အွန်လိုင်းထိုင်းဘာသာစကားပြော အခမဲ့သင်တန်း အပတ်စဥ် (၁၉) အတွက် သင်တန်းသား ခေါ်ယူခြင်း

ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသည့် မြန်မာပြည်သူပြည်သားများ အလုပ်အကိုင်ရှာဖွေ ရာတွင် အထောက်အကူဖြစ်စေရန်၊ လက်ရှိလုပ်ငန်းခွင် ဝင်ရောက်နေသူများအနေနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် ပိုမိုထိရောက်လွယ်ကူစေရန်နှင့် မြန်မာပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက်အခဲများကို ကူညီ ဖြေရှင်းပေးနိုင်ရန်အတွက် 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ အခြေခံ ထိုင်းဘာသာ စကားပြော (အွန်လိုင်း) သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက် နေ့မှစတင်၍ အခြေခံထိုင်းဘာသာစကားသင်တန်း သင်တန်းအပတ်စဉ် (၁၉) ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။ သင်တန်းကာလအနေဖြင့် (၃) လ ကြာမြင့်မည်ဖြစ်ပြီး ထိုင်းဘာသာစကားကို စိတ်ပါဝင်စား သင်ယူလိုသော ထိုင်းနိုင်ငံရောက် မြန်မာပြည်သူများ လျှောက်ထားနိုင်ပါသည်။ ထိုင်းဘာသာစကားသင်တန်းများကို အောက်ပါအချိန်ဇယားများအတိုင်း အွန်လိုင်း (𝗭𝗼𝗼𝗺 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻) မှတဆင့်သင်ကြားပေးသွားမည်ဖြစ်ပါ၍ မိမိတို့ကြိုက်နှစ်သက်ရာ သင်တန်းချိန်တစ်ခုကို ရွေးချယ် တက်ရောက် နိုင်ပါသည်။ တက်ရောက်နိုင်သော

အတန်းများ –

Section 𝗔: တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ( ည ၇ နာရီ မှ ၉ နာရီ)

Section𝗕: အင်္ဂါ၊ ကြာသပတေး၊ တနင်္ဂနွေ ( ည ၇ နာရီ မှ ၉ နာရီ)

ထိုင်းဘာသာစကားသင်တန်း တက်ရောက်ခွင့် လျှောက်ထားနိုင်သော Google Form ကို ဇန်နဝါရီလ (၂၃) ရက် ၂၀၂၆ ရက်မှ – ဇန်နဝါရီလ (၂၇) ရက် ၂၀၂၆ ရက်နေ့အထိ ဖွင့်လှစ်ထားပေးမည်ဖြစ်ပါသည်။

လျှောက်ထားသူများအနက် သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်မည့် သင်တန်းသား (၆၀) ဦးအား ရွေးချယ်စိစစ်၍ တန်းခွဲတစ်ခုလျှင် (၃၀) ဦးနှုန်းဖြင့် တန်းခွဲ (၂) ခု ခွဲကာ စုစုပေါင်း သင်တန်းသား/ သင်တန်းသူ (၆၀) ဦးကို လက်ခံသင်ကြား ပေးသွားမည်။ သင်တန်းတက်ရောက်ခွင့်ရရှိသူများကိုသာ Telegram (သို့) E mail မှတဆင့် ပြန်လည်အကြောင်းကြား ပေးသွားမည် ဖြစ်သည့်အတွက် သင်တန်းလျှောက်ထားသူများ အနေဖြင့် မိမိတို့၏ Telegram (သို့) E mail လိပ်စာ/ ဖုန်းနံပါတ်များကို မှန်ကန်စွာထည့်သွင်းပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။

မှတ်ချက် – သင်တန်းတက်ရောက်ရန် ရွေးချယ်ခြင်းမခံရသူများအား ပြန်လည်အကြောင်းကြား ပေးမည် မဟုတ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ ယခု အပတ်စဉ်တွင် ရွေးချယ်ခြင်း မခံရသူများအား နောက်အပတ်စဉ်များတွင် ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ပါသည်။

New Myanmar Foundation ၏ ထိုင်းဘာသာစကား အွန်လိုင်းသင်တန်း အပတ်စဉ် (၁၉) အပေါ် စိတ်ပါဝင်စားစွာ စာရင်းပေးသွင်းကြသူများထဲမှ သင်တန်းကာလ (၃ လ) အစမှ အဆုံးထိ တက်ရောက်ပါမည်ဟု ကတိပြုသူများ၊ ကင်မရာဖွင့်၍ စာသင်ခန်းတွင်း တက်ကြွစွာပ ါ၀င်ဆွေးနွေးနိုင်သူများ၊ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီသော သင်တန်းသား များကိုသာ ဦးစားပေးရွေးချယ်ပါမည်။ သင်တန်းသည် လုံး၀အခမဲ့ ဖြစ်သည့်အပြင် သင်တန်းပုံမှန်တ က်ရောက်သူများအား Data Fees၊ Certificate နှင့် ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။

အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်း

လျှောက်ထားရန် လင့်ခ် –

https://forms.gle/LHYTp1bR2K87fcASA

လေးစားစွာဖြင့်

ဘာသာစကားသင်တန်းတာဝန်ခံ

Phone: +669-4557-5817

Email: language.po@newmyanmarfoundation.org

Telegram Phone number: +66 945575817

User Name: @NMFthai

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!