မြန်မာပြည်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသော ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအား ထောက်ပံ့ကြေးကူညီမည့် အစီအစဉ်

မြန်မာပြည်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသော ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအား ထောက်ပံ့ကြေးကူညီမည့် အစီအစဉ်အတွက်

လျှောက်ထားနိုင်ရန် ဖိတ်ခေါ်ခြင်း

နေ့စွဲ။ ။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်။

မြန်မာပြည်သူ/သားများ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဟု ဦးစွာပဏာမ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

New Myanmar Foundation သည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးအား အားသွန်ခွန်စိုက် ဆောင်ရွက်လာခဲ့သော အဖွဲ့အစည်းဖြစ်ရာ ယခု ၂၀၂၄ နိုဝင်ဘာလမှ စတင်၍ မြန်မာပြည်အတွင်း၌ ထွက်ပြေးတိမ်းရှောင်နေရသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးလှုပ်ရှားသူ (၁၈၀) ဦးအား အရေးပေါ်ထောက်ပံ့ကြေးများ ပံ့ပိုးကူညီသွားမည် ဖြစ်ပါသည်။

ယခု ထောက်ပံ့ကြေးအစီအစဉ်အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ မှ ၂၀၂၅ ခုနှစ်၊ ဧပြီလ အထိ (၆) လကြာ လစဉ်ထောက်ပံ့သွားမည်ဖြစ်ပြီး တစ်လလျှင် မြန်မာငွေကျပ် ၁၀၀,၀၀၀ (တစ်သိန်းကျပ်ဝန်းကျင်ခန့်) ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။

ထောက်ပံ့ကြေးလျှောက်လွှာများအား လျှောက်လွှာဖောင်ကြေညာသည့် (၂၈.၁၀.၂၀၂၄) မှ စတင်၍ လက်ခံသွားမည်ဖြစ်ပြီး လျှောက်ထားသူဦးရေ (၅၀၀) ဦး အထိ လက်ခံသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာပြည်တွင်းရှိ စစ်တပ်အုပ်ချုပ်မှုဒေသအတွင်း ထွက်ပြေးတိမ်းရှောင်နေကြသော ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအား ယခုထောက်ပံ့ကြေးအစီအစဉ်တွင် ပါဝင်လျှောက်ထားနိုင်ရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

ထောက်ပံ့ကြေးအစီအစဉ်နှင့် လျှောက်လွှာတင်ခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များ မေးမြန်းစုံစမ်းလိုပါက New Myanmar Foundation မှ ပြည်တွင်းအရေးပေါ်ကူညီထောက်ပံ့ခြင်းဆိုင်ရာ တာဝန်ခံအား ရုံးချိန်အတွင်း (တနင်္လာမှ သောကြာ ထိုင်းစံတော်ချိန် နံနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ) အောက်ဖော်ပြပါဆက်သွယ်ရမည့် လိပ်စာများအတိုင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

***ထောက်ပံ့ကြေးလျှောက်ထားရမည့် လင့်ခ် – https://forms.gle/dvbpqqSoYpaYxAc99

လေးစားစွာဖြင့်

တာဝန်ခံ။ ။ နော်စေး

ဖုန်းနံပါတ်။ ။ +66635322376

Telegram နံပါတ်။ ။ +66635322376

အီးမေးလ်။ ။ officernmfhrd@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!