လူ့အခွင့်အရေး အခြေခံအသိအမြင်နှင့် ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေး အွန်လိုင်းသင်တန်း အပတ်စဉ် (၁/၂၆) အတွက် သင်တန်းသားများခေါ်ယူခြင်း

နယူးမြန်မာဖောင်ဒေးရှင်းမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၂၀) ရက်နေ့မှ (၂၇) ရက်နေ့အထိ (စနေနေ့ နှင့် တနင်္ဂနွေ မပါ) လူ့အခွင့်အရေးအမြင်ဖွင့်သင်တန်း နှင့် ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေးဆိုင်ရာ အသိပညာပေးသင်တန်း အပတ်စဉ် (၁/၂၀၂၆) အား Zoom Platform ကို အသုံးပြု၍ အွန်လိုင်းမှဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ လူ့အခွင့်အရေးအခြေခံနှင့် ဒီဂျစ်တယ် ဘေးကင်းလုံခြုံရေးသင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် အောက်ပါ Google Form တွင် Register ပြုလုပ်ခြင်းဖြင့် ပါဝင်တက်ရောက်နိုင်ပါသည်။

ဤသင်တန်းအစီအစဉ်၌ လူ့အခွင့်အရေးအမြင်ဖွင့်အသိပညာပေးခြင်း နှင့် ဒီဂျစ်တယ်ဘေးကင်း လုံခြုံရေး ဟူ၍ အပိုင်း(၂)ပိုင်း ပါဝင်ပါသည်။ ဖွင့်လှစ်ပို့ချမည့် သင်တန်းအချိန်ဇယားကို သေချာစွာဖတ်ရှု၍ တက်ရောက်လိုသူများသည် ဤလျှောက်လွှာပုံစံကို ဖြည့်သွင်းကြရပါမည်။

သင်တန်းအချိန်ဇယားတွင် ဖော်ပြထားသည့်အတိုင်း ယခုသင်တန်းအပတ်စဉ်သည် သင်တန်းရက်ရှည်

[မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ – ၁၂ နာရီ၊ နေ့လည် ၁ နာရီမှ ၃ နာရီအထိ] ဖြစ်သည့်အတွက် သင်တန်းအချိန်ဇယားအတိုင်း တက်ရောက်နိုင်မည့်သူများသာ လျှောက်ထားပေးပါရန် လေးစားစွာ မေတ္တာ ရပ်ခံအပ်ပါသည်။

ဤသင်တန်းအပတ်စဉ် ၁/၂၆ လျှောက်လွှာခေါ်ယူခြင်းအတွက် လူဦးရေကန့်သတ်ထားပါသဖြင့် သတ်မှတ်စံနှုန်းများဖြင့် ရွေးချယ်စီစစ်သွားမည်ဖြစ်ပါသည်။

သင်တန်းသို့ လျှောက်ထားသူများအနက် ရွေးချယ်ခံရသူများကိုသာ သင်တန်းတက်ရောက်ရန် ပြန်လည် ဆက်သွယ်အကြောင်းကြားပါမည့်အကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေးအပ်ပါသည်။

လျှောက်လွှာဖောင်ဖြည့်သွင်းရမည့် ပုံစံနှင့် ပတ်သက်၍ မရှင်းလင်းသည်များ၊ ထပ်မံသိရှိလိုသည်များ ရှိပါက Training Organizer ထံသို့ အောက်ဖော်ပြပါ ဆက်သွယ်ရန်လိပ်စာများမှတဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

လျှောက်လွှာဖောင်လင့်ခ် –

https://forms.gle/XDAwLnr4GxzsZstT6

လေးစားစွာဖြင့်-

Training Organizer

Signal: +66660621776

Email: hrd.trainingorganizer@newmyanmarfoundation.org

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!