International Day of Democracy နေ့အခမ်းအနား ကျင်းပပြုလုပ်ခြင်း။

နေ့စွဲ – ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်။

၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့တွင် ကျရောက်သော “အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားပွဲအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဦးစွာပထမ New Myanmar Foundation ၏ Executive Director ဒေါက်တာစန်းအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထူးဖိတ်ကြားထားသော နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ယက် (ဦးဆောင်ကော်မတီအဖွဲ့ဝင်)မှ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးထွန်းကြည် ၊ ၁၉၇၄ , ၁၉၇၅, ၁၉၇၆ ကျောင်းသားခေါင်းဆောင်းဟောင်းတစ်ဦးဖြစ်သူ ဦးအောင်သန်းမြင့် နှင့် မေမေ့ရင်ခွင်အဖွဲ့မှ Founder ဖြစ်သူ ဦးသန်းမြင့်အောင်တို့မှ အသီးသီးအမှာစကားများပြောကြားခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ဖြစ်ပေါ်လာပုံ ၊ ဒီမိုကရေစီ၏ အနှစ်သာရများ ၊ လက်ရှိမြန်မာနိုင်ငံအတွင်းအခြေအနေများနှင့် လူ့အခွင့်အရေး ဆုံးရှုံးနေရမှုများအား ပြောကြားခဲ့ကြပြီး အနာဂတ်တွင် တိုင်းရင်းသားတို့၏ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်း ခွင့်များရရှိပြီး အာဏာရှင်များအား အမြစ်ပြတ်ဖြုတ်ချကာ လွတ်လပ်၍တရားမျှတသော  ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး အမြန်ဆုံးရရှိပြီး ဆက်လက်တိုက်ပွဲဝင်သွားကြရန် နှိုးဆော်တိုက်တွန်းခဲ့ကြပါသည်။

ထို့‌နောက် တက်ရောက်လာကြသော ဆရာ/ ဆရာမများမှလည်း “အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့” နှင့် ပတ်သက်သည်များအား ဝင်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲများအပြီးတွင် တက်ရောက်လာသော ဆရာ/ဆရာမများအား New Myanmar Foundation မှလက်ဆောင်များပေးခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!