လူ့အခွင့်အရေးအစီအစဉ်-လူ့အခွင့်အရေးသင်တန်းနည်းပြ (𝐇𝐮𝐦𝐚𝐧 𝐑𝐢𝐠𝐡𝐭𝐬 𝐓𝐫𝐚𝐢𝐧𝐞𝐫) ရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်း

ရာထူး။ လူ့အခွင့်အရေးသင်တန်းနည်းပြ (𝗛𝘂𝗺𝗮𝗻 𝗥𝗶𝗴𝗵𝘁𝘀 𝗧𝗿𝗮𝗶𝗻𝗲𝗿)

လျှောက်လွှာလက်ခံမည့်ကာလ။ ၃ ရက်၊ ဧပြီလ ၂၀၂၆ မှ ၁၀ ရက်၊ ဧပြီလ ၂၀၂၆ အထိ။

ခန့်အပ်ထားမည့်နေရာ။ မဲဆောက်

အလုပ်စတင်မည့်ရက်။ As soon as possible

အစမ်းခန့်ကာလ။ (၃) လ

အစမ်းခန့်လစာ။ ၁၃,၀၀၀ ဘတ်

ပုံမှန်လစာ။ ၁၅,၀၀၀ ဘတ်

အစီရင်ခံရမည့်သူ။ Executive Director (Blossom Future)

ခန့်အပ်မည့်ဦးရေ။ (၁) ဦး

စီမံကိန်းပြီးဆုံးမည့်ရက်။ ၂၀၂၇ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ။

ပွင့်သစ်ဝေ (𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲) အဖွဲ့အစည်းသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ ၅ နှစ်တာ လူ့အခွင့်အရေးစီမံကိန်း (𝗛𝘂𝗺𝗮𝗻 𝗥𝗶𝗴𝗵𝘁𝘀 𝗣𝗿𝗼𝗴𝗿𝗮𝗺) အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လူ့အခွင့်အရေးသင်တန်း နည်းပြ (𝗛𝘂𝗺𝗮𝗻 𝗥𝗶𝗴𝗵𝘁𝘀 𝗧𝗿𝗮𝗶𝗻𝗲𝗿) ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူနေပါသည်။

လုပ်ဆောင်ရမည့်တာဝန်များ

—————————–

● လူ့အခွင့်အရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း၊ နှစ်စဉ် ပြန်လည်သုံးသပ်ခြင်း နှင့် လိုအပ်သလို မွမ်းမံပြင်ဆင်ရေးသားခြင်း

● သင်ကြားရေးအရင်းအမြစ်များနှင့် သင်ထောက်ကူပစ္စည်းများ ရှာဖွေစုဆောင်းခြင်း

● သင်တန်းသားရွေးချယ်မှုလုပ်ငန်းစဉ်များတွင် Program Coordinator နှင့်အတူ ပါဝင်ဆောင်ရွက်ခြင်း

● သင်တန်းကိုကြီးကြပ်ခြင်း၊ သင်ခန်းစာများအချိန်သတ်မှတ်ချက်အတိုင်းပြီးမြောက်စေရန် ထိန်းကျောင်းခြင်း

● သင်တန်းအကြိုနှင့် သင်တန်းအပြီး မေးခွန်းလွှာများကို စစ်ဆေးအမှတ်ပေးခြင်း၊ သင်တန်းအောင်မြင်သူ စာရင်း ထုတ်ပေးခြင်း

● သင်တန်းကာလအတွင်း monitoring and evaluation ပြုလုပ်ရာတွင် ပါဝင်ကူညီခြင်း

● သင်တန်းကာလတွင်း ထူးခြားဖြစ်စဉ်တစ်ခုခုရှိခဲ့ပါက Program Manager, Program Coordinator တို့ထံ အကြောင်းကြားကာ incident report ရေးသားပေးပို့ခြင်း

● သင်တန်းအပြီး အစီရင်ခံစာအား Program Manager, Program Coordinator တို့ထံ ပေးပို့ခြင်း

● လစဉ် HR activity progress များ၊ လုပ်ငန်းများ လုပ်ဆောင်ရာ၌ တွေ့ကြုံရသည့် challenges များနှင့်ပတ်သတ်၍ လစဉ် Program Manager & Program Coordinator တို့ထံ တင်ပြဆွေးနွေးခြင်း

● စီမံကိန်းအောင်မြင်ရေးအတွက် လိုအပ်သော လုပ်ငန်းများအားလုံးကို ကူညီပံ့ပိုးလုပ်ဆောင်ရမည်။

အတွေ့အကြုံလိုအပ်ချက်

● လူ့အခွင့်အရေး သို့မဟုတ် ဆက်စပ်ဘာသာရပ်တစ်ခုခုတွင် ဘွဲ့ရရှိထားသူ

● လူ့အခွင့်အရေးသင်တန်းများ (Basic, Advanced, Documentation) သင်ကြားပေးခြင်းတွင် အနည်းဆုံး (၂) နှစ် အတွေ့အကြုံရှိသူ

● သင်တန်းအစီအစဉ်ရေးဆွဲခြင်း၊ training modules နှင့် materials ပြင်ဆင်ခြင်းအတွေ့အကြုံရှိသူ

● လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု နောက်ခံမတူညီသော သင်တန်းသားများနှင့် အဆင်ပြေစွာ အလုပ်လုပ်နိုင်သူ

● လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေများအပေါ် နားလည်မှုရှိသူ

● CSOs/NGOs သို့မဟုတ် လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လူ့အခွင့်အရေးသင်တန်းများ ပို့ချလုပ်ကိုင်ဖူးသော အတွေ့အကြုံရှိသူ

● သင်တန်းတစ်ခုလုံးအား ကြီးကြပ်ခြင်းနှင့်အတူ သင်တန်းများ အဆင်ပြေစွာ ပို့ချနိုင်သူ

● သင်တန်းအပြီး အစီရင်ခံစာများ ရေးသားခြင်း နှင့် သင်တန်းအောင်မြင်ရေးအတွက် လိုအပ်သည်များကို သုံးသပ်ပြင်ဆင်နိုင်သူ

လိုအပ်သောကျွမ်းကျင်မှုများ

—————————-

● လူ့အခွင့်အရေး အခြေခံသဘောတရားများ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် နှင့် လူ့အခွင့်အရေးမှတ်တမ်း တင်ခြင်း-documentation (data collection, verification, interviewing techniques) ကို သင်ကြားပေး နိုင်သော ကျွမ်းကျင်မှုရှိသူ

● သင်တန်း၏ ဒီဇိုင်း၊ သင်ခန်းစာပြင်ဆင်မှုများ၊ သင်တန်းအချိန်ဇယားများ၊ Training materials (PowerPoint, handouts, exercises) များ၊ Pre/post-test များကို သင်တန်းအမျိုးအစားအလိုက် ပြင်ဆင်နိုင်သူ

● သင်ကြားရေးနည်းလမ်း/နည်းစနစ်များ (group work, discussion, role play, case study စသည်) များကို ထိရောက်စွာ အသုံးပြုနိုင်သူ

● Communication Skills (presentation, public speaking) ကောင်းမွန်ပြီး ရှင်းလင်းစွာ သင်ကြားပြောဆို နိုင်သူ

● Interpersonal နှင့် facilitation skills ကောင်းမွန်ကာ သင်တန်းသားများနှင့် အဆင်ပြေစွာ ဆက်သွယ်ပြောဆို နိုင်ပြီး သင်တန်းသားများ၏ ပါဝင်မှုကို မြှင့်တင်နိုင်သူ

● Online/Hybrid trainings (Zoom, Microsoft Teams စသည်) ကို စီမံခန့်ခွဲနိုင်သူ

● သင်တန်းသားများ၏ လုံခြုံရေးနှင့် လျှို့ဝှက်ရေးဆိုင်ရာ အချက်အလက်များကို ထိန်းသိမ်းရန် လိုက်နာနိုင်သူ

● သင်တန်းအစီအစဉ်များကို သင်တန်းများ၏ သတ်မှတ်ချိန်များအတွင်း အချိန်မီ ပြီးစီးစေရန် စီမံနိုင်သူ

● Microsoft Office (Word, Excel, PowerPoint) နှင့် online communication tools များကို အသုံးပြုနိုင်သူ

● အကြမ်းဖက်မှု (Violence) ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment) ၊ ကလေးသူငယ်များအား အမြတ်ထုတ်မှု/စော်ကားမှု (Child Abuse) တို့အား ကျူးလွန်ဖူးသူမဖြစ်ရပါ။

လျှောက်လွှာတင်ရန်

———————

● မြန်မာဘာသာဖြင့်ရေးသားထားသော Cover letter နှင့် CV form ကို Email: contact@blossomfuture.org သို့ ပေးပို့ပါရန်။

● CV form တွင် နှစ်အလိုက် ပြည့်စုံစွာဖော်ပြထားသော ယခင်လုပ်ငန်းအတွေ့အကြုံ၊ လူ့အခွင့်အရေးလုပ်ငန်းစဉ် အတွေ့အကြုံ၊ လက်တွဲလုပ်ကိုင်ခဲ့သော အဖွဲ့အစည်းများနှင့် ယခင်လုပ်ကိုင်ခဲ့သော အဖွဲ့အစည်းတစ်ခုခုမှ ထောက်ခံပေးမည့် မိမိအထက် တာဝန်ရှိသူ ၂ ဦး၏ အမည်၊ ဆက်သွယ်ရန် email ၊ ဖုန်းနံပါတ်နှင့် Signal နံပါတ်များကို ထည့်သွင်းပေးပို့ပေးရန်။

အသေးစိတ်မေးမြန်းလိုပါက

Admin Dept –

Phone Number: +66 62 687 4266

Signal Number: +66 62 687 4266

Email: contact@blossomfuture.org

Blossom Future-BF

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!