၊ကျား/မ အလွှာပေါင်းစုံမှ လျှောက်လွှာရှင်များအား လျှောက်ထားနိုင်ကြရန် ကြိုဆိုလျက်ရှိပါသည်။

အသေးစိတ်စုံစမ်းရန်အတွက်

Admin Dept;

Phone Number: +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲

Signal Number: +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲

Email – 𝐧𝐞𝐰𝐦𝐲𝐚𝐧𝐦𝐚𝐫𝐨𝐟𝐟𝐢𝐜𝐞@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦

𝐇𝐑 & 𝐀𝐝𝐦𝐢𝐧 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭

𝐍𝐄𝐖 𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐅𝐎𝐔𝐍𝐃𝐀𝐓𝐈𝐎𝐍

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!