ယနေ့ (၂၃.၈.၂၀၂၃) တွင် New Myanmar Foundation၊ Historical Carriers Group နှင့် WLRC တို့မှ ပူးပေါင်း၍ “သွေးစွန်းငွေဖြတ်တောက်ရေးကမ်ပိန်း” အား New Myanmar Foundation ၏ Safe house ဧရိယာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ Campaign တွင် ပြုလုပ်ရသည့်ရည်ရွယ်ချက်နှင့် သတင်းစကားမျှဝေခြင်း၊ လက်မှတ်ရေးထိုးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း အစရှိသည့်အစီအစဥ်များကို ထည့်သွင်းပြုလုပ်ခဲ့ကြပါသည်။
(၂၀၂၁) ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှစ၍ အကြမ်းဖက်စစ်ကောင်စီသည် မြန်မာနိုင်ငံသူ/ သားများအား နည်းမျိုးစုံဖြင့် ဖိနှိပ်မှုများ ကိုပြုလုပ်ကာ လူ့အခွင့်အရေးချိုးဖောက်မှုများအား အစွမ်းကုန် ကျူးလွန်နေခဲ့ကြပါသည်။ မြန်မာစစ်တပ်ဆိုသော အဆိပ်ပင်အား ရေ လောင်းပေးနေသော ငွေကြေးများတွင် မြန်မာပြည်သူ/ သား တိုင်းရင်းသားများ၏ တန်ဖိုးရှိသော သွေးများစွန်းထင်းခဲ့ရပြီးဖြစ်သည်။ အကြမ်းဖက်စစ်တပ်၏ ထောက်တိုင်စီးပွားရေးလုပ်ငန်းများအား ဖြတ်တောက်ရန်နှင့် ဆန့်ကျင်ရန် ထပ်မံသတိပေးနှိုးဆော် လိုသည့် သဘောဖြင့် ယခု Campaign အား ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။







